Angel (Part-6)

380 47 4
                                    

အဖြစ်မှန်ကို မသိရှာသော Ameမှာ Chanyeolနှင့်Yodaကို အဆင်ပြေနေပြီအထင်နှင့် အဆွေးကြီးဆွေးကာ ဆိုဂျူတစ်ပုလင်းပြီးတစ်ပုလင်း ထိုင်သောက်နေမိတော့သည်။ တစ်ကတ်ကုန်ပြီး ရေချိန်ကိုက်သွားလေသော် 'ဘယ်ခွေးမှ လူမထင်ဘူးကွ ၀ံပုလွေဆိုရင်တော့ လိုချင်တယ် ငီး ငီး ငီး ငီး Ameတဲ့ကွ တမီတည်းရှိတယ် ၂မီရှိရင် Chanyeolတင်မကဘူး တဖွဲ့လုံးနဲ့ပါ ဒန် ဒန့် ဒန်ပစ်မယ်' ထိုကဲ့သို့မူးပြီး Exoများတည်းခိုရာအိမ်ရှေ့တွင် သောင်းကျန်းနေလေတော့၏ သူ့အသံကြောင့် တစ်ယောက်တည်းအေးဆေး စာဖတ်နေသော Suhoကြီးခမျာ နားငြီးနေလေပြီ။ (Ahhhh ဒီကောင်လေးက Shooting Manager Ame မဟုတ်လား ပူရအိုက်ရတဲ့အထဲ ဒီအရည်တွေ ဘယ်လောက်များသောက်လာလို့ ဒီလောက်သောင်းကျန်းနေတယ် မသိဘူး ရပ်ကွက်လူကြီး မဆွဲခင် ငါသွားဆွဲအုံးမှပါပဲ) Suhoကြီးမှာ Ameကို မိန်းကလေးမှန်းမသိသဖြင့် သူ့ကိုယ်သူဘာမှစိတ်မချမဖြစ် သို့သော် သူ့ကို တိတ်တဆိတ် စောင့်ကြည့်နေသည့် နတ်သမီးလေးGenieကတော့ ဆွေ့ဆွေ့ခုန်နေလေပြီ။ 'Yaa Suhoကြီး ဘယ့်နှယ့်မူးနေတဲ့သူကို ချီခေါ်ဖို့လုပ်နေတာလဲ ဟိုမိန်းမက စိတ်ချရတာ မဟုတ်ဘူး။ မူးမူးနဲ့ ၀ုန်းထည့်လိုက်မှ ငါ့Suhoဒူးနဲ့မျက်ရည်သုတ်နေရမယ် မဖြစ်ဘူး ဒင်းအမူးပြေအောင် တခုခုတော့လုပ်မှ' သို့နှင့် ကြံရာမရပဲ ဘေးကရေကူးကန်ထဲမှ ရေများဖြင့်Ameကို ပက်ထည့်လိုက်တော့သည်။ 'ဗွမ်း' 'အမလေးတော့' သူ့ရှေ့တင် ရုတ်တရက်ကြီး ရေတွေရွှဲစိုသွားသော Ameကိုကြည့်ရင်း Suhoဦးနှောက်ခြောက်သွားသည်။ 'ဟင် ဘယ်ကဘယ်လို ရေကစိုသွားပြန်ပြီလဲ မဖြစ်ပါဘူး အပူပါရှပ်တော့မယ် လာလိုက်ခဲ့ အကျီလဲပေးမယ်' (အဟင့် ဒီမိန်းမကိုများ အကျီလဲပေးမယ် ဒုက္ခပါပဲ ငါလုပ်မှပိုဆိုးသွားပြီ မဖြစ်ဘူး တခုခုထပ်ကြံအုံးမှ Ameအမူးပြေ သွားအောင် နားရင်း၃ချက်လောက်ဖြစ်ဖြစ် အုပ်လိုက်မှရမယ်) 'ဘုံး ဘုံး ဘုံး' 'အဟစ် ဂစ်'Genieလက်ဆ အနည်းငယ် ပြင်းသွားသောကြောင့် Ameခမျာ သတိတောင်လစ်သွားသည်။ Suhoမှာတော့ သူ့ကျောပေါ်တွင် ရုတ်တရက် သတိလစ်သွားသဖြင့် တော်တော်လေး ပြာယာခတ်သွားသည်။ 'ဟာ Ame ဘယ်လိုဖြစ်ပြန်ပြီလဲ သတိထားပါအုံး ဟေ့ကောင် ပန်ဒါရေ လာပါအုံးဟ ဒီမှာသတိလစ်သွားလို့ ဆေးရုံ..' Suhoခေါ်လိုက်သဖြင့် Taoမှာ လမ်းညွန်စာအုပ်လေးကိုင်ပြီး ပြာပြာသလဲ ထွက်လာကာ 'လာပြီ လာပြီ အင်း ဒီဆေးရုံဆို ကျွန်တော် အိမ်မက်ထဲမှာ Taiကိုလိုက်ပို့ခဲ့တဲ့ ဆေးရုံပဲ' 'ကဲပါ Taiရှိရှိမရှိရှိ နီးစပ်ရာဆေးရုံသာ အမြန်ပို့စမ်းပါဟဲ့ ဒီမှာဖြင့် အသက်ကငင်နေပြီ'

AngelWhere stories live. Discover now