Ep-6

512 55 5
                                    

Park Chanyeol သူဒီကိုဘာလာလုပ်တာပါလိမ့် ကျွန်မသူ့ကိုမော့ကြည့်ပီးခေါင်းပြန်ငုံ့ကာ မျက်ခင်းပေါ်ကိုတုတ်နှင့်လျှောက်ခြစ်နေမိ၏ ....

သူကကျွန်မဘေးဝင်ထိုင်ကာ စကားစပြောလေသည် ....

သူပြောသည်က သူစိတ်ညစ်နေတာကြောင့် ကျွန်မကိုစကားမပြောဖြစ်ပဲ လျစ်လျူရှုထားမိလို့တောင်းပန်ပါတယ်တဲ့ သူ့ Dating ကလည်းအမှန်မဟုတ်ဘူး rumor တဲ့လေ ....

တွေ့လားကျွန်မပြောပါတယ် အဲ့ဒါ rumor ပါလို့ ကျွန်မခေါင်းငုံ့ထားရင်းမှ ကျိတ်ပြုံးလိုက်သည် ....

ထို့နောက်သူကနေကောင်းပျောက်ပီလားဟု ဆိုကာ သူ့လက်ဖြင့်ကျွန်မနှဖူးကို စမ်းလိုက်တဲ့ခဏ အံ့သြမှုနှင့်အတူကြည်နူးမှုပါ ဖြစ်မိပြန်သည် ....

မတွေ့ရတဲ့အတောတွင်းသတိရမိသည်တဲ့လေ ထိုစကားလေးကြားရရုံမျှ ထိုနေရာမှာတင် ကျွန်မသေပျော်ပီလေ ....

သူနဲ့ကျွန်မမထိုက်တန်မှန်းသိပေမယ့် သူ့အချစ်ကိုတစ်ခါလောက်ရယူချင်မိတာအပြစ်လားလို့ ကျွန်မစိတ်ထဲတွင်တွေးလိုက်သည် ....

ကျွန်မသူပြောတာတွေသာနားထောင်မိသည် အခုချိန်ထိသူ့ကိုစကားတစ်ခွန်းမျှပြန်မပြောရသေး သူကကျွန်မစိတ်ဆိုးနေတယ်လို့ ထင်နေသည်လေ ....

စိတ်မဆိုးဘူးဆိုကာမှ ကျွန်မပုခုံးကိုဖက်ကာ စိတ်ပြေလက်ပျောက်လျှောက်သွားရအောင်တဲ့ ကျွန်မမှ Korea က နေရာတွေမသိတာ အဲ့တော့ သူခေါ်ရာနောက်ပဲယောင်လည်လည် ပါသွားလေတော့သည် ....

ထိုနေ့ညကသူနဲ့ကျွန်မ ဈေးတန်းကိုလျှောက်ပတ်ကြရင်း သူ့ Fan တွေ သူမှန်းရိပ်မိသွားလို့ သူကကျွန်မလက်ကိုဆွဲကာ နှစ်ယောက်သားထွက်ပြေးခဲ့ရသည် ....

ကျွန်မတို့နှစ်ယောက်သူ့fanတွေမျက်ခြေပြတ်လောက်တဲ့နေရာရောက်တော့ နှစ်ယောက်သား အမောဖြေကာ တစ်ယောက်နှင့်တစ်ယောက် ကြည့်ရင်းဟက်ဟက်ပတ်ပတ်ရယ်မိပြန်သည် ....

သူလည်းဒီလိုလွတ်လွတ်လပ်လပ်မပျော်ရတာ ကြာပီလို့ဆိုတော့ ကျွန်မသူ့ကိုသနားကာ သူပျော်ဖို့အတွက်အရာရာ ဖြည့်စည်းပေးချင်ပြန်သည် ....

Paparazzi (Chanyeol ×OC)[completed]Where stories live. Discover now