part-6

2.4K 301 15
                                    

/////////Sponsor/////////


စိတ်ဆိုးမိတယ် စကားနဲ့တောင်ပြောပြမတတ်အောင် ရင်နဲ့မဆံ့အောင် အထိကျနော်စိတ်တိုမိတယ်..

သို့သော် ကျနော်ဆိုတာ စိတ်ဆိုး စိတ်တိုတဲ့နေရာမှာတောင် လွတ်လပ်ခွင့်မရနိုင်ခဲ့ပါဘူး တဝက်ကျော်လောက်မှာက စိတ်ပူပန် ပူလောင်မှုအပြည့်သားနဲ့ရယ်....

အိပ်ခန်းထဲကအိပ်ရာထက်မှာ လဲလျောင်းနေပြီးဆေးထိုးအပ် ချွန်လျလျအောက် မချိမဆံ့ဝေဒနာကြောင့်ရိုကျို့နေရတဲ့ ကောင်လေးတယောက်ဟာ ကျနော့်မျက်စိအောက်မှာ...

တယောက်တည်းအပြင်ကိုထွက်သွားခိုင်းခဲ့တာလည်းဒီကောင်လေး..
ကားမောင်းပြီး အတင်းအဓမ္မလိုက်ခေါ်တာကလည်းအဲ့ကောင်လေး..

အင်း..အိမ်ကနေ ဆိုင်အထိ အကွာအဝေးတစ်ခုကို သူရဲ့အခြေအနေမကောင်းတဲ့ခြေထောက်ကြီးနှစ်ချောင်းနဲ့ လုပ်ယူလှုပ်ရှားခဲ့တာ ဆိုးရွားလွန်းပါတယ်ကွာ

ကျနော့်ဆီက Sooနဲ့ကိစ္စကိုပြောပြီးဘာလုပ်ပေးရမလဲ မေးပြီးတည်းက သူ လုံးဝစကားမပြောတော့တာ..
လမ်းလျှောက်ပြီးကိုယ်တိုင်ကားမောင်းကာခြေထောက်ကိုအသုံးပြုလာတာကြောင့် သုံးစားမရတဲ့ သူ့ခြေထောက်ကြွက်သားတွေကပုန်ကန်ကြတော့မခံမရပ်နိုင်အောင် နာကျင်ခံစားနေရတဲ့ဝေဒနာကိုဖုံးမထားနိုင်ခဲ့ပေ

မျက်နှာပေါ်မှာအထင်းသားမြင်တွေ့လိုက်ရတဲ့နာကျင်မှုကို ကျနော်သိတာမို့ ကားမောင်းပြီးပဲအိမ်ပြန်ခေါ်လာပြီး ဆရာဝန်ခေါ်ခဲ့ရတာပါ...
သူ့ရဲ့စိတ်လိုက်မာန်ပါအကျင့်ဆိုးလေးက သူ့ကိုယ်သူသာ ဒုက္ခပေးနေခဲ့တာ...

ဆေးကုသမှု တစ်နာရီလောင်အထိကြာပြီးတဲ့နောက်ဆရာဝန်ပြန်သွားခဲ့တယ်
သူကတော့ဆေးအရှိန်နဲ့အိပ်ပျော်နေတော့ လျောကျနေတဲ့စောင်ကိုအသေအချာပြင်ခြုံပေးရင်း ဝေဒနာကြောင့်တချက်တချက်တွန့်ရှုံနေတဲ့မျက်နှာဖြူဖြူသေးသေးလေးကိုငေးကြည့်နေမိတယ်

ဆရာဝန်ပြောသွားခဲ့တဲ့သတိပေးဆန်ဆန် အမှာစကားအချို့နဲ့အတူသူ့ကိုကြည့်ရင်းရင်ဘတ်တွေနာသည်အထိသနားနေရတာ..အရမ်းပင်ပန်းလိုက်တာဗျာ
သူ့ခြေထောက်နှစ်ဖက်လုံးရဲ့ကြွက်သားတွေကအရင်ကထက်စာရင်အတော်ပျက်စီးလာပြီ ပြန်ကောင်းဖို့ထက်တစ်စပြီးတစ်စ မကောင်းနိုင်ဖို့ပဲရှိတော့တာတဲ့...

SponsorDonde viven las historias. Descúbrelo ahora