Angel (Final)

613 57 11
                                    

'ဒါနဲ့ Luhanပြန်ပေးဆွဲခံရမှန်း နင်ကဘယ်လိုလုပ်သိတာလဲ' Deer၏မေးခွန်းကို Witmoချက်ချင်းမဖြေနိုင် 'ပြောမယ် အမလေး မောလိုက်တာ ရေတစ်ခွက်လောက်" သူ့ဆီက သတင်းအချက်အလက်ရဖို့အရေး Bacon တို့မှာ ရေခပ်တိုက်လိုက်ရသေးသည်။ "အင့် မြန်မြန်မော့ ပြီးရင်ပြော.." Baconဆီမှ ရေခွက်ကိုယူ အားရပါးရ သောက်ပြီးချိန်မှသာ စကားဆက်ပြောတော့၏ "လွန်ခဲ့တဲ့နာရီဝက်လောက်တုန်းက နင်တို့တွေအကုန် Picasoနဲ့ Sehunကို စိတ်မချလို့ဆိုပြီး ဒီကမ်းခြေဘက်ကို ပြာပြာသလဲ ထွက်သွားကြတယ်မလား အဲဒီအချိန် Luhanခမျာ ဗိုက်လေးနိုပ်ပြီး အိမ်သာတက်ချင်နေတယ်။ တကယ်တော့ ရန်ကုန်မှာတည်းက တက်ချင်နေတာ ကျန်တဲ့ သူတွေကို အားနာလို့ ဘာမှမပြောပဲ လိုက်လာတာတဲ့ ဒီရောက်တော့ သူမနေနိုင်တော့ဘူးထင်တယ် ငါ့ကို အကူအညီတောင်းတယ် အိမ်သာတက်လို့ရမယ့်နေရာ ရှာပေးပါဆိုပြီး" Witmo၏စကားကို Yodaက ၀င်ထောက်သည်။ "ခြုံပုတ်တွေ ဘာတွေတော့ လက်ညိုးမညွှန်လိုက်ပါဘူးနော် တော်ကြာ မြွေပါးကင်းပါးနဲ့ တွေ့နေမှဖြင့်" "ညွှန်စရာလား အဲဒီနေရာကို နင့်ဆိုရင်တော့ ဘယ်ပြောတတ်မလဲ" "ဘာ..." "ကဲပါ တော်ကြပါ ဒီမှာ Luhanပျောက်လို့ စိတ်ညစ်ရတဲ့အထဲ" Donutအော်လိုက်မှ ၂ယောက်စလုံးလန့်ပြီး တိတ်သွားတော့သည်။ သို့သော် သူအော်၍မတိတ်နိုင်သူကား 'ဘာ Luhanကိစ္စကို နင်ကဘာလို့ ဒီလောက်ဒေါသထွက်ပြီး ပေါက်ကွဲ နေရတာလဲ ပြောတော့ D.Oကိုပဲ အချစ်ဆုံးပါဆို အချစ်ရေးကို ခုတမျိုး တော်ကြာတမျိုး အဲလိုလုပ်လို့ ရမလား' အော်ချင်တိုင်းအော်ပြီး သူ့ကိုစိတ်ကောက်ကာ ထွက်သွားသော D.Oကြောင့် သူတို့ရင်ဆိုင်နေရသည့် အရေးကြီးကိစ္စကိုတောင် Donutမေ့သွားသည်။ 'အဲဒီလိုမဟုတ်ပါဘူး D.Oရဲ့ Donutက D.Oကိုပဲချစ်တာ သိရဲ့သားနဲ့ ဟင့်ဟင့်...' ထိုသို့ စိတ်ကောက်ထွက်သွားသော D.Oနောက်ပြေးလိုက်သွားသည့် Donutကို ကြည့်ပြီး အကုန်လုံးကတော့ စိတ်ပျက်လျှက် 'အရေးထဲ ဒီနှစ်ကောင်ကတမှောင့် ငါတို့ ဒီမှာပဲရပ်နေလို့တော့ အလုပ်မဖြစ်ဘူး ရဲစခန်းပဲဖြစ်ဖြစ် အကြောင်းကြားထားရအောင် ပြန်ပေးဆွဲခံရတာသာဆိုရင် ဖမ်းတဲ့သူကတော့ သူလိုချင်တဲ့ဟာရဖို့ ငါတို့ဆီကို တနည်းနည်းနဲ့တော့ ဆက်သွယ်မှာပဲ။ သူဆက်သွယ်လာတဲ့ အချိန်ထိစောင့်တာ ပိုကောင်းလိမ့်မယ် ထင်တာပဲ' Thet၏အကြံပြုစကားမှာ နည်းလမ်းကျသဖြင့် အားလုံးသဘောတူကြပါသည် Xiuminလေး အပါအ၀င်ပေါ့ 'ထောက်ခံတယ် ထောက်ခံတယ်' (ဟိ ပျော်ထှာ minnieလေးက ငါ့ကို အထင်တွေ Bigသွားပြီ ငါကွ) Pyae Pyaeကတော့ မျက်စောင်းထိုးလျှက်.......... ထိုအချိန်တွင် Ame၏ဖုန်းတွင် မက်ဆေ့တစ်စောင် ၀င်လာချေ၏ "ဟင် Linaပို့လိုက်တာတော့ အံ့အားသင့်စရာကြီး ဘာဖြစ်လို့ပါလိမ့်"
