Ep-3

690 54 2
                                    

ကျွန်မရဲ့ပထမဆုံးအလုပ်စဝင်တဲ့နေ့ဆိုတော့ အရမ်းစိတ်လှုပ်ရှားနေသည် Exo တွေကိုအပြင်မှာ ပထမဆုံးမြင်ရမှာဆိုတော့ အဲ့ဒါထက် သူ့ကိုထပ်တွေ့ရမှာဆိုတော့ ....

မန်နေဂျာက ကျွန်မကို Exo တွေ အလှပြင်ဆင်ခန်းထဲခေါ်သွားပီး Staff တွေအားလုံးနဲ့မိတ်ဆက်ပေးသည် ....

သူတို့ကတော့ဒီအခန်းထဲမှာမရှိသေး အကတိုက်နေတယ်လို့ပြောသံကြားသည် ထိုစဉ် Zhang Yixing ရောက်လာသည် ....

မန်နေဂျာက ကျွန်မကို Zhang Yixing နဲ့ သေချာမိတ်ဆက်ပေးပီး အခန်းထဲမှထွက်သွားလေသည် ကျွန်မလည်း ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ အခုမှအလုပ်စဝင်တာဆိုတော့ အထာမကျသေး အနေရခက်နေသည် ....

Zhang Yixing ကတော့ သဘောကောင်းသူပီပီ သူနဲ့စိမ်းမနေအောင် ဟိုမေးဒီမေးနဲ့စကားပြောဖြစ်ကြသည် ....

သူကကျွန်မထက်ကြီးတဲ့သူဖြစ်လို့ နောက်လည်းအမြဲအတူရှိမှာဆိုတော့ အကိုတစ်ယောက်လိုသဘောထားပီး Yixing Oppa လို့ခေါ်ရန်ပြောသည် ....

Yixing Oppa နဲ့ ခဏလေးအတွင်းမှာ ရင်းနှီးသွားသည် သူကလည်းစကားပြောရင် တချို့စကားလုံးတွေက အဓိပ္ပါယ်လွဲတတ်သည် ကျွန်မကလည်းအရမ်းအကျွမ်းကြီး မဟုတ်တော့ နှစ်ယောက်သား နားမလည်တာကိုလက်ဟန်ခြေဟန်နှင့်ပြပီး ရယ်မိကြသေးသည် ....

ကျွန်မရဲ့တနေ့တာကတော့ အဆင်ပြေပြေနဲ့ပီးသွားလို့တော်ပါသေးသည် သူ့ကိုတော့ဒီနေ့မတွေ့လိုက်ရ နေမကောင်းဟုဆိုကာ Exo Dorm ကို ပြန်သွားပီဖြစ်သည် ....

နောက်နေ့ကျပြန်တော့ Yixing Oppa ရဲ့ ဇာတ်ကားရိုက်ရမှာမို့ နယ်ဘက်ကို အတူလိုက်သွားရသည် ....

Exo အဖွဲ့ထဲမှာ ကျွန်မအခင်ဆုံးလူက Yixing Oppa ဖြစ်ခဲ့သည် သူနဲ့ပဲ အနေနီးပီး ကျွန်မရဲ့အကြောင်းတော်တော်များများ ရင်ဖွင့်မိသည် ....

ကျွန်မကလည်း fan တစ်ယောက်ဖြစ်ပီး လူတစ်ယောက်ကြောင့်ကျွန်မရည်မှန်းချက်တွေ ပြောင်းသွားပြီး ဒီအခြေနေထိ ရောက်လာကြောင်းပြောပြတော့ Yixing Oppa က အရမ်းအံ့သြနေခဲ့သည် ....

ဒီနေ့ Exo သီချင်း MV ရိုက်ရမည့်နေ့ဖြစ်သည် ကျွန်မ Yixing Oppa ကို ပြင်ပေးရန် Exo နားနေခန်းကို စောစောရောက်နှင့်နေသည် ....

Paparazzi (Chanyeol ×OC)[completed]Where stories live. Discover now