တံခါးခေါက်သံနှင့်အတူ Nurse ဝင်လာ၍ ကျွန်မရဲ့ စိတ်ကူးယဉ်အိပ်မက်များ ရေးလက်စစာအုပ်လေးကို ပိတ်လိုက်သည် ....
Nurse က ဆေးသောက်မည်ဟုဆိုကာ ကျွန်မကိုဆေးတိုက်သည် ထို့နောက် ကျွန်မအခန်းကိုဝေ့ဝိုက်ကြည့်ကာ တစ်ခန်းလုံး Park Chanyeol ပုံတွေနဲ့ပြည့်နေ၍ သူ့ကို အဲ့လောက်တောင်ကြိုက်ခဲ့တာလားဟု မေးလေသည် ....
ကျွန်မလည်းသူ့ကိုကြိုက်တာကပြောပြစရာ စကားလုံးတောင်မရှိဘူးဟုဆိုသောကြောင့် Nurse က ပြုံးကာခေါင်းညိမ့်လေသည် ....
ထို့နောက် Nurse က ကျွန်မကို လေကောင်းလေသန့်ရအောင် ခြံထဲဆင်းမယ်ဆိုပြီးခြံထဲခေါ်သွားသည် ....
ခြံထဲရောက်တော့ ထိုင်ခုံတစ်ခုပေါ်ထိုင်ကာ ကျွန်မ ကောင်းကင်ကြီးကို မော့ကြည့်ပြီး သူ့ကိုများတွေ့လေမလားဟု ရှာကြည့်သည် ....
ရယ်ရတယ်နော် ကောင်းကင်မှာ သူ့ကိုရှာရအောင် Park Chanyeol က လေယာဉ်ပျံမှမဟုတ်တာ ဒါပေမယ့် ဖြတ်သွားတဲ့လေယာဉ်ပျံထဲမှာ သူမပါနိုင်ဘူးလို့ဘယ်သူမှ မပြောနိုင်ဘူးလေ ....
ကျွန်မကောင်းကင်ကို ကြည့်ပါများတော့ ကောင်းကင်မှာပျံသန်းသွားတဲ့ ငှက်ကလေးတွေကတောင် လှောင်ရယ်နေလောက်ပီ ....
ကျွန်မနောက်က Nurse ခေါ်သံကြားမှ ကျွန်မအတွေးတွေကို ဖြတ်ကာ Nurse ကို လှည့်ကြည့်လိုက်သည် ....
Nurse က သူ့စကားနားထောင်ပီး ထမင်းများများစား ဆေးမှန်မှန်သောက်ရင် Park Chanyeol နဲ့ ပေးတွေ့မယ်ဟုဆိုလေသည် ....
ကျွန်မလည်းတကယ်လားဟုဆိုကာ ထိုနေရာမှာတင်ထခုန်မိသည် ထို့နောက် ကျွန်မလက်ထဲကစာအုပ်လေးကို ဖွင့်ကာ သူ့ပုံလေးကိုကြည့်ပီးကျွန်မသူ့ဆီအရောက်လာ ခဲ့မယ်ဟုပြောကာ ဓာတ်ပုံလေးကိုနမ်းလိုက်သည် ....
ကျွန်မနောက်မှာတော့ ကျွန်မမိဘတွေရောက်လာကာ Nurse နဲ့စကားပြောနေလေသည် ....
သူတို့ပြောနေသည်က ကျွန်မက စိတ်ကျန်းမာရေးဆေးရုံက ပြန်လာပြီးမှ အခုတော်တော်အခြေနေကောင်း နေသည်ဟုဆိုနေလေသည် ....
ကျွန်မလည်းသူတို့ပြောနေတာတွေကို လျစ်လျှူရှုပြီး ကောင်းကင်ကြီးကို မော့ကြည့်ကာ လေယာဉ်တစ်စင်းဖြတ်သွား သည်ကိုမြင်ရ၍ လေယာဉ်ပျံကြီးကို ရယ်ပြလိုက်သည် ....
တကယ်တော့ လူတွေဟာ ပုံပြင်တွေ စိတ်ကူးတွေ စွဲလန်းစရာအဖြစ်ပျက်တွေမှာ မတော်တဆ ငြိတွယ်မိတတ်ကြသည် အဲ့ဒီထဲမှာမှ Park Chanyeol ဟာ ကျွန်မအတွက် လှပတဲ့မတော်တဆမှု တစ်ခုဖြစ်ခဲ့သည် ....
The End
~~~~~~~~~~~~~~~~~~~~~~~~~~~
Thanks for reading
90° bow
YOU ARE READING
Paparazzi (Chanyeol ×OC)[completed]
RandomFan တစ်ယောက်ထက် ပိုပီးရူးသွတ်မိတယ် အချိန်တိုင်းစက္ကန့်တိုင်းမိနစ်တိုင်းနေရာတိုင်းမှာ စိုးမိုးထားနိုင်လွန်းသောသူ့အတွက် ကျွန်မက Paparazzi တစ်ယောက်ဖြစ်ခဲ့တယ် ....