"Picaso၊ ဂင်ဇန်းဝတ်၊ Presenter Deer နှင့်တကွ အခြားshootingအဖွဲ့သားယောင်ဆောင်သော ExoLများ သိစေရန်....... သင်တို့အခု ကျွန်တော်ရေးထားသောစာကို အုပ်စုလိုက်ဝိုင်းပြီး ဖတ်ရှုနေချိန်တွင် Luhanမှာ ကျွန်တော် လူလှကလေး Linaလက်ထဲတွင် မုချရောက်နေမည်မှာ ဧကန်ဖြစ်ပေ၏ သတိ ကျွန်ုပ်အား ရဲလက်သို့ အပ်ခြင်း တိုင်ခြင်း တောခြင်း လုံးဝမလုပ်ရ။ အနေမတတ်လျှင် သင်တို့အုပ်စု ယင်ကောင်နှင့်ဂင်ဇန်းဝင်းကို ဖမ်းဆီးပြီး နေရာလုယူသည့်ကိစ္စပါ တွဲလျှက်ပေါ်မည်ကို သတိပြုပါ။ နောက်ပြီး ယခုLuhanမှာ ကျွန်ုပ် လက်ထဲတွင် ရှိနေသည်ကိုလည်း မမေ့ပါနှင့် သူ့ကိုအိပ်ဆေးလည်း တိုက်ထားသည် သင်္ကြန်တွင် ကောင်မလေး များအားတိုက်ရန် လူယုတ်မာများ ကြံစည်ထားသည့် ဟိုဒီစိတ်ကြွ ကော်ဖီ နို့ခဲ ဆေးပြားများလည်း ချမ်းသာသ၍ကို ပေါင်နှံရောင်းချပြီး ၀ယ်ယူစုဆောင်းထားသောကြောင့် အလုံအလောက်ရှိပါ၏ ထို့ကြောင့် လှုပ်ရှားမည်ဆိုလျှင် စဉ်းစားပါ။ ကျွန်ုပ်၏ချစ်လှစွာသော LuLuကလေးကို Picasoတို့၏ ဥာဏ်နီဥာဏ်နက် ဥာဏ်ဝါ ဥာဏ်ပြာတို့ဖြင့် မကယ်နိုင်စေရန် တံတိုင်းအထပ်ထပ် ကျုံးအထပ်ထပ်နှင့် ခုနှစ်ဆောင်တိုက်ခန်း အမြင့်ပေါ်တွင် ရွှေပေါ်မြတင်ထားပါ၏ Luhanအား ပြန်လိုချင်လျှင် တပတ်အတွင်း Trader Hotelတွင် တရားဝင် ကျွန်တော်တို့အား မင်္ဂလာဆောင်ပေးရမည်။ မနက်ဖြန် ကိုးနာရီခွဲ ကန်တော်ကြီးမျှော်စင်ကျွန်းတွင် ဖိတ်စာနမူနာနှင့်တကွ လာစောင့်ပါ ပုံ/Lina" Luhanကို ပြန်ပေးဆွဲသွားသော Linaဆီမှစာကို ဖတ်ပြီးသည့်အခါ Picasoတို့မှာ ဒေါသထွက်ကာ ဆွေ့ဆွေ့ခုန်လျှက် 'ဘာ ရွံထှာဟယ် သူ့ရုပ်သူများ လူလှကလေးတဲ့' Luhan biasများဖြစ်သော Deerနှင့်Witmoဆိုလျှင် တယောက်တပေါက် ၀ိုင်းဆဲကြတော့၏ 'Linaအကြောင်းသိတယ် သူကခုတလော 18+ဇာတ်လမ်းကို ခရေစေ့တွင်းကျ ရေးနေကတည်းက မသင်္ကာဖြစ်နေတာ။ အဟင့် ခုတော့ Luhanခမျာ သူ့လက်ထဲမှာ...' 