Ep-2

817 61 1
                                    

ဒီနေ့ဟာကျွန်မဘဝရဲ့ ဒုတိယခြေလှမ်းကို စတင်ခဲ့တယ် .....

SM က Make up Artist နဲ့ Stylist ခေါ်မယ်ဆိုတဲ့ သတင်းကြောင့် ကျွန်မ
အင်ချွန်းလေဆိပ်ကို ရောက်ရှိခဲ့ပီ ....

korea မှာ ဆွေမျိုးမရှိတဲ့ကျွန်မ နည်းနည်းတော့ဒုက္ခရောက်တာပေါ့လေ ....

ကျွန်မလည်းအရဲစွန့်ပီးထွက်လာခဲ့တာ အိမ်ကတားနေတဲ့ကြားကကို မရောက်ရောက်အောင်လာခဲ့တာ ဒါတွေရဲ့တစ်ခုတည်းသောရည်ရွယ်ချက်က သူပေါ့ သူရဲ့အနားမှာနေချင်လို့ပေါ့ ....

အရင်ဆုံးအိမ်ခြံမြေအကျိုးဆောင် company ကိုသွားပီး တိုက်ခန်းငှားရန်စီစဉ်ရသည် ဟန်မြစ်ရဲ့အနီးနားမှာရှိတဲ့ တိုက်ခန်းတစ်ခုကို ငှားလိုက်သည် Exo Dorm နဲ့ နည်းနည်းလှမ်းပေမယ့် ဒီနေရာကအဆင်ပြေသည် ....

အဲ့ဒီနေ့ညတော့ ခြောက်ဆွဲခြောက်နဲ့ပဲ နှစ်ပါးသွားခဲ့ရသည် နောက်နေ့မနက်ကျမှ လိုအပ်တာဝယ်စရာရှိတာဝယ်ပီး ချက်ပြုတ်စားရသည် ....

စားသောက်ပြီးတာနဲ့ SM Entertainment ကို သွားပြီး Make up Artist and Stylist အတွက် ဖောင်တင်ခဲ့သည် ကျွန်မအားလုံးအတွက် အထူးပြင်ဆင်လာခဲ့ပြီးသားဖြစ်တဲ့အတွက် ဘယ်နေရာကပဲခေါ်ခေါ်ကျွန်မအတွက် အဆင်ပြေပါသည် ....

Exo ရဲ့ Stylist ဖြစ်ချင်ပေမယ့် အဲ့လောက်ထိမမျှော်မှန်းရဲပါ ဘယ်အဖွဲ့ရဲ့ Stylist ဖြစ်ဖြစ် SM Concert တစ်ခုခုရှိရင် သူ့ကိုမြင်နိုင်လိမ့်မယ်ဆိုပီး ဖြေသိမ့်ထားမိသည်....

ကျွန်မညတိုင်းလိုလို ဟန်မြစ်ဘေးသွားထိုင်လေ့ရှိသည် တခါတလေ သူ့ကိုတွေ့လိုတွေညားပေါ့ သူတို့တတွေ ဟန်မြစ်ကို လမ်းလျှောက်ထွက်တာတို့ စက်ဘီးစီးတာတို့လုပ်လေ့ရှိတယ်လို့ ကျွန်မသိထားသည်လေ .....

ကျွန်မ ဒီရောက်တာ တစ်ပတ်ရှိပီ သူတို့ရဲ့အရိပ်တောင်မတွေ့မိပါ အဲ့ဒီနေ့ညကတော်တော်ညဉ့်နက်တဲ့ထိ ဟန်မြစ်နားမှာထိုင်နေမိသည် ....

ကျွန်မရဲ့အိမ်ပြန်လမ်းတွေ ကောင်လေးတစ်ယောက်စကိတ်စီးပီး ယိုင်ထိုးယိုင်နဲ့နှင့်လာနေသည် ....

ကျွန်ဘေးဘက်ကိုရှောင်ပေးလိုက်ပေမယ့် ထိုကောင်လေးက ကျွန်မကိုဝင်တိုက်လိုက်ပီး ကျွန်မနှင့်အတူသူပါလဲကျသွားသည် ....

Paparazzi (Chanyeol ×OC)[completed]Where stories live. Discover now