part-2

3.9K 391 10
                                    

Sponsor///

ပုခုံး​ပေါ်မှာ ဖိတင်​ထားတဲ့​ဦး​ခေါင်း​လေးကြွလိုက်​တဲ့အချိန်​ မိနစ်​နှစ်​ဆယ်​​လောက်
အဖိခံထားခဲ့ရတဲ့ပုခုံးမှလည်းအပူအချို့​က​ဖျောခနဲလွတ်​ထွက်​သွားတယ်

သူ ​မှေးလို့ဝသွားပြီထင်​တယ် ​ဘေးကထိုင်​​နေတဲ့သူ့မျက်​နှာကိုကြည့်​လိုက်​မိ​တော့ အားမရမိပါဘူး မျက်​လုံး​လေး​တွေကနဂိုလှသူဖြစ်​လို့ရွှန်းရွှန်း​ဝေ​ဝေကြည့်​​ကောင်း​နေ​ပေမဲ့ ​အောက်​မျက်​သား​လေး​တွေမှာ မို့အစ်​အစ်​နဲ့ မျက်​သား​တွေတက်​​နေတယ်​ လူတ​ယောက်​မှာအိပ်​​ရေးလွန်​တဲ့အခါ မျက်​လုံး​တွေ​ဖောင်းအစ်​လာတတ်​သလို အိပ်​​ရေးမဝတဲ့အခါမျိုးကျရင်​လည်းအဲလိုဖြစ်​တတ်​ကြတယ်​ သူက​တော့အိပ်​​ရေးမဝရလို့☺☺

သူ့ခမျာ ​လေယာဉ်​​ပေါ်နှစ်​နှစ်​ခြိုက်​ခြိုက်​မအိပ်​နိုင်​ခဲ့ဘူး​နေမှာ​လေ သူ့ရဲ့​ဝေဒနာ​တွေကျ​နော်​အသိဆုံး ☺ကိုယ်​တိုင်​ခံစား​ပြီးနာကျင်​နေရတာမဟုတ်​​ပေမဲ့လို့ ကိုယ်​စား နာကျငိခံစားတတ်​​အောင်​ကြိုးစားထားတယ်​ ကျ​နော့့်ရဲ့ကိုယ်​စားခံစားမှုက သူ့ရဲ့​​ဝေဒနာကိုမသက်​သာ​နိုင်​ဘုးဆိုရင်​​တောင်​ သူ့အတွက်​​နာကျင်​မှု​တွေထံ စိတ်​မ​ရောက်​​အောင်​​တော့ အာရုံ​ပြောင်း​ပေးထားနိုင်​ပါတယ်

အက်​ဆီးဒင့်​​ကြောင့်​ ရခဲ့တဲ့ ​ခြေ​ထောက်​ရဲ့ဒဏ်​ရာက အ​ကြော​တွေအားလုံး​သေသွားခဲ့တာမျိုးမဟုတ်​ခဲ့ပဲ အ​ကြော​သေလုနီးပါးဒဏ်​ရာမျိုးဖြစ်​​တော့ ငါး​လေးတ​ကောင်​ကိုကုန်း​ပေါ်တင်​လိုက်​သလို ဖြန့်​ဖြန့်​လူး​နေရတဲ့အဖြစ်​​ပေါ့ တခါတည်း​အ​ကြော​သေသွားခဲ့ရင်​လည်းအ​ကောင်းသား ☺ ဒီလိုဆိုစိတ်​က​လေးပဲနာကျင်​ရမှာ အခုကျ သူ့မှာလှုပ်​ရှားလိုက်​တိုင်း မ​သေမရှင်​အ​ကြော​တွေ​ကြောင့်​​သေ​လောက်​​အောင်​နာကျင်​ရတယ်​ လမ်း​လျှောက်​နိုင်​ဖို့မ​ပြောနဲ့ အသက်​ပြင်းပြင်းရှူမိရင်​​တော့ တချက်​တချက်​​သေ​လောက်​​အောင်​​အောင့်​တက်​လာတယ်​တဲ့​လေ

လွန်​ခဲ့တဲ့ ​ခြောက်​နှစ်​က​နေအခုချိန်​အထိ ဝှီးချဲ​ပေါ်ကသူ့အဖြစ်​အတွက်​ စိတ်​ဒဏ်​ရာရယ်​ ဒါကိုထပ်​စွက်​ပြီးနာကျင်​​​စေခဲ့ တဲ့ကိုယ်​ပေါ်ကဒဏ်​ရာရယ်​ နှစ်​ခုလုံးကြီး​ပေးခဲ့တာကျကံကြမ္မာကြီးကအရမ်းရက်​စက်​တာ​ပေါ့​နော်

SponsorDonde viven las historias. Descúbrelo ahora