Episode 17

398 13 2
                                    

👉👉👉 I Can't Live Without You 👈👈👈

Episode 17

Kaiပါသွားတဲ့ taxiကားကိုကြည့်ရင်း နောက်က ကပ်ပါလာတဲ့ taxiလေးကို ကျနော်တားလိုက်တော့သည်...

" taxi... taxi 🚖"
" ဘယ်ကိုသွားမလို့လဲ ဧည့်သည် "
" အရှေ့က taxiနောက်မြန်မြန်လိုက်ပေးပါ.. "

ကံကောင်းတယ်ဘဲ ပြောရမလား ကျနော်စီးလာတဲ့ကားက သူတို့ကားနောက်ကနေ ကပ်ပြီးပါလာခဲ့ပါတယ် ဒီလိုနဲ့ ဝင်လာတဲ့လမ်းက ဘယ်နေရာများလဲကြည့်လိုက်တော့... ဟင်ဒါ kaiအိမ်ရှိတဲ့ ဒုံဆောင်းရပ်ကွက်ပဲ miyoonဘာတွေ ကြံစည်နေလဲဆိုတာ ကျနော်မစဉ်းစားတတ်အောင်ပါဘဲ
သူတို့စီးနင်းလာတဲ့ taxiကားလေးက အခု kaiတို့ အိမ်ရှေ့နားမှာရပ်လိုက်တော့ ကျနော်လဲ အဝေးကနေ တိတ်တဆိတ် လာရင်း miyoonကို အကဲခတ်နေမိသည်....

" Kyung Soo shi... အဲ့လို ပုန်းမနေပါနဲ့ ထွက်ခဲ့ပါ... "

ရုတ်တရက် ကြားလိုက်ရတဲ့ miyoonအသံကြောင့် ကျနော် ကြက်သေ သေသွားသလိုပါဘဲ ကျနော်ရောက်နေတာ သူဘယ်လိုလုပ်သိနေတာလဲ နောက်စိများပါနေတာများလား...????

" Kyung Soo shi... ရှင်ရောက်နေတာ ကျွန်မသိပါတယ် ထွက်ခဲ့ပါ ကျွန်မကို ကူပေးပါဦး "
" miyoon... ငါပါလာတာကို မင်းသိနေတယ် ဟုတ်လား... "
" onn သေချာပေါက် ဖြစ်သင့်တာဘဲလေ kaiက ရှင့်အတွက် ဘယ်လိုလူစားမျိုးလဲဆိုတာ ကျွန်မသိနေတာဘဲ... "

သူပြောသလိုပါဘဲ ကျွန်တော်က ချစ်နေမိတဲ့သူလေ ကျွန်တော်ရဲ့ စိတ်ကိုက ငယ်ငယ်တည်းက ထူးထူးခြားခြား kaiအပေါ် ညီတစ်ယောက် သူငယ်ချင်းတစ်ယောက် ဘော်ဒါတစ်ယောက်ပိုတဲ့ ခံစားချက်တွေရှိခဲ့ပေမယ့် kaiကတော့ ခုထက်ထိ ကျွန်တော်ကို အစ်ကိုတစ်ယောက် သူငယ်ချင်းချင်းတစ်ယောက် ဘော်ဒါ တစ်ယောက်ထက် မပိုခဲ့ပါဘူး....

" ဒါကို မင်းသိရဲ့သားနဲ့ kaiကို ဘာအသုံးချမလို့လဲ... "

" အစတည်းက ကျွန်မ သူ့ကိုဘာမှလုပ်ဖို့ စိတ်ကူးလုံးဝမရှိပါဘူး ရှင်တကယ် သူ့အပေါ်အလေးအနက်ထားမထား သိချင်လို့ပါ... အမှန်အတိုင်းကျွန်မဝန်ခံရရင် ကျွန်မသူ့ကို သိပ်ချစ်တယ် ကျွန်မချစ်တဲ့သူ စိတ်ဆင်းရဲမှာ ကျွန်မ မလိုလားဘူး သူဘာတွေ ခံစားနေရတာလဲ မခံစားရဘဲနဲ့ သူကျွန်မတိုက်တာကို သောက်မှမဟုတ်ဘူး...သူဘာတွေဖြစ်နေတာလဲ "

I Can't Live Without You (Complete)Where stories live. Discover now