'Stop ဆက်မပြောနဲ့ အမလေး ဒီအရူးကောင် လက်ထဲမှာ ငါ့LuLuလေးကို အဆုံးရှုံးတော့ မခံနိုင်ဘူး။ အသက်စွန့်ပြီး လုပစ်မယ်။' "အင်း နင်အသက်စွန့်လိုက်ရင် လုဖက်တစ်ယောက် လျော့သွားတာပေါ့နော် ကဲပါ အသေခံတာ မခံတာ နောက်မှစဉ်းစား အခုဒီကိစ္စကို စုံစမ်းဖို့ စုံထောက်၂ယောက် ငှားထားတယ်။ တော်ကြာ ရောက်လာတော့မှာ" Picasoစကားကြောင့် ExoLများအပြင် Exoများပါငြိမ်ပြီး ခေါင်းထောင်သွားကြသည်။ "ဘယ်သူတွေများလဲ" "စုံထောက်ကြီးရှင်းလော့ဟုမ်းနဲ့ ဒေါက်တာသစ်ဆင်တဲ့ " Picaso၏အဖြေစကား ကြားရသည့်အခါ Exoများကတော့ ဘာမှမသိသဖြင့် အမှုမဲ့အမှတ်မဲ့ Deerကတော့ ရောက်လာမည့်၂ယောက်အကြောင်းကို ကောင်းကောင်းသိသဖြင့် ရင်တုန်သည်။ သူတို့က Layနှင့်Sehunကို အသေရရ အရှင်ရရ နည်းမျိုးစုံသုံးပြီး ယူနိုင်လောက်အောင် ရူးသွပ်သောကြောင့်ပင်.........
Exoများ၏ ဧည့်ခန်းတွင် Layနှင့်Sehunတို့၏ အော်သံများနှင့် ဆူညံလျှက်ရှိပေ၏ Taiမသင်္ကာသဖြင့် အိမ်ရှေ့ကို ရောက်ရောက်ခြင်းပင် Taxiခအမြန်ရှင်းကာ သွားကြည့်ရတော့၏ ထိုအခါ Layနှင့်Sehunခမျာ ဆိုဖာပေါ်တွင် ဆောင့်ကြောင့်ကလေး ဒူးဖက်ပြီး မျက်စိမှတ်ကာ အော်နေရှာသည်။ ရှင်းလော့ဟုမ်းနှင့်သစ်ဆင်ကတော့ အရာတစ်ခုနှင့် သူတို့၂ယောက်ကို အတင်းလိုက်ပွတ်နေသလိုပင် 'ဟင် အဲဒါဘာလုပ်နေကြတာလဲ Layနှင့် Sehunကို' Taiကရှင်းလော့ဟုမ်းနှင့်သစ်ဆင်ကို အော်လိုက်သဖြင့် အားလုံးငြိမ်ပြီး ရပ်သွားကြသည်။ Layနှင့် Sehunကလည်း အားကိုးတကြီး Taiနောက်သို့ပြေးပုန်းကြ၏ (ဟိဟိ ငါကွပန်ဒါကတော်) 'ဒါလား သက်သေ ပစ္စည်းရှာနေတာလေ လက်ဗွေရာများ တွေ့မလားလို့' ရှင်းလော့ဟုမ်းနှင့်သစ်ဆင်၏ ဖြေရှင်းချက်ကို Layနှင့် Sehunကငြင်းဆိုသည်။ 'ဟင်အင်း အရှာမခံနိုင်ဘူး တစ်ကိုယ်လုံးလိုက်ပွတ်ဖို့ ကြံစည်နေပါတယ် အဟင့် ညီမသာ အချိန်မီရောက်မလာရင် ဒီရှာပုံနဲ့ဆို တွေ့တဲ့လက်ဗွေရာက သူတို့လက်ဗွေရာပဲ ဖြစ်လိမ့်မယ်။' (ငိ ဒီမိန်းမတွေ ပွဲကြမ်းလှချေလား အချစ်ကိုရဖို့အတွက် အကြမ်းနည်းသုံးမရဘူး အနုနည်းသုံးမှရမယ်ဆိုတာ ဒင်းတို့ မသိဘူးလား) 'ဒီမှာ စုံထောက်ကြီးတို့ သက်သေပစ္စည်းရှာမယ်ဆိုရင် အခင်းဖြစ်တဲ့နေရာမှာ သွားရှာ ရမှာလေ ဘာလို့အိမ်မှာ လာရှာနေရတာလဲ။ နောက်ပြီးတော့ Luhanပြန်ပေးဆွဲခံရတာနဲ့ သူတို့ကဘာဆိုင်လဲ အဖွဲ့သားအချင်းချင်း ပြန်ပေးဆွဲစရာလား နည်းနည်းလဲ စဉ်းစားကြည့်ပါအုံး' 'စဉ်းစားပါတယ် ရှင်းလော့ဟုမ်းပါ နည်းစနစ်ကျကျ ပြန်စဉ်းစားကြည့်တော့ Layနှင့်Sehun နှစ်ယောက်စလုံးက Luhanနဲ့ဘာညာဘာညာသတင်း ထွက်ဖူးတယ်လေ အခုတလောကျမှ LuhanကXiuminနဲ့ သတင်းတွေထွက်တော့တာ အဲဒီတော့ မနာလိုဖြစ်ပြီး ပြန်ပေးဆွဲရန် စေခိုင်းမှုလည်း ဖြစ်နိုင်တာပဲလေ ဒီနှစ်ယောက်လုံးက မသင်္ကာစရာ စာရင်းထဲမှာ နံပါတ်၁ ဖြစ်နေတယ်' ရှင်းလော့ဟုမ်း၏ စွပ်စွဲချက်ကို Layနှင့်Sehunတို့က အကြောက်အကန် ငြင်းဆန်တော့သည်။ 'ကြံကြီးစည်ရာဗျာ အစ်ကို့ကိုရဖို့အတွက်နဲ့တော့ အလုပ်ရှုပ်ခံပြီး ပြန်ပေးဆွဲခိုင်းစရာလား အိမ်မှာရှိနေတာပဲဟာ လစ်တဲ့အချိန် ကြံလို့ရတယ် အဲဟုတ်ပေါင် ကျွန်တော်တို့က အဲလိုစိတ်နဲ့ ခင်တာမဟုတ်ပါဘူးဆို' ထိုအချိန်တွင် သူတို့အိမ်ရှေ့သို့ Expressတစ်စီး ဆိုက်ရောက်လာပြီး ကားပေါ်မှ Picasoဆင်းလာသည်။ 'Luhanကို ဖမ်းထားတဲ့နေရာကို စုံစမ်းလို့ရပြီ အခုချက်ချင်း သွားကယ်ရမှာမို့ နင်တို့ပါ လိုက်ခဲ့ကြ'
'ဖမ်းထားတဲ့နေရာကို ဘယ်လိုလုပ်ပြီး သိတာလဲဟင် မကြီး' သစ်ဆင်၏မေးခွန်းကို Ameကသေသေချာချာ ပြန်ဖြေပါသည်။ 'ဒီလိုဒီလို သဲလွန်စကို Linaပို့လိုက်တဲ့ မက်ဆေ့ကနေ ခြေရာကောက်ရတာပါပဲ။ သူ့ဖုန်းကို GPSပိတ်ထားတယ်ဆိုပေမယ့် စာထဲမှာပါတဲ့ သူချိန်းတဲ့နေရာက ကန်တော်ကြီးမျှော်စင်ကျွန်းတဲ့ Linaဆိုတဲ့ ကောင်ကခပ်ဝေးဝေးသွားရတာ သိပ်ကြိုက်လေ့မရှိဘူး ဒါနဲ့ ဒီနီးနားတ၀ိုက်မှာပဲ Luhanကိုဖမ်းထားလိမ့်မယ်လို့ ကောက်ချက်ချမိတယ်။ နောက်ပြီး သူ့စာထဲမှာပါတယ်လေ တံတိုင်း ကျုံးအထပ်ထပ်နှင့် ခုနှစ်ဆောင်တိုက်ခန်း အမြင့်ဆိုတည်းက ကွန်ဒိုဖြစ်ဖို့ ကျိန်းသေသွားပြီ။ ရွှေပေါ်မြတင်ထားပါ၏ ဆိုတာကတော့ အဲဒီကွန်ဒိုနာမည်က ရွှေနဲ့မြစကားလုံး တခုခုပါရမှာပေါ့။ ဒါနဲ့ပဲ လူနေခွင့်ကျတဲ့ တိုက်တွေကို ရွေးလိုက်တော့ ရှာရမယ့်ဘောင်က ပိုကျဉ်းသွားတာပေါ့ နောက်ဆုံးဒီတစ်တိုက်ပဲ ကျန်တော့တယ် မှန်းတာမမှားဘူးသာဆိုရင် ခုနှစ်လွှာဘယ်ဘက် အခန်းမှာ Luhanရှိနေလိမ့်မယ်။' Ameစကားကို ရှင်းလော့ဟုမ်းက အဓွန့်တက်နေသေးသည်။ 'ဘယ်ဘက်က အခန်းမှန်း ဘယ်လိုလုပ်သိသလဲ ညာဘက်ရော မဖြစ်နိုင်ဘူးလား။' သူ့အမေးကို Picasoက စုံထောက်ကြီး ဦးစံရှား လေသံနှင့်ဖြေလေ၏ 'ငဲငဲငဲ ညာဘက်အခန်းက အခုမှ ကြွေပြားကပ်နေတုန်းလေကွယ် စိတ်ချပါ Picasoက စုံထောက်ဇာတ်လမ်းတွဲကို အတွဲလိုက်မလွတ်တမ်း ကြည့်ခဲ့တဲ့သူပါဆို' ထိုမြင်ကွင်းကိုကြည့်ပြီး Suhoအတွေးထဲမှာတော့ (ဒီလို စဉ်းစားတတ်ရင်လည်း အစတည်းက ကိုယ့်ဘာသာကို လိုက်ကယ်ပါလားလို့ ဟိုစုံထောက်၂ကောင်ကို ပိုက်ဆံအကုန်ခံ ငှားထားသေးတယ်။ ပိုက်ဆံထုတ်ရတဲ့သူက သူ့ရဲ့Krisမဟုတ်တိုင်း တော်တော်ဖြုန်း....)
