တခါမှလုပ်လေ့လုပ်ထမရှိသော အလုပ်များကို လုပ်လိုက်ရသဖြင့် Picasoတို့ Shooting အဖွဲ့သားများအားလုံး မောမောပန်းပန်းနှင့် အိပ်ပျော်သွားကြတော့၏ သို့သော် အင်ဂျင်နီယာမလေး Baconကတော့ စိတ်ကူးယဉ်လို့ ကောင်းတုန်းသာ ရှိသေးသည်။ (ဟွန်း တော်တော်လက်ကြောမတင်းတဲ့သူတွေ တနေ့လောက် ငါဆင်းရတဲ့ ဆိုက်ထဲ ခေါ်သွားချင်လိုက်တာ။ အဲဒါဆို ထမ်းစင်နဲ့တောင် ပြန်ပို့ရမလားမသိဘူး။) ထိုအချိန်တွင် silent ချထားသော သူမ၏ ဖုန်းလေးမီးလင်းလာသည်။ (ဟင် မသိတဲ့ နံပါတ်ကြီးပါလား ဒီအချိန်ကြီးမှ ဘယ်ကောင်က ခေါ်တယ်မသိ) ထို့ကြောင့် ပါးစပ်ကြီးတလုံးတခဲနှင့် အားရပါးရ ဆဲမည်အပြု တဖက်မှ ချိုသာသောအသံလေး ကြားလိုက်ရသည့် အခါမှာတော့ "ကျွန်တော် Byun Baekhyunပါ အကူအညီတခု တောင်းစရာရှိလို့ အိမ်ကို လာခဲ့လို့ ရမလားဟင် ကျွန်တော်ဘယ်မှ မသွားတတ်လို့ပါ တောင်းဆိုပါတယ်" "အမ် ရတာပေါ့ လာခဲ့မယ် အခု (ဟိဟိ ရေငတ်တုန်း ရေတွင်းထဲကျ အချိုရှာ သကာတွေ့ဆိုတာ ဒါမျိုးနေမယ် အဲ ဒါနဲ့ အချိန်မတော်ကြီး ဘာလုပ်မို့လဲ သိဘူး သူများတွေသိရင် ရှက်ချာကြီး ဟီး မသိအောင် သွားမှာပေါ့လို့)" သို့နှင့် ဟိုအကောင် ဟိုအသီးရသဖြင့် ဖြစ်နေသောမျက်နှာပေးကို အသာပြင် သူများတွေမနိုးအောင် ခြေလှမ်းဖွဖွဖြင့် လှမ်းပြီး အိမ်ပြင်ထွက်လာခဲ့သည်။ ဤမျှလောက် သတိထားနေတာတောင် ထွက်ခါနီး အစွန်ဘက်တွင် ခွေခွေကြီး အိပ်နေသော Picasoကို တက်နင်းမိလိုက်သေးသည်။ Picasoသည် Krisကတော် ပီသပါ၏ ကာလနဂါး မျိုးနွယ်ဝင် ဖြစ်နိုင်လောက်သည် အနင်းခံရတာတောင် တချက်လေးမှမလှုပ်။ "ဆောရီးပါ Picasoရယ် ဟိုအိမ်ရောက်ရင် နင့်ကိုယ်စား ခွစ်ကြီးကို အပီငမ်းခဲ့မယ်သိလား ဟိဟိ"
ည၂နာရီ Exoများ၏ တည်းခိုအိမ်
Baconရောက်သွားသောအခါ Baekhyunမှာ အိမ်ပေါက်ဝတွင် ငုတ်တုတ်ငိုက်လျှက် ထိုင်စောင့်နေသည်ကို တွေ့လိုက်ရသည်။ (အား သေလို့ရပြီ Bacon နင့်ဘ၀မှာ ဒါမျိုးနေ့တွေ ရှိလာတာပဲလား အဟိဟိ ငိုက်နေပုံက ချစ်ချာကောင်းထှာ) Baconအသည်းယားပြီး ပေါက်တီးပေါက်ကရ မကြံစည်ခင်အချိန်တွင် ကံအားလျှော်စွာ Baekhyunနိုးသွားပါ၏ "၀ါးးးး ရောက်လာပြီလား ဟီး ကျွန်တော်လည်း နည်းနည်းကြာတာနဲ့ အိပ်ငိုက်သွားတာ လာလာအိမ်ထဲဝင်ရအောင် ကျွန်တော့်အခန်းထဲ လိုက်ပြချင်လို့" သူ့စကားကြောင့် Baconရင်တွေ ဒိန်းခနဲ ခုန်သွားသည်။ (သူ့အခန်းထဲ) သို့သော် ဘာမှပြန်မပြောပဲ နောက်ကထပ်ကြပ်မကွာ လိုက်သွားပါ၏ (လိမ်မာ လိုက်တဲ့သမီး) အခန်းထဲသို့ရောက်သော် Chanyeolတစ်ယောက် ကုတင်ပေါ်တွင် ခြေထောက်ကြီးမြှောက်ပြီး အိပ်နေသဖြင့် မျက်နှာဟိုဘက် လှည့်ထားရသေး၏ "ဟေ့ အိပ်ခန်းထဲမှာ ဘာရပ်လုပ်နေတာလဲ ရေချိုးခန်းထဲကို ခေါ်တာ" "ဟင်...