Genieသည် စိတ်ကောင်းရှိ၏ အများအပေါ်လည်းကူညီတတ်သည်။ ရှေးကပါခဲ့သောကုသိုလ်ကံကလည်းမကုန်သေး။ သေခါနီးအချိန်တွင်တောင် ဆိုက္ကားသမားလဲကျမည်စိုးသဖြင့် သူရှောင်လိုက်ရာသူအတိုက်ခံလိုက်ရခြင်းဖြစ်သည်။ ထို့ကြောင့် သူမမှာဘုမသိဘမသိနှင့် နတ်ဖြစ်သွားလေသည်။သို့သော် သူမမှာဘာသာတရားကိုင်းရှိုင်းမှုနည်းပါးသည်။ အလှူအတန်းဟူ၍လည်း ကြီးမားမားပြောပြစရာမရှိ။ ထို့ကြောင့် နတ်ဖြစ်သော်ငြားလည်းနေထိုင်စရာဘုံဗိမ္မာန်မရှိအခြွေအရံအသင်းအပင်းမရှိဖြစ်နေလေသည်။ 'ဗြဲ ငါ့နှယ် နတ်ဖြစ်ရတဲ့ဒုက္ခ ဇာတ်ကားထဲမှာတောင် ထွန်းထွန်းမှာနတ်မှတ်ပုံတင်ကတ်ရှိသေးတယ်။ ငါ့မှာတော့ ဘာIDမှလည်းမရှိဘူး။ Exotics clubကထုတ်ပေးတဲ့ memberကတ်တောင် လူ့ဘ၀တုန်းက အိတ်ထဲမှာကျန်ခဲ့တယ် နောက်ပြီးတော့ လူ့ဘ၀တုန်းက ငါ့ကကိုရီးယားသီချင်းတွေပဲရူးနေလို့တဲ့ ရွှေရောင်နတ်သမီးဝတ်စုံတောင် ပေးမ၀တ်ဘူး။ အင်္ဂလိပ်နတ်ဝတ်စုံနဲ့ ဟင့် အဆိုးဆုံးကတော့ နတ်သမီးဖြစ်တာတောင် Girl's Generation လိုလဲလှမလာဘူး လူဘ၀တုန်းကအတိုင်းပဲ။အားဒီပုံစံအတိုင်းExoတွေကိုဘယ်လိုတွေ့ရပါ့ လိပ်စာကလည်းမသိ...'ထို့ကြောင့် Genieမှာဘယ်သွားလို့ဘယ်လာရမှန်းမသိဖြစ်နေချိန်တွင် Twitterထဲမှ D.Oပုံကြည့်ပြီးစိတ်ကူးယဉ်နေသောသူငယ်ချင်းDonutဆီရောက်သွားသည်။ Donutမှာစာကြည့်စားပွဲတွင် ထိုင်ပြီးစာအုပ် ဖွင့်ထားသော်လည်းစာဖတ်မနေပါ။ ဖုန်းနှင့်Twitter သုံးနေပါ၏ 'အမလေးD.Oလေးချစ်ချာကောင်းလိုက်တာ ပြူးနေတာပဲPicasounnieကပြောတယ် ငါကD.Oလိုသေးသေးကွေးကွေးချစ်စရာလေးတဲ့ ငါလေနင့်ကိုတစ်ကိုယ်လုံးမပိုင်ဆိုင်ရရင်တောင် ဆံပင်မျှင်လေး၁ချောင်း ၂ချောင်းပဲဖြစ်ဖြစ် ရရင်တောင် သိပ်ကောင်းမှာပဲ'Donutကိုကြည့်ပြီးအနားတွင်ရပ်နေသောGenieနားကြားပြင်းကပ်သွားသည်။ ထို့ကြောင့် ဖုန်းထဲရှိD.Oဓါတ်ပုံထဲမှ ဆံပင်၃ချောင်းကို ဆွဲနှုတ်ပေးလိုက်သည်။ 'ဒီလောက်တောင် ဖြစ်ရတာကဲဟယ်' ရုတ်တရက် သူမစာအုပ်ပေါ်ရောက်လာသောဆံပင်အညိုရောင်လေး ၃ချောင်းကိုကြည့်ပြီး Donut အံ့သြသွားသည်။ 'ဟယ် ဘယ်လိုလုပ် ဆံပင်၃ချောင်းက ငါ့စာအုပ်ပေါ် ရောက်နေပါလိမ့်။ ငါ့ဆံပင်လည်းမဖြစ်လောက်ဘူးငါကအနက်ရောင်ဆိုးထားတာပဲ။ ဟိD.Oဆံပင်အရောင်နဲ့တော့ တူသားဟဘာပဲဖြစ်ဖြစ် သူ့ဆံပင်အမှတ်နဲ့ သိမ်းထားပါတော့မယ်'(အရူးမအဲဒါD.Oဆံပင်အစစ်ဟဲ့ ငါကိုယ်တိုင်ဆွဲနှုတ်ထားတာကို)Genie၏လုပ်ရပ်မှာDonutအတွက်တင် ထိရောက်သည်မဟုတ် South Korea, SM Entertainment၏ ရိုက်ကွင်းတစ်ခုတွင်လည်း..... 