No.7(B) အခန်းရှေ့ရောက်လျှင် Deerမှာ အားလုံးဝိုင်းတားထားသည့်ကြားထဲက မထိန်းနိုင် တံခါးမကြီး အပြင်မှ အသံကြားလို့ ကြားရငြား နားနှင့်ကပ်ပြီး နားထောင်မိသည်။ Witmoကလည်း ဘာမှမထူး သူ့ဘေးကလိုက်ပြီး နားထောင်နေသည်။ 'ညီလေးရယ် အစ်ကို့အတွက် အဲလိုလုပ်စရာ မလိုပါဘူး။ အဲလိုကြီး မထိုင်ပါနဲ့ အစ်ကို မနေတတ်လို့ပါ ထနော် တောင်းပန်ပါတယ်။' 'ဟင့်အင်း ဟင့်အင်း မထနိုင်ဘူး ဒီလိုအခြေအနေမျိုးက နောက်ရှိချင်မှ ရှိတော့မှာ အခွင့်အရေးရတုန်းပဲ လုပ်ရတာကို အစ်ကိုရယ် ကျွန်တော့်ကို မငြင်းပါနဲ့' ချောင်းပြီး နားထောင်နေရသော Deerနှင့်Witmoမှာတော့ ဒေါသထွက်ကာ တစပ်စပ်တုန်နေချေပြီ။ 'ညီလေး အစ်ကိုလေ တခါမှ ဒီလိုမကြုံဖူးလို့ပါ အကျင့်မဖြစ်ဘူး ဖြစ်နေတယ် တော်ပီနော် ရပြီ' ဒီတခါ Witmoလုံးဝကို သည်းမခံနိုင် အပြင်းအထန် ပေါက်ကွဲချေပြီ။ '....ကောင် ...ကောင် ငါ့လုလုလေးက ဒီလောက်တောင်းပန်နေတာတောင် ဒင်းက မကျေနပ်နိုင်ဘူးလား လုံးဝသည်းမခံနိင်တော့ဘူး။ တွေ့မယ် Witmoအကြောင်း ဒင်းကိုတစ်မွှေးမကျန် နှုတ်ပစ်မယ် (ဆံပင်)' သို့နှင့် ထိန်းမနိုင်သိမ်းမရဖြစ်ကာ တံခါးကို အသားကုန်ကန်ပြီး ဖွင့်အကြည့်................. ဆိုဖာထိုင်ခုံပေါ်လေးတွင် တင်ပလင်ချိတ်လေးထိုင်နေသော Luhan၊ ရှေ့စားပွဲခုံလေးတွင် တင်ထားသည့် ကန်တော့ဖွယ် ပစ္စည်းများနှင့် ကောဇောပေါ်တွင် ကျုံ့ကျုံ့လေးထိုင်ပြီး လက်အုပ်ချီနေသော Linaတို့မှာ တံခါးကို ၀ုန်းခနဲဖွင့်ကာ ကို့ရို့ကားယားကြီး ရောက်လာသော Witmoကို ထူးဆန်းသော သတ္တ၀ါကြီးတစ်ကောင်ပမာ ပြူးကြည့်နေကြသည်။ သို့မှ Witmoလည်း ရှက်ရှက်နှင့် 'အဟဲဟဲ သီတင်းကျွတ်အကြို ကန်တော့နေတာလား ငါကိုတော့ မစောင့်ဘူး ငိငိ' ဘာလုပ်ရမှန်းမသိပဲ Witmoပါ ဦးသုံးကြိမ်ချကာ ၀င်ကန်တော့တော့သည်။ ပြီးမှ 'Luhan ကလေးတွေကို မုန့်ဖိုးပြန်ပေး....' Luhanလည်း အူတိအူကြောင်နှင့် ဘောင်းဘီအိတ်ထဲက ဒေါ်လာလေးတွေ ၂ရွက်စီ ထုတ်ပေးလိုက်သည်။ ထိုအချိန်မှ တံခါးအပေါက်ဝတွင် တပြုံကြီးစုရပ်နေသော အဖွဲ့များကို တွေ့သည့်အခါ 'အော် မင်းတို့လည်း ၀င်လာကြလေ သတင်းကျွတ်အကြိုတဲ့ ၀င်ကန်တော့ကြ ငါမုန့်ဖိုးပေးမယ်' 'တကယ်လား ဒါဆို ကန်တော့တာပေါ့ ဟီး' သို့နှင့် Xiuminနှင့်Deerမှလွဲရင် အကုန်လုံး ထိုင်ကန်တော့ကာ မုန့်ဖိုးတောင်းလိုက်သဖြင့် Luhanခမျာ Suhoဆီကတောင် ပိုက်ဆံချေးလိုက်ရသည်။ (ဟင့် ငါကိုယ်၌ကိုက မှားတာ ဒီလိုလူများမှန်းသိရင် ၀မ်၁၀၀၀စီပဲ ပေးပါတယ်လို့)
