သူတို့ Comeback ပွဲပီး၍ Yixing Oppa ရဲ့ ဇာတ်ကားကျန်တဲ့အပိုင်းရိုက်ရန် China ကို ပြန်သွားရပြန်သည် ....
ဇာတ်ကားအဆုံးသတ်ရိုက်ရန်နှစ်လလောက် ကြာသွားသည် ဒီလိုဆိုတော့ သူနဲ့မတွေ့ဖြစ်တာ တော်တော်ကြာပီပေါ့ Comeback ပွဲတုန်းက တွေ့တာနောက်ဆုံးဖြစ်ခဲ့သည် ....
ကျွန်မလည်း China ရောက်တဲ့ အတောတွင်း သတင်းတွေလည်းမကြည့်ဖြစ်ပါ အလုပ်ကိုသာ အာရုံစိုက်နေရသည် တခါတလေမှသာ အိမ်နှင့်ဖုန်းပြောဖြစ်သည် ....
တနေ့ Exo Fan ဖြစ်တဲ့ ကျွန်မအစ်မတစ်ယောက်ဆီက ဖုန်းလာ၍ကြားလိုက်ရတဲ့သတင်းကြောင့် ကျွန်မရင်ထဲမိုးကြိုးအစင်းတစ်ရာလောက် ပစ်လိုက်သလိုခံစားလိုက်ရသည် ....
ကြားလိုက်ရတဲ့သတင်းက သူ သူ Dating ထွက်သွားပီတဲ့ သူနဲ့ Dating ထွက်တဲ့ မိန်းကလေးကလည်း သူအရမ်းကြိုက်တဲ့ 2NE1 က Dara နဲ့တဲ့ ....
ကျွန်မအတွက်တော့ ဒါလုံးဝမဖြစ်နိုင်တဲ့ ကိစ္စပဲလေ သူက ဒါဒါရဲ့fan တစ်ယောက် ဒါက Dating rumor ပဲ ဟုတ်တယ် Dating rumor ဟုသာ တစ်ဖတ်သတ်စွဲချက်တင်လိုက်သည် ....
ဒီအတောတွင်းသူရော အဆင်ပြေပါ့မလားလို့စိုးရိမ်နေမိသည် ဒီကအလုပ်တွေမြန်မြန်ပီးလို့ ပြန်ချင်လှပီ အဝေးကစိတ်ပူနေလို့မပီးသေး အနားမှာနေ၍နှစ်သိမ့်ပေးချင်မိသည် ....
တော်သေးတာပေါ့ အလုပ်တွေပီးလို့ Korea ကို မြန်မြန်ပြန်ရောက်ခဲ့သည် အားလုံးကတော့ပုံမှန် တိုင်းပါပဲ Korea ရောက်ပီးမကြာဘူး MV ရိုက်ဖို့အတွက်ပြင်ဆင်ပေးရသည် ....
အားလုံကပုံမှန်ပေမယ့်သူပြောင်းလဲသွားသည် အရင်ကစစနောက်နောက်နှင့်သူ အခုတော့တည်ငြိမ်လွန်းသည် သူ့မျက်နှာမှာ အပြုံးတွေပျောက်ဆုံးနေသည် ....
ကျွန်မသူ့ကိုမြင်လို့ ပြုံးပြပြီးနှုတ်ဆက်တာတောင် သူမသိချင်ယောင်ဆောင်သွားသည် သူကျွန်မကိုဟန်ဆောင်ပြီးတောင် မပြုံးပြတော့ဘူး ....
သူ့အဖွဲ့ဝင်တွေပြောတာကတော့ သူခံစားနေရသည်တဲ့ ဒါဆို ဒီ Dating က အမှန်တကယ်ပဲလား ....
ဒါကိုကျွန်မဘယ်လိုနားလည်ရမှာလဲ ကျွန်မဘက်ကသူ့ကို ကိုယ်သဘောကျတဲ့ Idol တစ်ယောက်ထက် အဆင့်ပိုနေပေမယ့် သူ့အတွက်တော့ ကျွန်မက မိတ်ဆွေတစ်ယောက်တောင်မဖြစ်နိုင်ဘူးလား ....
YOU ARE READING
Paparazzi (Chanyeol ×OC)[completed]
DiversosFan တစ်ယောက်ထက် ပိုပီးရူးသွတ်မိတယ် အချိန်တိုင်းစက္ကန့်တိုင်းမိနစ်တိုင်းနေရာတိုင်းမှာ စိုးမိုးထားနိုင်လွန်းသောသူ့အတွက် ကျွန်မက Paparazzi တစ်ယောက်ဖြစ်ခဲ့တယ် ....