part-9

2.1K 241 9
                                    

//////////// SponSor//////////

အဝင်​အထွက်​​တွေ များသည့်​အ​လျောက်​ ​ခြေသံများစွာကလည်း အဆတ်​မပြတ်​ထွက်​​ပေါ်လို့​နေတယ်​ စကား​ပြောသံ​တွေကလည်း သာမန်​ထက်​ပိုလျှံ​နေလျက်​ တခါတရံ ခပ်​ပြင်းပြင်း ကျယ်​​လောင်​စွာ ကြား​နေရတယ်​ တ​ယောက်​တ​ပေါက်​နဲ့ အသံ​တွေ​က အာရုံ​နောက်​ဖွယ်​.....

ဒီကြားထဲ နား နားမှာအဆက်​မပြတ်​ ကြား​နေရ​သော တဝီဝီ အသံကအဆိုးဆုံးပဲ... ကြမ်းပြင်​​ပေါ် ကတ်​ထူစကိုခင်းအိပ်​​​နေရတာ​ကြောင့်​ ​ထောင့်​ခနဲ ​အောင့်​တက်​လာတဲ့ ခန္ဓာကိုယ်​ အတွက်​ ​ဝေဒနာဖြစ်​​စေနိုင်​တဲ့ ဒဏ်​ကလည်းမသက်​သာလှ...

ဆက်​အိပ်​​နေလည်း အိပ်​မရ​တော့မယ့်​အတူတူ ထထိုင်​​နေလိုက်​တာကအ​ကောင်းဆုံးဖြစ်​​တော့မှာမို့ အိပ်​​ရေးကိုသာ အပျက်​ခံလိုက်​ရင်း...​လောကကို ခဏစိတ်​ပျက်​မိ​စေသွားတယ်

သူမရှိတဲ့ ကျ​နော့်​ဘဝရဲ့ပုံစံဟာ...သူမပါဘဲ ကျေ​နာ့်ဘာသာ အနာဂတ်ကို​​ ရှေ့ဆက်​​လျှောက်​လှမ်းကြည့်​မယ်​ဆိုရင်​...အခုလက်​ရှိ အချုပ်​ခန်းထဲက ပုံစံမျိုးသာ ဖြစ်​​နေလိမ့်​မလား... သူ့ရဲ့တန်​ဖိုးကို အ​လေးထားမိစွာ ကျ​နော့်​ကိုကျ​နော်​ သတိ​ပေးရင်း နားလည်​လာ​စေသလိုပါ...

လို​လေ​သေးမရှိ ​ကျွေး​မွေးပျိုး​ထောင်​ထားခံရတဲ့...လိုသလို အသုံးချ လို့ရ​အောင်​ သင်​ကြား​ပေးခံရတဲ့...လူတ​ယောက်​ဆိုတာကိုပါ ကိုယ့်ကိုကိုယ် ​​သတိရမိ​စေတာက​တော့ နည်းနည်းခံစားရ မသက်​သာ...

သူကသာ ကျ​နော့်​ကို ချစ်​​ပေးရင်​ သိပ်​​ကောင်းမှာ...
မသက်​မသာအ​တွေး​တွေအားလုံး အကုန်​ကင်းစင်​သွားမှာ အ​သေအချာ...
Luhan...သူ ကျ​နော့်​ကို ချစ်​​နေပါတယ်​...ကျ​နော်​ သိ​​ပေမယ့်​ သူက ချစ်​​ပေးဖို့ဆန္ဒမရှိတဲ့အခါ...နှိပ်​စက်​တတ်​တဲ့ အ​တွေး​တွေက တစ်ခုခုဆို အမြဲ​အနိုင်​ယူ​နေ​တော့တယ်​...

သူ စီမံခဲ့တဲ့အတိုင်း ဒီအထဲမှာ​နေ ​နေရတာ နှစ်​ရက်​ရှိပြီ...
အဲ့​နေ့ညက ဖြစ်​ချင်​ရာဖြစ်​ ဆိုပြီးကျ​နော့်​စိတ်​ လွှတ်​​ပေးလိုက်​​မိ​တော့ ဘယ်​တုန်းကမှ မ​မျှော်​လင့်​ရဲခဲ့တဲ့...သူနဲ့ကျ​နော့်​ကြားက အပြာ​ရောင်စုတ်​သပ်​ချက်​​တွေနဲ့ ပြည့်​နှက်​​နေတဲ့ည​လေး အထ​မြောက်​ခဲ့တယ်​...

SponsorDonde viven las historias. Descúbrelo ahora