'အမလေးသေပါပြီဗျဘယ်သူလဲရက်ရက်စက်စက် ငါ့ဆံပင်ကိုဆွဲနှုတ်တာ' D.Oရုတ်တရက် ထအော်လိုက်သောအသံကြောင့် အခြားExo memberများအပါအ၀င် ရိုက်ကွင်းပေါ်မှ လူတွေအကုန်လန့်ပြီးလုပ်နေသည့်အလုပ်များတောင် ရပ်တန့်သွားကြသည်။ ထိုအထဲတွင် သွက်လက်သောBaekhyunမှာမနေနိုင်တော့ပဲ 'ဟေ့ကောင် လန့်လိုက်တာကွာဘာဖြစ်တာလဲဟိုကောင် Chanyeolကလေးတွေကိုသွားစပြန်ပြီလား။' 'ဘာလဲသူများကိုများစွပ်စွပ်စွဲစွဲသူ့ဘာသာသူမစင်စွန့်ချင်တဲ့နေရာစွန့်ပြီး......အဲ မြန်မာဗီဒီယိုကားထဲမှာ ကြားဖြတ်လာတတ်တဲ့ ယင်လုံအိမ်သာပညာပေးနဲ့ မှားကုန်ပြီ ကျွန်တော်ကဘာဖြစ်လို့ သူ့ဆံပင်ကိုဆွဲနှုတ်ရမှာလဲမဟုတ်ပါဘူးဆိုနေမှ'သို့သော် သနားစရာကောင်းသောChanyeolလေး၏ စကားကိုမည်သူမှမယုံကြပါ။
မနက်၇နာရီလောက်ဆိုလျှင် Ameကျောင်းမသွားသေးဟုGenieယူဆမိသဖြင့် သူ့အိမ်ကိုသွားကြည့်တော့ Ameမှာအခုမှမျက်နှာသစ်ရင်းGrowlသီချင်းကိုအိပ်ချင်မူးတူးအသံနှင့် ဆိုနေသည်ကိုတွေ့ရသည်။ 'အာကွာသူ့အသံကမကောင်းရတဲ့အထဲGrowlသီချင်းကိုများအိပ်ငိုက်သံကြီးနဲ့ ဆိုနေသေးတယ် နတ်နားငြီးလိုက်တာ' သီချင်းဆိုပြီးသောအခါ မျက်နှာသစ်ဆပ်ပြာကိုစိမ်ပြေနပြေပွတ်ရင်းစိတ်ကူးယဉ်နေသေးသည်။ 'အင်းအခုချိန် ငါ့yeolလေးဘာလုပ်နေပါလိမ့် တခါလောက်တော့ မြင်ချင်စမ်းပါဘိ....တိန်' Ameမအံ့သြပဲခံနိုင်ရိုးလားသူကြည့်နေသောမှန်ထဲတွင် Chanyeolတစ်ယောက် မျက်လုံးကြီးပြူးပါးစပ်အသားကုန်ဖြဲပြီးသွားတိုက်တဲ့ပုံတွေ့လိုက်ရတာကိုး။ Ameတင်အံ့သြသည်မဟုတ် Chanyeolမှာလည်းရုတ်တရက်ကြီးသူ့မှန်ထဲတွင် မျက်နှာကြီးပဲကွင်းပြီးဖြူနေသောဆံပင်စုတ်ဖွားနှင့် ကောင်မလေးတစ်ယောက်ကိုတွေ့လိုက်ရသည့်အခါ (မျက်နှာသစ်နေတာကိုမျက်နှာပဲကွင်းဖြူနေတာပေါ့၊ ခုမှအိပ်ယာကထလာပါတယ် ဆိုနေမှ ခေါင်းမဖြီးရသေးဘူးလေ) Chanyeolခမျာအဘယ်မျှထိလန့်သွားသနည်းဆိုသော် ပါးစပ်ထဲမှ သွားတိုက်ဆေးများအပြင်သို့ ဖူးခနဲတောင် ထွက်သွားသည်။ ထိုမြင်ကွင်းမှာခဏအတွင်း ပြန်ပျောက်သွားသော်လည်းAmeမှာတော့ စိတ်ထင်၍ပဲလားမသိသူ့မျက်နှာကသွားတိုက်ဆေးအနံ့ပဲရနေသလိုလို.......
