part-8

3.8K 311 7
                                    

/////////////Sponsor////////////

လေကယူဆောင်ရာသို့ ကျေနပ်စွာလွင့်ပါနေကြလေတဲ့ ငွေရောင်ဆန်ဆန်သဲပွင့်လေးအချို့ဟာ မြေပြင်ပေါ်မှာမရှိ..... တဟုန်တိုး စိတ်ရှိတိုင်းသာ လေရဲ့အရှိန်မကုန်မချင်း မြေပြင်ကြီးနဲ့ဝေးရာကိုပျံ့လွင့်နေကြဦးမယ်..

မိုင်နှုန်းနဲ့တိုင်းတာလို့ရမယ့် ပင်လယ်ကြီးကိုဖြတ်သန်းတိုက်ခတ်လာသောလေထန်ထန်တို့နဲ့အတူ ထိုသဲပွင့်လေးတွေရဲ့နေရာမကျ ရွေ့လျားမှုနှင့်အပြိုင် ကျနော်လည်း ပြေးလိုက်နေမိတယ်...

သဲမှုန်လေးတွေ လွင့်နေသလို ကျနော်ဟာလည်း
ပင်လယ်ပင်ကြီးမှရေလှိုင်းသံစည်းချက်တို့အတိုင်း ခုန်ပေါက်ပြေးလွှားနေတာရယ်...
တလွှားလွှားမျောလွင့်နေတဲ့သဲမှုန်လေးတွေကိုအနိုင်ယူလိုစိတ်နဲ့အပြိုင်ပြေးခဲ့ပေမယ့် ကျနော်အနိုင်မယူလိုက်ရခင် သူတို့ကျဆုံးခဲ့ကြလေတယ်...

ကျနော်ကသာရှေ့ကိုဆက်လို့ပြေးနေခဲ့ပေမယ့် သူတို့တွေဟာ မြေပြင်ပေါ်ပုံကျပြန့်ကျဲသွားကြရင်း ကျန်ရစ်လို့နေခဲ့တယ်..
လေတွေရှိတုန်းခဏမှာသာ သူများအားကျရသည်အထိတနေရာကတနေရာမြူးထူးနိုင်ကြတာ..
တစ်ခုတည်းသာရပ်တည်နေမယ်ဆို သူတို့ဟာ မြေပြင်ပေါ်မှာပဲ ရှိနေကြရမှာ...

ဒါဟာ ...
အဆုံးမရှိ ဖြစ်မြဲဖြစ်နေတယ်ဆိုတဲ့ သဘာဝကြီးမဟုတ်လား ...
ဒီ​တော့ လေတွေကလည်းအမြဲတိုက်ခတ်နေဦးမှာ..
အထားခံခဲ့ရတဲ့သဲပွင့်လေးတွေကလည်း အဲ့လိုပဲ မကြာခင်မှာပြန်လာသယ်ယူခံရပြီးလွတ်လပ်စွာသွားလာကြရဦးမှာပါ...

ကျန်ရစ်ခဲ့တဲ့သဲပွင့်လေးတွေအပေါ်စိတ်မကောင်းဖြစ်လိုက်မိသေးပေမယ့် ထပ်တိုက်လာတဲ့လေနဲ့အတူပြန်လွင့်လာခဲ့တဲ့အချိန် အမြန်ပြင်တွေးမိတဲ့အတွေးတစ်ခုကြောင့် ဝမ်းသားပြုံးတောင်ပြုံးမိရင်း နောက်ဆုံးတော့ ကျေနပ်မိပါတယ်..

Luhanရေ့...........

ခေါ်သံတစ်ခုကကျနော့် အတွေးတွေကိုပြတ်တောက်သွားစေတာကြောင့် ဘေးပတ်ပတ်လည်ကိုလှည့်ပြီးချက်ချင်းလိုက်ရှာကြည့်မိတယ်..

SponsorDonde viven las historias. Descúbrelo ahora