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Exoများ၏အပြန်ခရီးကို လိုက်ပို့ကြသောလူများနှင့် စည်ကားလျှက် ရှိသည်။ 'Luhan ဖုန်းနံပါတ်လေးဖြစ်ဖြစ် ပေးခဲ့ပါလားဟင် ဟိုရောက်သွားရင် Deerတို့ဖုန်းဆက်လို့ ရတာပေါ့' 'Weibo Acc IG Acc တွေရှိပြီးသားမလား အဲဒီကနေ ဆက်သွယ်လေ' 'ဟာ အဲဒါတွေက တရုတ်မတွေနဲ့ လုနေရတယ်လေ ပြီးတော့သတိထားမိမှာလည်း မဟုတ်ဘူး ဖုန်းနံပါတ်ပဲပေးခဲ့ ရဘူး မဟုတ်ရင် ပြန်ပေးဆွဲ လိုက်မှာနော်' 'အမလေး အဲလိုထပ်မလုပ်ပါနဲ့တော့ အခုတောင် အကြွေးတင်နေတာ ဖုန်းနံပါတ်ယူမှာမလား ပေးမယ်ပေးမယ်' ထိုသို့ Luhanတို့အဖွဲ့ အလုပ်ရှုပ်နေချိန်တွင် D.Oတို့Kaiတို့ ဘက်တွင်လည်း 'ဟောဒီမှာ Shootingအဖွဲ့သားတို့အတွက် လိုင်းဆွဲအားကောင်းတဲ့ဖုန်း' 'ဟင် ဒါ ဒါက MayThiတို့ကို ပေးလိုက်တာလား အဟိ အားနာစရာကြီး' 'အားမနာပါနဲ့ Suhoကြီးမသိအောင် သူ့အိတ်ထဲက နှိုက်လာတာဆိုတော့ အစ်ကိုတို့ ပိုက်ဆံမကုန်ဘူး' D.Oတို့စကားကြောင့် Donutခမျာ ဖုန်းလေးကိုင်ပြီး ချီတုံချတုံ ဖြစ်သွားသည်။ 'အင် ယူလို့ ကောင်းပါ့မလားဟင် မီးက သိပ်အားနာတတ်.... ဟဲ့ MayThi အဖြူကငါ့ဟာလို့ ပြောထားတယ်နော်...............' Taoကတော့ Taiတောင်းဆိုထားသည့် ၀ူရှုးသိုင်းကွက် လေ့ကျင့်ခန်းစာအုပ်တွင် လက်မှတ်ရေးထိုးပေးနေသည်။ 'ဒီစာအုပ်ထဲကအတိုင်း စနစ်တကျ လေ့ကျင့်ရင် နောင်သူများအကူအညီ ယူစရာ မလိုတော့ဘူး။' (ဟွန့် သူများက အားကိုးချင်ပါတယ်ဆိုနေမှ စာအုပ်ထဲကအတိုင်း လေ့ကျင့်ရင် သူကဘယ်လာကယ်တော့မလဲလို့) Chanyeolမှာ သူ့နားကျပ်ဖုန်းစသည်တို့ကို လေယာဉ်ပေါ်တွင် အသင့်နားထောင်ရန် အကျီ၏ဘေးအိပ်ကပ် ထဲတွင်ထည့်နေသည်။ ထိုစဉ် 'Oppa' 'အော် Yoda ဘာများလဲ' 'ဟောဒီမှာ ice-cream' 'ဟေးးးး ခုမှပဲ စားရတော့......