သင်မတွဲသင့်တဲ့ လူဆိုးလေးများ
================(၁) သင့်အပေါ်မှာ လေးစားမှုမရှိတဲ့သူ..
သင့်အပေါ်မှာ လေးစားမှုမရှိတဲ့ ယောက်ျားဟာ တစ်ဘဝလုံးစာ လက်တွဲဖော်အတွက် အသေအချာကို ဆယ်ခါပြန်စဉ်းစားသင့်တဲ့ သူမျိုးပါပဲ။ ယောက်ျားတစ်ယောက်ဟာ သင့်ဘဝအတွက် သူရဲကောင်းတစ်ယောက်ဖြစ်ရမှာ မှန်ပါတယ်။ ဒါပေမယ့် အသင့်အပေါ်မှာလည်း လေးစားမှုရှိရပါမယ်။ သင့်ဘဝတိုးတက်ရေးအတွက် ဦးဆောင်လမ်းပြပြီး လက်တွဲခေါ်နိုင်တဲ့သူမျိုးလည်း ဖြစ်သင့်ပါတယ်။
.
(၂) ဘဝတိုးတက်ရေးအတွက် အတားအဆီး ဖြစ်စေတဲ့သူ..သူ့ကြောင့် သင့်ဘဝရည်မှန်းချက်တွေ ပြောင်းလဲရတာမျိုးတို့၊ သင့်ဘဝတိုးတက်ရေးမှာ အနှောင့်အယှက်ဖြစ်စေတဲ့သူမျိုးတို့ဆိုရင် သင့်ရဲ့ ဦးဆောင်သူအဖြစ် ရွေးဖို့ သင်သေချာစဉ်းစားရပါမယ်။ ဘဝဆိုတာ နှလုံးသားရေးကိစ္စတစ်ခုတည်းနဲ့ ပြီးသွားတာမဟုတ်ပါဘူး။ ငွေကြေးချမ်းသာတဲ့ ဖြစ်မှရယ် မဟုတ်ပါဘူး။ ဒါပေမယ့် သင့်ဘဝတိုးတက်ရေးကို အားပေးတဲ့သူ၊ ပံ့ပိုးပေးတဲ့သူတော့ ဖြစ်သင့်ပါတယ်။
.
(၃) သင့်ခံစားချက်ကို နားမလည်တဲ့သူ..မိန်းကလေးတွေရဲ့စိတ်က တစ်ခါတစ်ရံမှာ နားလည်ရခက်လို့ အရာတိုင်းတော့ သင့်အလိုဆန္ဒကို လိုက်လျောမှာမဟုတ်ပါဘူး။ ဒီအချက်ကို သင့်အနေနဲ့ အရင်ဆုံး သဘောပေါက်နားလည်သင့်ပါတယ်။ ဒါပေမယ် သင့်လက်ကိုတွဲပြီး သင့်ကို ကာကွယ်စောင့်ရှောက်ပေးမယ့် ယောက်ျားတစ်ယောက်အနေနဲ့ အနည်းဆုံး သင့်ခံစားချက်တွေကို နားလည်ပေးနိုင်တဲ့သူတော့ ဖြစ်ရပါမယ်။ နားလည်ရခက်နေရင်တောင် "ငါတော့ မင်းကို နားမလည်တော့ဘူး" လို့ ပါးစပ်က ထုတ်ပြောတတ်တဲ့သူဆိုရင်တော့ လက်တွဲဖော်အဖြစ် မရွေးချယ်တာ ကောင်းပါတယ်။
.
(၄) မိန်းကလေးများနဲ့ သာယာတတ်တဲ့သူ..သဝန်တိုတာ မိန်းကလေးတွေရဲ့ သဘာဝဖြစ်ပါတယ်။ ဒီလိုသဝန်တိုတာပေါ်မူတည်ပြီး အစစအရာရာမှာ ကန့်သတ်ချုပ်ခြယ်နေမယ်ဆိုရင် သူကတောင် သင့်ကို စိတ်ပျက်နိုင်ပါတယ်။ ဒါပေမယ့် သူကိုယ်တိုင်ကိုက တခြားမိန်းကလေးတွေနဲ့ နေရာတာ သာယာတတ်တယ်ဆိုရင်တော့ သင့်အနေနဲ့ ရေရှည်ကို စဉ်းစားဖို့ လိုပါမယ်။
.
(၅) အပျော်အပါးမက်တဲ့သူ..ယောက်ျားတစ်ယောက်အတွက် အတိုင်းအတာတစ်ခုထိ စိတ်ထွက်ပေါက်၊ ပျော်ရွှင်မှုဆိုတာ ရှိသင့်ပါတယ်။ ဥပမာ ပြောရရင်တော့ သူငယ်ချင်းတွေနဲ့ အပြင်သွားတာတို့၊ သူငယ်ချင်းအိမ်မှာ ညအိပ်တာတို့၊ Game ဆော့တတ်တာတို့ပေါ့။ ဒါတွေကို လိုက်ကန့်သတ်ဖို့ မလွယ်ပါဘူး။ ဒါပေမယ့် သူ့ပင်ကိုယ်စရိုက်ကိုက အပျော်အပါးကို နှစ်ခြိုက်ခုံမင်တတ်တယ်ဆိုရင်တော့ သင့်ဘဝရှေ့ရေးကို မပူပန်ချင်ရင် နောက်ဆုတ်လိုက်ဖို့သာ ပြင်ဆင်ထားပါတော့။
.
(၆) ရည်ရွယ်ချက်မရှိတဲ့သူ..သင်ဟာ အားကိုးတတ်တဲ့သူပဲဖြစ်ဖြစ်၊ အရမ်းကို တော်တဲ့သူပဲဖြစ်ဖြစ် တစ်ချိန်ကျရင် သင့်ချစ်သူရဲ့အရိပ်အောက်မှာပဲ လုံခြုံမှုတွေ ရစေမှာပါ။ ဒီလို သင့်ကို အရိပ်ပေးမယ့်သူက ရည်ရွယ်ချက်မရှိ၊ လက်ကြောမတင်းတဲ့သူဆိုရင်တော့ သင့်ဘဝဟာ ပူပန်စရာကောင်းနေပါပြီ။ လက်တွဲဖော်အနေနဲ့ ကြောက်စရာကောင်းတဲ့သူတွေထဲမှာ ရည်ရွယ်ချက်မရှိတဲ့သူမျိုးတွေလည်း ပါပါတယ်။
______________
#Credit to O.W
YOU ARE READING
Secrets of LIFE(Complete)
Sonstigesbook about life knowledge myan sub Author-Miki Black