ရေချိုးခန်းထဲကို ဘယ်လို ဘယ်လို" "သြော် ရေချိုးခန်းထဲမှာ မီးလုံးကျွမ်းသွားလို့ တပ်ခိုင်းမလို့ အဲဒါအစ်ကိုကို လှမ်းခေါ်တာ ဟီး" (တိန် အစ်ကိုတဲ့ ဟုတ်သားပဲ ငါတို့တစ်ဖွဲ့လုံးက ယောက်ျားလေးလို ဟန်ဆောင်ထားတဲ့ဟာ ထင်တယ် ထင်တယ် ငါဒီလောက် ကံမကောင်းနိုင်ပါဘူးလို့ အီး....ငါနော်)
Aprilလ ၂၇ရက်နေ့ မနက်ခင်း
Xiuminတစ်ယောက် ပေါက်ဆီများ၏အရှေ့ ThetThetနှင့်PyaePyaeတို့၏အလယ်တွင် မနက်စာမစားရသေးပဲ နားငြီးနေရှာသည်။ "မင်မင် Thet ယူလာတဲ့ မန်းမြို့တော်ပေါက်ဆီကို စားရမယ်နော်။ ဟိုး နာမည်မရှိ လေးဘန်း ပေါက်ဆီကို တို့တောင်မတို့နဲ့" သို့နှင့် Xiuminမှာ မန်းမြို့တော်ပေါက်ဆီလေး ယူစားမည်အလုပ် "seokseok Pyae ယူလာတဲ့ homemake ပေါက်ဆီပဲစားစမ်းပါ ရောင်းတန်းတွေဆိုတာက လတ်ဆတ်ချင်မှ လတ်ဆတ်မှာ အထဲမှာ ဘာတွေထည့်ထားမှန်းလည်းမသိ အဲဒီလိုပေါက်ဆီမျိုးကို ကြက်ဥတောင် တူးအောင်ကြော်တတ်တဲ့ ခပ်တုံးတုံး မိန်းမတွေပဲစားတာ seokseokလေးက စားရဘူးလေ" PyaePyae၏စကားကြောင့် ThetThet ပေါက်ကွဲသွားသည်။ မပေါက်ကွဲပဲ နေရိုးလားလို့ သူ့ဂုဏ်ပုဒ်တွေကို Xiuminရှေ့ ချပြခံလိုက်ရတာကိုးး "Yaa PyaePyae နင်သေချင်နေလား ငါကHigh School Fighter ပီကေဂိုဏ်းခေါင်းဆောင်ဟဲ့ နာမည်တစ်လုံးနဲ့ နေတာ တစ်ပွဲတစ်လမ်း နွှဲချင်သလား။" "အမလေး လုပ်လိုက်စမ်းပါ ဒီကPyaePyaeကလည်း တရုတ်သိုင်းကား ပေါင်းစုံကြည့်ပြီး လိုက်ကျင့်နေကျ သိုင်းရူးပါ (ရူးမှန်း သူ့ဘာသာသူတော့ သိသားဟ) ရေခဲလက်ဝါးသိုင်း မြည်းချင်သလား။" Xiuminခမျာ မနက်စာ မစားရသေးတဲ့အပြင် ရန်စောင်နေသည့် ၂ယောက်အကြား ဟိုဘက်ဆွဲရမလို ဒီဘက်ဆွဲရမလိုနှင့် အတော့်ကို အလုပ်ရှုပ်နေလေ၏ ထိုစဉ် Linaရောက်လာပြီး "ဒီမှာ ငါက ဒီတခါတုတ်နဲ့ဓါး ထုတ်ရောင်းမလို့ နင်တို့ဝယ်ရင် 20%လျှော့ပေးမယ်လေ" Linaစကားကြောင့် ThetThetနှင့် PyaePyaeတို့၏ ဒေါသသည်Direction Changeသွားကာ "ဘာကောင် ညာကောင် ငါတို့ကိုများ ရန်ဖြစ်တာ ဆွဲဖော်မရပဲ တုတ်ဓါးလာရောင်းရလား အခွံနွှာပစ်မယ် =-*/" ဤသို့အော်ဟစ်ပြီး ရိုက်နှက်ရန် Linaနောက်သို့ နှစ်ယောက်လုံး ပြေးလိုက်သွားတော့သည်။ သို့မှသာ Xiuminခမျာ စားပွဲပေါ်မှ ပေါက်ဆီများကို စိတ်အေးလက်အေး စားရတော့သည်။ (စားရတာ ကောင်းလိုက်တာ အဲ ခိုးလိုးခုလုနဲ့ အထဲမှာ ကံစမ်းမဲလား အရိုးလား တခုခုပဲ)
