မကြာမီအချိန်တွင် Exoအဖွဲ့ဝင်များ စီးနင်းလာသည့် လေယာဉ်ဆိုက်ရောက်မည် ဖြစ်ပါသဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်းတွင် ExoFanများနှင့် ပြည့်နှက်လျှက် ရှိလေသည်။ ထိုကြားထဲတွင် MRTV-88မှ ရိုက်ကူးရေး အဖွဲ့ဝင်များကလည်း ဤသတင်းကိုအသည်းအသန် ရိုက်ကူးလျှက် 'အခုဆိုရင် ကျွန်မတို့ရဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးမှာExoFanတွေဟာဆိုင်းဘုတ်တွေ ဗီနိုင်းတွေ ကိုယ်စီထောင်ပြီး နောက်မိနစ်၃၀အကြာမှာ ရောက်ရှိလာမယ့် Exoများကိုစောင့်ကြိုနေကြပါပြီရှင့် ငါလည်းLuhanနဲ့ တွေ့ရတော့မယ်ငိငိ'အစီအစဉ်တင်ဆက်သူDeer၏အသံကြောင့် Baekhyunဆိုင်းဘုတ်လေးကိုင်ကာအော်နေသောHninနှင့်Luckyတောင် အရှိန်ပျက်သွားသည်။ 'ဟမ် MRTV-88က Presenterကဟိုပါလေရာယင်ကောင် မဟုတ်တော့ပါလားဒီတခါ ဆင်ကောင်ဖြစ်သွားပြီ။' 'အေးနော် ဒါပေမယ့် အဲဒါပဲကောင်းပါတယ် မျက်စိနောက်သက်သာတာပေါ့ ဆင်ကောင်ကတော့ ငါတို့လိုExoFanဖြစ်ပုံရတယ် ကြည့်ပါလားLuhanနဲ့ တွေ့ရမယ်ဆိုပြီးဒန့်ဒလွန့်လူးနေတာ'Hninနှင့်Luckyတို့ပြောသောတီးတိုးစကားများကိုDeerကြားပါ၏ (ဟွန့် ငါရဲ့ချစ်စရာ ၀၀ကစ်ကစ် ရေဆေးငါးကိုယ်လုံးလေးကိုများဆင်ကောင်တဲ့ ပြောရက်လိုက်တဲ့ မီတာမလေးတွေ တွေ့မယ် Exoတွေရောက်လို့ကတော့ ငါ့Luhanတင်မကဘူးဒင်းတို့Biasတွေပါ သိမ်းပစ်မယ်)ထိုသို့ဖြင့် Exoရောက်ရှိလာမည်ကိုပျော်ရွှင်စွာစောင့်ကြိုနေသူများရှိသကဲ့သို့ မပျော်နိုင်ပဲစိုးရိမ်စိတ်ဖိစီးသူများလည်းရှိပါ၏ ကိုရီးယားသီချင်းနှင့် အနောက်တိုင်းသီချင်းပေါင်းစုံကော်ပီချထားသောအဆိုတော်လေး ၁၉ပြားဆိုလျှင် သူ့ဆီကလျော်ကြေးလာယူသည်အထင်နှင့် ကြောက်ချီးတောင် ပါနေချေပြီ။ ထို့နည်းတူစွာတက်သစ်စအဆိုတော်မလေးများဖြစ်သောစူပါမယ်တော်များနှင့် တွန်းပလီတို့မှာလည်း MRTV-88မှ အခြားရိုက်ကူးရေးအစီအစဉ်အတွက် ဖိတ်ခေါ်သည်ကိုပင် မလာကြပဲဖုန်းပိတ်ထားကြသည်။ သူတို့လည်းအဘယ်မျှလောက် ကော်ပီထားသည်တော့ မသိပါ။ လူမှုရေးကိစ္စကြောင့် ExoFanများနှင့် ပြဿနာတက်ထားသောနာမည်ကြီးအဆိုတော် ဘန်နီဘန်း၏ချစ်သူခမျာမှာတော့ ဤရက်ကျမှ အီသီယိုးပီးယားကိုShoppingထွက်သည်ဟုသတင်းကြားရ၏ သို့သည့်တိုင် ဘယ်သူတွေဘာထင်ထင် ဂရုမစိုက် မျက်နှာပြောင်တိုက်တတ်သောဘာညာသရကာ လူကြီးအဖွဲ့ဝင် မပဲကြီးဟုအများခေါ် ပဲပဲလှော်သိမ်းကတော့ လေဒီဂါးဂါးနှင့် အေမီဝိုင်ဟောက် ပေါင်းစပ်ထားသောခပ်ကြောင်ကြောင် ဖက်ရှင်အ၀တ်အစားများ ၀တ်ဆင်လျှက် Exoနှင့်တွေ့ဆုံမေးမြန်းခန်းအစီအစဉ်အတွက် မနက်စောစောကပင် MRTV-88စတူဒီယိုတွင် ထိုင်စောင့်နေလေ၏ ၀န်ထမ်းများကတော့ သူမ၏ လျှပ်တပြက်ဝီရိယကို အံ့အားသင့်နေကြသည်။ 'ဟွန့် ဒါမျိုးကျတော့ ၀ီရိယကကောင်းပါ့ တခြားအစီအစဉ်အတွက်ဆိုငါတို့မှာသူ့ကိုဖုန်းဆက်ပြီးမနည်းကိုပင့်လိုက်ရတာဒါတောင် အတော်နောက်ကျပြီးမှ ရောက်လာတာချည်းပဲ၊ ငါတို့ဆီမှာလည်းတကယ်ကောင်းတဲ့အဆိုတော်တွေ ရှိပါတယ် သူတို့လိုမျိုးတွေကအတင်းနေရာယူထားလို့ ဂီတလောကကနာမည်ပျက်ရတာ'သို့သော် Exoများရောက်ရှိလာသည့်အခါ အသားကုန်ပြင်ဆင်ထားသောပဲပဲလှော်သိမ်းကို မြင်လျှင်ဖြင့် မြန်မာနိုင်ငံအကြောင်းစာအုပ်ဖတ်ကာလေ့လာထားသောTaoထင်သွားသည်ကား 'အော် အစိမ်းဝတ်စုံနဲ့ ဆိုတော့ သူကရာမဇာတ်ထဲကဒဿဂီရိရဲ့ညီမနေရာကသရုပ်ဆောင် ဖြစ်လိမ့်မယ်ထင်တယ်မိတ်ကပ်ကပီပြင်တယ်နော်'တရုတ်စကားနားမလည်ရှာသောပဲပဲလှော်သိမ်းအထင်မှာတော့ (ဟယ် ခေးတွေက ငါ့ကိုလှတယ်ပြောတာလားသိဘူးခိခိခိ)
Witmoအနေနှင့်တော့ Exoတွေကိုသာအနီးကပ်တွေ့ရမည်ဆိုလျှင် MRTV-88တွင် သန့်ရှင်းရေးပဲလုပ်ရလုပ်ရလုပ်မည့်ပုံဖြစ်၏ သို့သော်သူ၏ဘော်ဒါDeerကစီစဉ်ပေးသောဤအလုပ်ကိုတော့ သူ့အနေနှင့် ချီတုံချတုံ ဖြစ်နေရ၏ အဘယ့်ကြောင့်ဆိုသော် 'Unnieနည်းနည်းတော့ လွန်မနေဘူးလားဟင် သမီးကအလှဖန်တီးရှင် ဂင်ဇန်းဝင်းနေရာကို လုပ်ရမယ်ဆိုတော့''မလွန်ပါဘူးဟယ် ဂင်ဇန်းဝင်းကို နယ်နယ်ရရများထင်နေလားဒီနိုင်ငံရဲ့ နာမည်ကြီးအလှဖန်တီးရှင်ဟဲ့ လူတိုင်းဖြစ်လို့ရတာမဟုတ်ဘူး' 'နာမည်ကြီးမှန်းသိပါတယ် ဒါပေမယ့် သမီးကိုတမျိုးထင်သွားရင် ဘယ်လိုလုပ်မလဲဟင်' 'မထင်ပါဘူးဟယ် မိန်းမအစစ်နဲ့အတုကိုယောက်ျားတွေ ခွဲသိပါတယ် နောက်ပြီးတော့ အလှဖန်တီးရှင် လုပ်ရတာတန်တယ်နော်။ အလှပြင်ပေးတယ်ဆိုပြီးကိုင်လို့ တွယ်လို့လည်းရတယ် မျက်နှာကိုပြောပါတယ်။'Deer၏စကားကြောင့် Witmoမှာအားတက်သွားပြီး 'ခိခိစိတ်ကြိုက်ကိုင်လို့ရတယ် ဟုတ်လား ကြိုက်သွားပြီလုပ်မယ် ဂင်ဇန်းဝင်း အဟစ်ဟစ်ပျော်ထှာ' 'အမလေးဟဲ့ တက်လည်းသွားအုံးမယ် စိတ်ထိန်းပါအုံး'သို့နှင့် အလှပြင်ပေးရန် Exoများ၏ နားနေခန်းသို့ ခေါ်ဆောင်သွားလေ၏ WitmoမှာExoတွေအပေါ် မည်မျှရူးသွပ်သနည်းဆိုသော် Deerကတံခါးဖွင့်အပေး