Episode 20

27 1 0
                                    

                                         Episode (20)

At 5:30 AM

           Yeol တစ်ယောက် Phone Sms မှ ဝင်ရောက်လာသော စာတစ်စောင်ကိုကြည့်ရင်း su young မသိအောင် အိမ်မှ စောစောထွက်လာခဲ့လိုက်သည်....
         Smsအတွင်း ချိန်းထားသော The Star Clubအရောက်မှာတော့

'' မဂ်လာပါ တွေ့ရတာဝမ်းသာပါတယ် Park Chanyeol shi ကျွန်မနာမည်က Mi Yoonပါ '' 😏

          Mi Yoon ရင်ထဲက မဲ့ပြုံးတစ်ခုကိုတော့ Yeol မမြင်နိုင်ခဲ့ပေ...

×××××××××××××××××××××××××××××××××××××××

        အခန်းအတွင်းကျရောက်လာသည့် နွေးထွေး စူးရှလှသော နေရောင်ခြည်စူးစူးလေးကြောင့် su youngမျက်စိအစုံကို အသာပွတ်သတ်ရင်း အိပ်ရာဘေးဘက်သို့ လက်ဖြင့်လှမ်းစမ်းလိုက်သည်။ Yeolတစ်ယောက် မည်သည့်အချိန်တည်းကထွက်သွားမှန်းမသိသည့်အတွက် အိပ်ရာကလေးပင်လျှင် အေးစက်၍နေလေပြီ....

'' Yeol ... Yeol '' ဟု ရေရွတ်ခေါ်ဆိုရင်း အိပ်ခန်းထဲမှထွက်လာသော်လည်း su youngအသံမှအပ မည့်သည့်အသံမျှပင်မကြားရသဖြင့် စိတ်ပူ၍သွားတော့သည်။
      ဖုန်းရှိရာဆီသို့ အလျင်မြန်သွားရင်း ဖုန်းContantလေးထဲမှ Yeol၏ဖုန်းနံပါတ်လေးအား နှိပ်၍ခေါ်လိုက်သည်။

'' Hello ''
'' Hello Yeol ခုဘယ်မှာလဲဟင် အလုပ်သွားနေတာလား ''
'' omm ''
'' မနက်စာတောင်စားမသွားဘူး su youngလာပို့ပေးမယ်လေ ''
'' မလိုဘူး မပို့ပေးနဲ့ '' ဟုဆိုရင်း yeol ဖုန်းချသွားလေသည်။

      မည်သည့်ကိုမျှ နားမလည်နိုင်သော su youngကတော့ အကြောင်းအရင်းရှာမရဖြစ်နေလေပြီ။ အချိန်အမြဲ အားရင်အားသလို သတိတရ ဆက်သွယ်နေတတ်တဲ့ Yeolက တစ်နေကုန်ဆိုသလို ဆက်သွယ်မလာသည့်အပြင် ဖုန်းကိုပါစက်ပိတ်ထားသည်။ မည်သည်ကို စိတ်ဆိုးနေသည်မသိပေမယ့် ဇနီးသည်တစ်ဦးအနေဖြင့် ခင်ပွန်းသည် ကြိုက်တတ်သည်များချက်ကာ ပြန်ချော့ရန်စီစဥ်နေလေသည်။
        ထမင်းဟင်းချက်အပြီးတွင်တော့ မလှုပ်ချင်မကိုင်ချင်ဖြစ်လာသဖြင့် ထမင်းစားပွဲ၌အသာထိုင်ရင်း Yeolပြန်အလာကို သတိကင်းမဲ့စွာ ထိုင်စောင့်နေလိုက်သည်။

7:50 PM

       ဒီအချိန်ဆိုလျှင် Yeolပြန်ရောက်လေ့ရှိသော်လည်း ယခုထိတိုင် တိတ်ဆိတ်နေသည်။ ချက်ထားသည့်ဟင်းများပင်လျှင် အေးစက်နေလေပြီ။ ထို့ကြောင့် su young ဟင်းများပြန်နွေးရန်သာ အာရုံစိုက်၍ ဟင်းပန်းကန်အား လှမ်းယူချိန်မှာတော့....

I Can't Live Without You (Complete)Tempat cerita menjadi hidup. Temukan sekarang