Ameမှာထိုင်ခုံတန်းလျားလေးပေါ်ထိုင်ပြီး အဆွေးကြီးဆွေးနေမိသည်။ တနေ့တစ်ယောက်ယောက်နဲ့ သူဒီလို ကိစ္စကြုံမယ်ဆိုတာ အစောကြီးကတည်းကပင် Ameမှန်းဆထားခဲ့ပါ၏ သို့သော် ကံကောင်းအားလျှော်စွာ ကိုယ့်အနားကို ရောက်လာပြီးမှ ဒီလိုဖြစ်သွားသည်ကို Ameအနေနှင့် ယူကျုံးမရတော့ဖြစ်မိသည်။ Picaso unnie မိတ်ဆက်ပေးသည့် နေ့ကတည်းက Yeolမျက်လုံးအကြည့်တွေဟာ Yoda ဆီသာ ရောက်နေမှန်း သတိထားမိပါ၏ (အမှန်မှာ Yoda အနောက်တွင် ရေခဲမုန့်ကြော်ငြာဆိုင်းဘုတ်ရှိသည်။ ပူအိုက်သောရာသီတွင် အပူပိုင်းဒေသ လာရတာဖြစ်သဖြင့် Chanyeolရေခဲမုန့်ငတ်နေသည်မှာ အမှန်ပင်ဖြစ်၏ သို့သော် အသံအတွက် ဒါတွေရှောင်ရမည်ဟု မန်နေဂျာကလည်း ကျပ်ထားလေတော့ သူ့အနေနှင့် အမြင်ဖြင့် သရေကျရုံသာရှိသည်။) ဤသည်ကိုမသိပဲ Ameအထင်လွဲပြီး စိတ်ဆင်းရဲနေသကဲ့သို့ Yoda ကတော့ ကျိတ်ပျော်နေသည်။ (ဟယ် Yeolကငါ့ကို မျက်လုံးကျွတ်ကျမတတ် ကြည့်နေလိုက်တာ ခိ ရင်တွေခုန်လိုက်တာ အင်း ဟိုကောင်မလေးAme သနားပါတယ် မျက်နှာငယ်လေးနဲ့ ဟိုဘက်ထွက်သွားရှာတယ်။ စိတ်မကောင်းပါဘူး ညီမရယ် ExoL fan boy တွေသာဆို ၁၀ခါပြန် ပေးစားတယ် ဒါကတော့ မဖြစ်ဘူး ငိငိ)
ရိုက်ကွင်းစသည့်နေ့ကလည်း ရိုက်ကွင်းနားသည့်အချိန် Yoda ကို အသည်းအသန်ရှာသည် ပြီးတော့ အမောဆို့သည့်အသံနှင့် "ငါ..ငါ.. ပြောစရာရှိတယ် ငါ့ကိုလေ...." Yeolပြောမည့်စကားကို Yoda ခမျာ သေချာအာရုံစိုက်ပြီး နားထောင်လိုပါသည်။ သို့သော် Suhoခေါ်လိုက်သောအသံကြောင့် "Chayeol ဒီကို လာပါအုံး" "ဟုတ် လာပါပြီ Yoda ငါနောက်မှပြောမယ်နော်..." "အင်းး" Yoda ဘက်ကို တချက်ပြန် လှည့်ကြည့်ပြီး စိတ်မဖြောင့်စွာ ကျောခိုင်းထွက်ခွာသွားသော Chanyeolကိုကြည့်ပြီး Ameငိုကြွေးနေရသည်။ (အီး ဟီး ဟီး အရိုးရဲ့ နင်ငါ့ကို ရက်စက်တော့မှာလား) Chanyeolကတော့ သူလိုချင်တာ မမှာလိုက်ရသဖြင့် ခိုးလို့ခုလုဖြစ်နေလေ၏ " Yoda ပုံစံက ငါဝယ်ခိုင်းတာ တိတ်တိတ်ဝယ်ပေးမယ့်ပုံပါ Suho Hyung ကြောင့်ပေါ့"
to be continued

VOUS LISEZ
Angel
FanfictionExoအဖွဲ့လိုက် မြန်မာနိုင်ငံကို ရောက်လာပြီး နတ်သမီးFanတစ်ယောက်ကြောင့် အလွဲတွေဖြစ်လာပုံကို ဇာတ်လမ်းဆင်ရေးသားထားတာပါ ထူးထူးခြားခြား Fanတွေပါ ထည့်ရေးထားလို့ စာဖတ်သူအနေနှင့် ကိုယ့်ဟာကိုယ် စိတ်ကူးယဉ်ကာ ဖတ်နိုင်ပါသည်ဟု