Ep-7

580 53 0
                                    

ကျွန်မတို့နှစ်ယောက် ပျော်ရွှင်နေတဲ့ဘဝထဲကို မုန်တိုင်းစတင်ဝင်ရောက်ခဲ့တဲ့နေ့ ....

ကျွန်မ SM ကိုရောက်တော့ ကြားလိုက်ရတဲ့သတင်းက Park Chanyeol ရဲ့ Dating တဲ့လေ ....

ဒီတစ်ခါတော့ ပုံတွေပါအတိကျပါလာသည် သူနဲ့ကျွန်မလျှောက်လည်ပီး မုန့်အတူတူစားနေ တာတွေ မိုးရွာတဲ့တနေ့က သူ့ဂျာကင် ကျွန်မကိုခြုံပေးနေတဲ့ပုံတွေ ....

တစ်ချိန်ချိန်မှာဒီလိုမျိုးဖြစ်လိမ့်မယ်လို့ ကြိုတင်တွေးထားပေမယ့် တကယ်တမ်းလက်တွေ့ကြုံလာတဲ့အခါ တုန်လှုပ်ခြောက်ခြားမိသည် ....

ကျွန်မထိုသတင်းကြားကြားချင်း သူ့ကိုအမြန်လိုက်ရှာမိသည် သူ့ကိုတွေ့တော့ မန်နေဂျာဆူထား၍ထင် စိတ်ရှုပ်နေတဲ့ပုံပင် ....

ကျွန်မသူ့ကိုပြောကြည့်သည် အင်တာဗျူးလုပ်ပီး ဒီ Dating က Rumor ဆိုပြီးဖြေရှင်းရအောင်လို့လေ သူနာမည်ကျသွားမှာစိုးရိမ်မိသည် ....

သူ့အချစ်ကိုရချင်ပေမယ့် ကိုယ့်ရဲ့ Idol တစ်ယောက် နာမည်ကျသွားမှာတော့ သေမတက်ကြောက်ကြသည်မှာ Fan တစ်ယောက်ရဲ့ ခံစားချက်မဟုတ်လား ....

အဲ့နေ့ကကျွန်မအလုပ်ထွက်ခဲ့ရသည် ကျွန်မဘဝရဲ့မျှော်လင့်ချက်တွေအကုန်လုံး Dating တစ်ခုကြောင့် ပျက်ဆီးခဲ့ရသည် ဒါပေမယ့်ကျွန်မဝမ်းမနည်းပါ သူနဲ့မတွေ့ရတော့ဘူးဆိုတဲ့ အသိကြောင့် အရူးတစ်ပိုင်းဖြစ်ခဲ့တာကလွဲလို့ ....

သူ့ fan တွေရဲ့ ချိန်းခြောက်မှုတွေ ဆန္ဒပြမှုတွေရယ် SM ရဲ့ pressure တွေရယ် ကြောင့်သူအခုချိန်စိတ်ထိခိုက်နေမှာအမှန်ပင် ....

ကျွန်မဆုံးဖြတ်ချက်တစ်ခုချပြီး internet ပေါ် video file တစ်ခုတင်ခဲ့သည် သူနဲ့ကျွန်မ ချစ်သူတွေမဟုတ်ကြောင်း သူ့ fan တွေကို တောင်းပန်တဲ့ file လေးပေါ့ ....

သူ့အတွက်ကျွန်မလုပ်ပေးနိုင်တာ ဒီတစ်ခုပဲရှိတော့တယ်လေ ကျွန်မအတွက် အန္တရာယ်များပေမယ့် သူ့ fan တွေ သူ့အပေါ်ပြန်ပီး နားလည်နိုင်ရင်ပဲ ကျွန်မကျေနပ်ပါပီ ....

သူနဲ့ကျွန်မချစ်သူတွေမဖြစ်ခဲ့ကြပေမယ့် သူ့ဆီကအချစ်ကိုမျှော်လင့်ခဲ့ဖူးသည် တခါတလေတော့လည်း အချစ်ကိုကြိုတင်တွက်ချက်ထားပေမယ့် တက်တက်စင်အောင် လွဲတတ်သည် မဟုတ်လား ....

Paparazzi (Chanyeol ×OC)[completed]Where stories live. Discover now