part-10

2K 253 17
                                    

////////////// Sponsor ///////////

လမ်း​ကြောင်း ကျပ်​တည်းမှု​ကြောင့်​​ ကားရဲ့သွားနှုန်းဟာ ​ထောင့်​ခနဲ တငြိမ့်​ငြိမ့်​...လမ်းမ​ပေါ်တ​ရွေ့​ရွေ့​မောင်းနှင်​​နေရတဲ့အရှိန်​အတိုင်း ကျ​နော်​​ရော...သူပါ...ကား​ပေါ် အ​တွေးနယ်​ချဲ့ဖို့ရာ...အခွင့်​အ​ရေး​တွေရ​နေလို့ထင်​ပါရဲ့...စကားတခွန်းမျှမဆိုမိဘဲ...ကားမှန်​ဆီကိုသာအသီးသီး မျက်နှာ​ပေးပြီး ​​ငေးရင်းက driver ဦး​လေးကြီး​မောင်းပို့တဲ့အတိုင်း လိုက်​ပါလာကြတာ...ကျ​နော့်​​တွေးလက်​စအချို့ပြတ်​သွားလို့ သတိတချက်​ဝင်​လာတဲ့အခါ သိလိုက်​ရတယ်​...

တ​နေရာတည်းကိုသာ မျက်ေ​တာင်မခတ်စတမ်း ​​​စူးစိုက်​ကြည့်​​နေလျက်​...ငြိမ်​သက်​စွာလိုက်​ပါလာတယ်​...ဘာ​တွေကို​တွေး...ဘာ​တွေကို​ငေးလို့ သူ ဘာ​တွေကိုများလုပ်​​နေသလဲ...ရှိ​နေမယ့်​ ဆန္ဒ​​​တွေကို သိပြီး ကျ​နော်​ ဖြည့်​ဆည်း​ပေးချင်​တာမို့ ​တချက်​​လောက်​လက်​တို့​ရင်း​မေးကြည့်​လိုက်​တယ်​...

"ဘာ​တွေ ​တွေး​နေသလဲ Luhan "

"မင်းကို မုန်းရမယ့်​ အချက်​​တွေကို စီ​တွေး​နေဖြစ်​တယ်​"

ပုံစံမပျက်​ ကားမှန်​ဘက်​ကိုသာ​ငေး​နေရင်းကပဲ ကျ​နော့်​အ​မေးကို ချက်​ချင်းတုံ့ပြန်​လာတဲ့...သူက ရိုက်​သတ်​ချင်​စရာ​ကောင်း​နေ​ရောပါ...

"Rank 1ဖြစ်​​နေတဲ့ အချက်​​လေးကို ​ပြောပြပါလား"

ဘုကြည့်​ကြည့်​ကာ သက်​ပြင်းကို​ဆောင့်​ချပြီး ကျ​နော့်​ကိုထရိုက်​ချင်​​နေတဲ့ ပုံစံရှူးရှူးရှဲရှဲ ပြန်​တုံ့ပြန်​လာကာ...

" မင်း, ငါ့ကို rapeလုပ်​သွားတဲ့ အချက်​........"

ပါးစပ်​ကိုလက်​ဝါးနဲ့အုပ်​...အတင်းတားလိုက်​တာမို့...​နောက်​ပိုင်းစကားသံ​က ဝူးဝူးဝါးဝါးဖြစ်​သွားလျက်
...
အသံကျယ်​ကြီးနဲ့ စည်းလွတ်​ဝါးလွတ်​ သူ့စကားသံက ​မောင်း​နေတဲ့ကားထဲမှာ​မို့ ပတ်​ဝန်းကျင်​​ပေါ်မသက်​​ရောက်​​ပေမယ့်​ ပါလာခဲ့တဲ့ driverဦး​လေးကြီးအတွက်​ ရိုင်းပျ​နေတဲ့အပြင်​...နားရှက်​စရာ​ကောင်းလှတယ်​...

SponsorDonde viven las historias. Descúbrelo ahora