ထိုအဖြစ်အပျက်များအပြီးတွင် Genieတစ်ယောက် သူ့တွင်အစွမ်းရှိသည်ကိုအနည်းငယ်ရိပ်မိသွား၏ သို့သော် ဘယ်လိုသုံးရမည်ကိုတော့ မသိရှိသေးလောလောဆယ် သူရောက်နေတာကလည်း မန္တလေးဆိုတော့ သူ့ပိုင်နက်တော့ မဟုတ်ပေ။ ထို့ကြောင့် သူ့သူငယ်ချင်းတစ်ယောက်ဖြစ်သောTaiအိမ်သို့သွားကြည့်လိုက်သည်။ (ဟွန့် Taiရယ် ဘာများလုပ်နေသလဲမှတ်တယ် ဇင်မာဦးတို့လက်ထက်ကဖက်ဆစ်တော်လှန်ရေးကားကြီးကိုသဲကြီးမဲကြီးဒူးထောင်ပြီးကြည့်နေရတယ်လို့ ဒီလောက်တောင် ဇာတ်လမ်းထဲမျောချင်တာကဲရောက်စေ......) သူငယ်ချင်းကိုနောက်ချင်ဇောနှင့် လက်ဖျောက်တချက် တီးလိုက်သောအချိန်တွင် Tai၏ကံကြမ္မာလည်းပြောင်းလဲသွားသည်။ ဘယ်လိုကနေဘယ်လိုပျဉ်ထောင်အိမ်အိုလေး၏နောက်တွင် ပုန်းနေရသည့်ဘ၀ ရောက်သွားမှန်းTaiမသိပါ။ အိမ်ရှေ့ဘက်တွင်တော့ ဖုန်းဒိုင်းဖုန်းဒိုင်းအသံတွေကြားသည်။ထို့ကြောင့် စပ်စုချင်ဇောနှင့် အိမ်ရှေ့ကိုခါးထောက်ပြီးထွက်ကြည့်လေသော်.... 'ဟိုက်' လူအင်အား၅၀ထက်မနည်းသော ဂျပန်စစ်သားများက သူ့ကိုမျက်လုံးအ၀ိုင်းသားနှင့် ကြည့်ကြသည်။ ပြီးတော့ 'ဘူလေးလဲအဲဒါ ဘူလေးလဲ' ဂျပန်စစ်ဗိုလ်၏အမေးကိုသူ့စကားပြန်က 'ဂါဝန်ကြီးနဲ့ဆိုတော့ ဘီရုမာတော့ မဖြစ်နိုင်ဘူး။ ဘိုမကြီးလားမသိဘူး။''အိုကွာဘိုမကြီးပဲဖြစ်ဖြစ် ကီလီမကြီးပဲဖြစ်ဖြစ် စီရုပ်မကြီးပဲဖြစ်ဖြစ် ငါ့အတွက်သိမ်းမယ် ဒါပဲ'ဂျပန်စစ်ဗိုလ်၏စကားကြောင့် Taiကြောက်လန့်သွားသည်။ 'အီးဂျပန်စစ်ဗိုလ်ကလည်းရုပ်ဆိုးဆိုးပုကွကြီးနာရုတိုလိုလည်း ကြည့်မကောင်းပဲနဲ့ အသိမ်းမခံနိုင်ပါဘူးကိုကိုအတာအိုးရေကယ်ကြပါအုံးကျူးမီးငှား'သူ့အော်သံအဆုံးတွင် ဘွားခနဲTaoရောက်ချလာသည်။ သစ်ပင်ပေါ်ကကျလာသလားမိုးပေါ်ကကျလာသလားတော့မသိပါ။ Taiကတော့ ဒီလောက်တောင့်ဖြောင့်ချောမောသောမင်းသားလေးTaoကသူ့ကိုလာကယ်သဖြင့် ဂျပန်စစ်တပ်ကြီး ၀ိုင်းနေတာတောင် မေ့သွားပြီးအပျော်လွန်ပြီးခုန်ပေါက်နေလေ၏ 'ဟေ့ကောင်တွေ ကောင်မလေးကိုလွှတ်လိုက်စမ်း''အနားတောင် မရောက်သေးပါဘူးခင်ဗျ အခုမှ ကိုက်၁၀၀အကွာမှာပဲ ရှိပါသေးတယ် အဲဟုတ်ပါဘူးဘာကောင်လဲကွ တရုတ်သိုင်းကားထဲက ၀မ်ဖေးဟုန်လို ၀တ်ထားတဲ့ကောင်က ငါတို့ကိစ္စမှာဘာလို့ကာဆီးကာဆီးလုပ်နေတာတုန်း ၀ိုင်းဆော်ကွာ' 'အမလေးလာစမ်းပါ လူ၅၀လောက်များ ပန်ဒါတို့ကပျင်းတောင်ပျင်းသေးယားယိရို့ ၀ူတန်းသိုင်းဆိုတာ ဟိုလိုဒီလိုထိုက်ချိ 0123456789101112....' Tao၏သိုင်းကွက်အဆုံးတွင် ဂျပန်စစ်သားများအားလုံးလဲကျသွားသည်။ ထို့ကြောင့် Taiဘက်လှည့်ကြည့်သော် Tao၏သမင်လည်ပြန်အကြည့်ကိုTaiမခံနိုင်ပါ ဘိုင်းခနဲမေ့လဲသွားသည်။ 'ဟင် မိန်းကလေးသတိထားပါအုံးဟာဒုက္ခပဲမေ့လဲသွားတာကသူအရမ်းကြောက်သွားလို့ထင်တယ် မဖြစ်ပါဘူး'သို့နှင့် Taiကိုဆေးရုံပို့ပေးလိုက်တော့သည်။ Taiနိုးလာသောအချိန်တွင်တော့ Taoမရှိပါ။ အိပ်ရေးအတော်ဝသလို ခံစားလိုက်သည်။ (ဟင်းဒါအိမ်မက်ပဲဖြစ်မယ်ဆိုတာငါသိသားနဲ့ စိတ်ကူးယဉ်နေတယ် ဒါပေမယ့် ဘာလို့ငါကဆေးရုံရောက်နေရတာလဲ) ထို့ကြောင့် ဘေးတွင်ထိုင်နေသောအမေ့ကိုလှည့်မေးလိုက်သည်။ 'အမေ့ သမီးဘယ်လိုလုပ် ဆေးရုံကိုရောက်နေတာလဲဟင်''သမီးမေ့လဲလို့ဆိုကောင်လေးတစ်ယောက် လာပို့တာပဲသူခုနကမှ ပြန်သွားတယ်'သူမသင်္ကာသဖြင့် သူ့အိပ်ကပ်ထဲမှ Taoပုံထုတ်ပြလိုက်သည်။ 'အဲဒီကောင်လေးကသူလား..' 'အာဟုတ်တာပေါ့ သူမှသူပဲအဲ အ၀တ်အစားပဲ နည်းနည်းလွဲတာအပြင်ကတစ်ယောက်ကတော့ သိုင်းကားထဲကလို ၀တ်စုံမျိုးနဲ့...' 'ဒါ ဒါဆိုသမီးကိုကယ်ပြီးဆေးရုံကိုချီပို့ပေးတဲ့သူကTaoဂစ် ဂစ် ဂစ်' 'ဟဲ့ သမီးသတိထားသတိထားအော် ထပ်မေ့သွားပြန်ပြီဒီကလေးမကတော့.....'
To be continued

YOU ARE READING
Angel
FanfictionExoအဖွဲ့လိုက် မြန်မာနိုင်ငံကို ရောက်လာပြီး နတ်သမီးFanတစ်ယောက်ကြောင့် အလွဲတွေဖြစ်လာပုံကို ဇာတ်လမ်းဆင်ရေးသားထားတာပါ ထူးထူးခြားခြား Fanတွေပါ ထည့်ရေးထားလို့ စာဖတ်သူအနေနှင့် ကိုယ့်ဟာကိုယ် စိတ်ကူးယဉ်ကာ ဖတ်နိုင်ပါသည်ဟု