အီး မန်နေဂျာကြီးးးးး' 'ဟေ့ကောင် အခုချက်ချင်း ငါ့ကိုအဲဒါပေးစမ်း ဟေ့ ပေး ဘယ်ထွက်ပြေး ဟာ ဒီကောင်တော့..... Parkchanyeol ပြန်လာခဲ့ ငါအပြေးမသန်ပါဘူးဆိုနေမှ.....' Layနှင့်Sehunမှာ စပါယ်ရှယ် စုံထောက်များဖြစ်သော ရှင်းလော့ဟုမ်းနှင့်သစ်ဆင်တို့အတွက် အမှုလိုက်အထောက်အကူပြု စာအုပ်စာတမ်းများကို လမ်းညွှန်ပေးနေလေ၏ ထိုအချိန် ပေါက်ဆီပေါင်းအိုးနှစ်အိုး၊ ကောင်မလေး၂ယောက် အကြား ဗျာများနေရသော Xiuminခမျာ 'ကဲ တော်ကြပါတော့ဗျာ ရန်မဖြစ်ကြပါနဲ့တော့ ဒီဘက်တစ်အိုးလည်း စားမယ် ဟိုဘက်တစ်အိုးလည်း စားမယ် ကျေနပ်တယ်နော် မကျေနပ်ရင်လည်း တထိုင်တည်း နှစ်အိုးလုံးကို ထိုင်စားမယ်' 'ငိငိ Minnieလေးကလည်း Thetက တို့အကြိုက်ဆုံး လားရှိုးခုနှစ်လွှာပေါက်ဆီကို စားစေချင်လို့ ပါဆိုနေမှ ဖြေးဖြေးစားလည်း ရပါတယ် စိတ်ဆိုးဘူး' 'Pyaeကလည်း ပေါက်ပေါက်လေးကို Homemake ပေါက်စီစားစေချင်လို့ပါ ဖြေးဖြေးချင်းစားတော့ ခံစားချက်ပိုပေါ်တာပေါ့ ဟီး သက်တောင့်သက်သာဖြစ်မှပဲ စားနော်' 'ပြီးရော' သူများတွေအလုပ်ရှုပ်နေချိန်တွင် Picasoကတော့ Krisအနားတွင် တောက်လျှောက်ကို ငိုလျှက်ရှိသည်။ 'Yaa Picaso crying girl is not my style တိတ်ပါတော့ သူများမြင်ရင် တမျိုးထင်နေအုံးမယ် တိတ်တော့' Krisပြောလိုက်မှ Picasoတချက်ပြန်စဉ်းစားသည် ပြီးရောမျက်ရည်စက်လက်နှင့် မျက်နှာကြီးဖြီးပြီး 'ဟီး ငိုတာKrisစတိုင်မဟုတ်ရင် မငိုရင်Krisစတိုင်ဖြစ်မှာပေါ့နော် ငိုတော့ဘူး ဟိဟိ' 'ဟေ့ ဟေ့ အဲလိုတော့ ငါမပြောဘူးနော် ငါဆိုလိုတာ ငိုရင်ငါ့စတိုင်မဟုတ်ဘူးပဲပြောတာ ကဲပါ မျက်ရည်တွေသုတ်လိုက်တော့ မင်းကို နှုတ်ဆက်လက်ဆောင် ပေးစရာရှိတယ်' 'တကယ် ဘာပေးမှာလဲဟင်' 'မျက်စိမှိတ်ထား' 'အင်' (ဘုရား ဘုရား ဘာပေးမလို့ပါလိမ့် Goodbye Kissတွေ ဘာတွေများလား) ထိုသို့တွေးပြီး မျက်လုံးလေးမှိတ်ကာ နှုတ်ခမ်းထော်ထားလိုက်သည်။ ခဏတာအတွင်း ခပ်ပွပွအရာတစ်ခု သူမနှုတ်ခမ်းကို လာထိ၏ မသင်္ကာသဖြင့် လျှာနှင့်တို့ကြည့်သောအခါ 'အား Krisကြီး အဲဒါဘာလုပ်တာလဲ သူများပါးစပ်ကို Angrybird အရုပ်နှုတ်သီးနဲ့ လာထိုးရသလား နောက်စရာရှားလို့' Krisက ဘာမှပြန်မပြောနိုင် ဗိုက်နိုပ်ပြီး အသားကုန်ရယ်သည် ပြီးမှ 'မဟုတ်ပါဘူး အစတည်းက ဒီအရုပ်ကို မင်းအတွက်ပေးမလို့ စိတ်ကူးပြီးသားပါ ဘာပဲပြောပြော အစွမ်းကုန် ကူညီခဲ့တာပဲကို ဒါပေမယ့် ခုနက မင်းပုံစံတွေ့တော့ နောက်ချင်လာလို့ ဟီး ဟီး တန်ဖိုးနည်းတယ်ဆိုပြီး အရုပ်ကိုလွှတ်မပစ်နဲ့နော် ဒါကငါ့အကြိုက်ဆုံး အရုပ်တွေထဲကတစ်ရုပ် အိပ်ယာထဲမှာထားအိပ်တာ' 'ဟင် ဒီလိုလား စိတ်ချ Picasoလည်း အိပ်ယာထဲမှာပဲ ထားအိပ်မှာ ဟိဟိ' ပူလွန်းသဖြင့် ပါလာသည့်အအေးကို ဖောက်သောက်နေသော Baekhyunအနားသို့ Baconရုတ်တရက် ရောက်လာသည်။ 'Baekhyun အဲဒီအအေး ငါ့ကိုပေးပါ' ဘုမသိဘမသိ ရုတ်တရက်ကြီး လာတောင်းသော Baconကို သူ့အအေးဘူးပေးလိုက်ရသည် 'အင့် ရော့' Baconမှာ အအေးဘူး သူ့လက်ထဲရောက်သောအခါ Baekhyunသောက်သည့်နေရာကပင် ကုန်အောင် မော့သောက်လိုက်၏ ပြီးနောက် ဖွင့်သည့်အတံလေးကို ဆွဲဖြုတ်ပြီး 'Baekhyunဒီကွင်းလေး ငါ့လက်ကိုစွပ်ပေး အင့်' Baekhyunလည်း ကြောင်တောင်တောင်ဖြစ်နေသဖြင့် ခေါင်းတချက်ကုတ်သည်။ ပြီးတော့ သူခိုင်းသည့် အတိုင်း လုပ်ပေးလိုက်သည်။ 'ဟေး ငါကွ ဒီမှာဗျို့ အားလုံးလာကြည့်ကြစမ်း Baekhyunက ငါ့ကိုလက်စွပ်စွပ် ပေးပြီးသွားပြီ တွေ့တယ်နော်' 'အဲ အဲ အဲလိုမဟုတ်....' 'ဘာ မဟုတ်တာလဲ သူနော် လုပ်တုန်းကလုပ်ပြီး တာဝန်မယူရဲတာလား' 'ဟေး ဘာတွေလျှောက်ပြောနေတာလဲ လူတွေကြည့်နေပြီ အမလေးနော် ဘယ်လို လုပ်ရပါ့........' Exoများနည်းတူ SMသို့Traineeအဖြစ် လိုက်သွားရမည့် Ameမှာလည်း သူငယ်ချင်းများနှင့် အလွမ်းသည်ကာ နှုတ်ဆက်နေရသည်။ မပြီးနိုင်မစီးနိုင် ဖြစ်နေသဖြင့် Chenမှာ စိတ်မရှည်ပဲ လှမ်းအော်တော့၏ 'Ame မြန်မြန်လာ ၁ကနေ၃အတွင်း မလာရင် နင့်ကိုထားခဲ့တော့မယ်' 'လာပါပြီ Oppa အဲ ဆရာ ဟီး အခုထဲက အကျင့်ဖြစ်အောင် ခေါ်ထားတာပါ' ဤမြန်မာနိုင်ငံရောက် Exo၏ခရီးစဉ်သည် အခက်ခဲမျိုးစုံ ဗရုတ်သုတ်ခမျိုးစုံနှင့် ကြုံတွေ့ခဲ့ရသော်လည်း သူတို့အင်မတန် ပျော်ရွှင်ခဲ့ပါ၏ ဒီနိုင်ငံတွင်ရှိသော သူတို့၏ ပရိသတ်များကလည်း ချစ်ခင်စရာကောင်းလှပါ၏ ထို့ကြောင့် နောင်နှစ်ဒီလိုချိန်ခါတွင် တခါတခေါက် ပြန်လာဖြစ်အုံးမည်ဟု တခြားMemberများနည်းတူ Suhoဆုံးဖြတ်ချက်ချမိပါသည်။ သူ့ခြေလှမ်းများသည် မခွဲခွာနိုင်၍လား ၀မ်းနည်း၍လား ဘာကြောင့်ရယ်မသိ လေးလံစွာပင် ချစ်သောမြန်မာမြေကို ခဏတာ ကျောခိုင်းထွက်ခါလာမိတော့သည်။ (စာကြွင်း- လေးလံနေရသောအကြောင်းမှာ နတ်သမီးမမGenieသည် Suhoကို မခွဲခွာနိုင်ဟုဆိုကာ ကျောပေါ်ဖက်ပြီး လိုက်သွားသောကြောင့်.....)
The end

AngelDonde viven las historias. Descúbrelo ahora