Episode 5

493 43 2
                                    

I Can't Live Without you

Episode (5)

Su Young's Pov>>..............

လွန်ခဲ့တဲ့ 3နှစ်က

Jun Young>> Omma သားကို ပိုက်ဆံပေး သားအပြင်သွားမို့

Su Young's omma>> သားလေး ဆိုဂျူ သောက်တာ လျှော့ပါသားရယ် ommaကို မသနားဘူးလား

Jun Young>> သားက အများကြီး မသောက်ပါဘူး ပါးပါးလေးဘဲ omma သားကို ယုံစမ်းပါဗျာ...

Jun Young ကိုပြောမရတဲ့ ကျွန်မရဲ့ ommaတစ်ယောက် စိတ်တော်တော် ညစ်နေရပြန်ပြီ... ပြောတော့သာ ပါးစပ်က ပါးပါးလေးတဲ့ ပြန်လာတိုင်း လူစိတ်မရှိအောင် မူးနေတတ်သည်

ပိုက်ဆံကိုလည်း တောင်းလိုက်တာမှ မနည်း... ommaက မပေးပြန်ရင်လဲ သူ့သဘောတိုင်း ယူလေ့ရှိတယ်လေ.. တစ်နေကုန်တစ်နေခန်း ဆိုဂျူဆိုင်မှာရှိနေတတ်သည်...

ပညာကို ပြီးဆုံးအောင်မသင်ဘဲ ပိုက်ဆံကို ဖြုန်းချင်တိုင်း ဖြုန်းနေတဲ့ ကျွန်မ ရဲ့ တစ်ဦးတည်းသော မောင်လေး Jun Youngဘဝ ကို ရင်လေးမိတာတော့ အမှန်ပါ...

Su Young>> Jun Young နင် ကျောင်းပြန်တက်ပါလား ပြီးတော့ နင်ဒီဟာတွေကို တစ်ချိန်လုံးသောက်မနေနဲ့ နင်ရောဂါရမယ်.. နင်ommaကို မနားဘူးလား နင်သေမှာရော မကြောက်ဘူးလား...

Jun Young>> မတက်ချင်ပါဘူး ကျောင်းတက်ဖို့ ထပ်ပြောရင် ommaကို သွားတိုင်းမှာနော် ပြီးတော့ ommaကို ဘာလို့ သနားရမှာလဲ ommaက ဘာဖြစ်လို့ ဘာမှ မှမဖြစ်တာ မသနားပါဘူး ommaမှာက noonaရှိသေးတာဘဲကို

Su Young>> ငါက နင့်ကို သေမှဆိုးလို သတိပေးနေတာ စေတနာကို မစော်ကားနဲ့ နင်သေရင် ommaကဘယ်လို လုပ်မလဲ နင့်ကို သိပ်ချစ်တာ နင်သိပါတယ်နော်..

Jun Young>> အာ.. noona ဘာမှလာပြောမနေနဲ့ ကျွန်တော် သေရမှာမကြောက်ဘူး.. ဟို.. ထားလိုက်တော့ဗျာ ခုကျွန်တော် သူငယ်ချင်းတွေနဲ့ သွားသောက်မလို့ ပိုက်ဆံပေး...

ကျွန်မမှာ ဘာမှမပြောနိုင်ဘဲ သူတောင်းသလောက်ကို ပေးလိုက်ရပြန်ပြီ ကျွန်မမပေးရင် ommaက ပေးရတော့မှာလေ.. Jun Young ငယ်ငယ်တည်းက appaဆုံးသွားခဲ့တော့ ဖတဆိုးလေးဆိုပြီး အလိုလိုက်ခဲ့တာ မှားခဲ့တာပေါ့ရှင်...

I Can't Live Without You (Complete)Donde viven las historias. Descúbrelo ahora