part-3

3.6K 373 14
                                    

Sponsor////////////////////////

ခန်းစည်းလိုက်ကာစကို ဆွဲချည်သိမ်းလိုက်တာမို့ မနက်ခင်းရဲ့နေရောင်ခြည်အချို့က အခန်းထဲဖြာကျလာတယ် ဖြာကျလာတဲ့အလင်းရောင်တန်းတွေက အိပ်ယာပေါ်က သူ့မျက်နှာလေးကိုပါ သွားရောက်ကျီစယ်လိုက်ကြ​တော့ တချက်တွန့်သွားရင်းစောင်ပုံထဲခေါင်းလေးတိုးဝင်သွားလျက်~~ ~ ~

နိုးသွားစေဖို့မရည်ရွယ်ပါဘူး~ သူ့ကို မနက်ခင်းရဲ့လေကောင်းလေသန့်လေးရှူစေချင်တာကြောင့်ပါ~

Lu" sehunရေ ငါ အိပ်ရေးပျက်တယ်နော် "

Hun" ok မနှောက်ယှက်တော့ဘူး ဟုတ်ပြီလား"

Lu ငါ့ကိုနိုးအောင်လုပ်ပြီး ဒီတိုင်းထွက်သွားလို့ရကြေးလား"

ပြန်ထွက်မလို့ပြင်ထားခဲ့တဲ့ ခြေလှမ်းတွေက သူ့ရဲ့စောင်ပုံကြားမှ အိပ်ချင်မူးတူးဂျစ်တစ်တစ် အသံလေးကြောင့် ရပ်တန့်သွားရင်း သူ့ကိုပြန်ကြည့်မိတော့

ခဏကြာသည်အထိဘာစကားမှလည်းပြန်မလာပဲ ငြိမ်နေတယ် ခေါင်းမြီးခြုံထားတော့သူ့ကိုယ်ရာလေးထင်းနေတဲ့ ဟိုနားတွန့် ဒီနားတွန့်ဖဲစောင်ပုံကိုပဲမြင်ရလျက်~~

ယောင်ပြီးများ ငြီးနေတာလား ထင်မိလို့ သိချင်တာနဲ့ ခုတင်နားလေးသွားပြီး ကြည့်မယ်ကြံတုန်း ရုတ်တရတ်ကြီးစောင်ကိုလှပ်ချလိုက်တယ်
စောင်အောက်မှထွက်လာတဲ့ သူ့ပုံစံလေးက
ဆံပင်တစုစီထိုးထိုးထောင်ထောင်ဖြစ်လျက် ပွစာကျဲနေတဲ့ ဆံပင်ဖောင်းအုပ်အုပ်တွေကြောင့် နဂိုသေးတယ်ဆိုတဲ့ မျက်နှာလေးက ပိုမိုမြုပ်ဝင်သွားလျက် ချစ်ဖို့ကတမျိုးလေးကောင်းပြန်လာရော~
ဖြည့်းဖြည်းချင်းအားယူ ထိုင်လိုက်ပြီး စောင်ပုံထဲကလက်ကလေးတွေကိုထုတ်ရင်း မျက်လုံးနှစ်ဖက်ကိုစုံပွတ်နေပြန်တော့ ကျနော်အပြေး သွားဆွဲလိုက်ရပြီ

Hun အဲလိုကြီးမပွတ်ရပါဘူးဆိုတာ ဘယ်နှခါပြောပြောလည်းနားမထောင်ဘူး မျက်လုံးတွေထိခိုက်လိမ့်မယ် တကယ်ပါပဲ ""

Lu ဘယ်လိုပဲဖားဖား ငါကမကျေအေးဘူးနော် sehun မင်းကြောင့်အိပ်ရေးပျက်သွားပြီ"

Hun ဟုတ်ပါပြီ ကဲပြော ကျေအေးမှုရဖို့ဘာလုပ်ပေးရမှာလဲ ""

သူ့လက်ညှိုးလေးတချောင်းနဲ့ သူ့နှုတ်ခမ်းတွေဆီညွှန်ပြလာတယ်

SponsorDonde viven las historias. Descúbrelo ahora