Exo၁၂ယောက်နှင့် သူမမျက်လုံးချင်းအဆုံတွင် မခံစားနိုင်ပဲတဂစ်ဂစ်နှင့် တက်သွားတော့သည်။ 'ဟဲ့ Witmoဘာဖြစ်တာလဲသတိထားသတိထားလုပ်ကြပါအုံး' သူတို့ရှေ့တွင် ရုတ်တရက် ရောဂါဖောက်သွားသောWitmoကိုမြင်သော် Exoများလည်းမနေနိုင်ပဲ ၀ိုင်းဝန်းကူညီကာ အကြံတရဟောပေးတော့သည်။ အကြီးဆုံးဖြစ်သောXiuminကအရင် 'အဲဒါ ၀က်ရူးပြန်တာဖြစ်မယ် ဘာကိုလဲမသိဘူးတခုခုကိုချိုးရတယ်'Xiuminမေ့နေသောအကြောင်းကိုသွက်လက်သောChanyeolက ၀င်ထောက်ပေးသည်။ 'ကျွန်တော်သိတယ် ချိုးရမှာကခြေသန်း'BaekhyunChen၊D.Oနှင့်Sehunတို့ကပါ ၀င်ငြင်းသည်။ 'မဟုတ်ပါဘူးခြေသန်းကြွယ်ပါ' 'ခြေခလယ်ပါဆို' 'ခြေညှိုးခြေညှိုး'ဆူညံနေသောသူ့အဖွဲ့ကိုSuhoက 'ဟေ့ကောင်တွေ တိတ်ကြစမ်းငါသိပြီတကယ်တော့ ချိုးရမှာက' ၀င်ထိန်းရန် ဟန်ပြင်ရုံသာရှိသေးသည်။ နောက်ဘက်တွင် ဆံပင်သနေသောKrisကြီးထလာကာ 'Stop ဘာမှချိုးစရာမလိုဘူးချက်ထဲကိုဟိုပစ္စည်းထည့်ပြီးလှည့်လိုက်ရုံပဲ'Krisကြီးစကားကြောင့် အမြဲတမ်းတက်ကြွကာဖလန်းဖလန်းထနေသောDeerတောင် ချွေးစေးပြန်သွားသည်။ (အမလေးPicasoနင့်ခွစ်ကြီးရဲ့ ပြောပုံကိုကြည့်အုံးနင့်အစားငါရင်လေးထှာ) 'Krisကြီးဘာဘာပစ္စည်းကိုထည့်ပြီးလှည့်လိုက်ရမှာလဲဟင်' Kris၏ဆိုလိုရင်းကို Lay၀င်ရှင်းပေးပါသည်။ 'သူပြောချင်တာကသော့တံပါ'သို့မှသာDeerလည်း အသက်၀၀ ရှုနိုင်တော့သည်။ 'ဟူးတော်ပါသေးရဲ့'ဤကဲ့သို့ ကုသအပြီးတွင် Witmoသတိရလာပါ၏ ထိုအချိန်မှသာ Deer မှာမိတ်ဆက်ပေးရတော့သည်။ 'သူက ဂင်ဇန်းဝင်းရဲ့ညီမ ဂင်ဇန်းဝတ်ပါ မိတ်ကပ်ပြင်ဆင်ဖို့ တာဝန်ယူပေးမှာပါ' မြန်မာနိုင်ငံ၏ အလေ့အထအကြောင်းကိုအထူးလေ့လာထားသောTaoမှာတော့ Witmo၏မျက်နှာကိုတလှည့် သူ့စာအုပ်ကိုတလှည့်ကြည့်ရင်း 'အင်းခေတ်မီတိုးတက်လာလို့ထင်တယ် သူကတော့ မိန်းမနဲ့တူတယ်'Deer နှင့်Witmoတို့ကတော့ Taoပြောသည့်အဓိပ္မါယ်ကိုနားမလည်သော်လည်းExoများကတော့ သေသေချာချာသဘောပေါက်သွားပုံပေါ်သည်။ 'ဒါဆိုငါတို့ဆီခေါ်ထားလို့ သင့်တော်သားပဲသူကမိန်းကလေးမှ မဟုတ်တာ' Witmoမှာတော့ သူ့ကိုရင်းရင်းနှီးနှီးဆက်ဆံကြသဖြင့် အပျော်လွန်နေသည်။ 'Unnie Deer သူတို့ကသိပ်သဘောကောင်းတာပဲမီးကိုဖော်ဖော်ရွေရွေ ဆက်ဆံကြတယ် ဟိဟိတခုပဲနားမလည်တာရှိတယ် ဘာလို့ hyungလို့ ခေါ်ခိုင်းနေတယ် မသိဘူး' 'ဒါကတော့ ခင်လွန်းလို့ ဖြစ်ပါလိမ့်မယ်ဟယ် ဟဲ့ သတိထားအုံးနော် အပျော်လုံးဆို့လို့ ထပ်ပြီးမေ့လဲရင် နင့်ကိုXiuminနဲ့Chanyeolကလည်မျိုချိုးပြီးKrisကြီးကနင့်ချက်ထဲကိုဘာအတံထည့်လှည့်မလဲမသိနိုင်လို့' 'ငိသိပါပြီတော်' Deerနှင့်Witmoတို့၏ဤအကွက်များကိုPicasoနှင့် Baconတို့ မသိအောင် လှို့ဝှက်လှုပ်ရှားကြခြင်းဖြစ်၏ Deerမှာအထူးတလည် စိတ်ပုတ်၍တော့ မဟုတ် သူ့ဘော်ဒါPicasoဟူသည်မှာ ဘယ်ဘ၀ကပင် ပါရမီဖြည့်လာသည်မသိပါ။ ပေါက်တတ်ကရလုပ်တတ်သည့် နေရာတွင် ပြိုင်စံမမီလောက်အောင် တော်ချေ၏ သူတင်လားဆိုတော့လည်းမဟုတ် ဖေ့ဘုတ်၊ တွစ်တာအစရှိသောမမြင်မတွေ့ရသည့် ဆိုရှယ်နက်ဝပ်များမှ ရှာကြံပြီးတော်ထားသည့် အမ၊ ညီမ၊ သမီး၊ ယောင်းမအစရှိသည်တို့ကိုပါ ခေါ်လာတတ်သေးသည်။ ထိုသူများကလည်းသူ့နည်းပါးပင် ပေါက်ကရလုပ်တတ်သည်။ ထို့ကြောင့် သူ့ကိုသာအသိပေးပြီးဤနေရာမျိုးတွင် အလုပ်ပေးလိုက်မိလျှင် ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်မိတာနှင့် ဘာမှမခြားနိုင်ဟုသူမတွေးမိခြင်းကြောင့် ဖြစ်၏ တကယ်ဆိုDeer၏အစီအစဉ်တွင် Witmoတောင်မပါ သူကအတင်းအဓမ္မကပ်လိုက်လာသောကြောင့် နေရာမပေးချင်ပေးချင်နှင့် ဂင်ဇန်းဝတ်နေရာကို ပေးလိုက်ရခြင်းဖြစ်သည်။ ထိုသို့အဆက်ဖြတ်လိုက်ရုံနှင့် ပြီးသွားမည်အထင်နှင့် Picasoကိုလျှော့တွက်လို့တော့မရချေသူချိတ်ဆက်ထားသည့် သတင်းရပ်ကွက်အနေနှင့်ဆိုExoတွေ မြန်မာနိုင်ငံရောက်တာသူမသိစရာအကြောင်းလုံးဝကိုမရှိ။ ပုံမှန်အရဆိုသူမဆီဖုန်းတဂွမ်ဂွမ်ဆက် မက်ဆေ့ပို့ပြီးအပူကပ်နေမည့်အချိန် သို့ ဆဲနေမည့်အချိန် သို့သော် ယခုအချိန်ထိနည်းနည်းမှ မလှုပ်ရှားသေးတာကပိုပြီးကြောက်စရာကောင်းသည်။Deerထိုသို့ တွေးနေသောအချိန်မှာပင် အထက်အရာရှိဆီမှ ဖုန်းဝင်လာသည်။ မကြာမီရိုက်ကူးရေးစတော့မည်။
Deer၏တာဝန်ချိန်တော့မဟုတ်ပါ သို့သော် သတိရမိသည်နှင့် Exoတွေ၏ နားနေခန်းသို့ ၀င်သွားမိသည်။ (ခါတိုင်းဆိုဒုံးပျံတောင် ရှုံးရမယ့်အရှိန်နဲ့ အိမ်တန်းပြန်တာပါ) 'ဟင် ဒါကဘယ်လိုတွေဖြစ်...' ဟာဝိုရီအဆင် ၀မ်းဆက်များကိုယ်စီနှင့် ပိတောက်ပန်းများကိုင်ဆောင်ထားသည့် Exoများကိုတွေ့သောDeerမှာမအံ့သြပဲနေနိုင်မည်လော။ Deer၏အမေးကိုLuhanက ၀င်ဖြေပါသည်။ 'ဒါကရိုက်ကူးရေးအစီအစဉ်အတွက်ပါ ဘာပွဲတော်ဆိုလားအင်း နှစ်သစ်ကူးနဲ့လည်း ကြုံနေတော့ ဒီလိုပုံစံရိုက်လိမ့်မယ် ထင်ပါတယ်။ ကျွန်တော်၊ Chen D.O Baekhyunတို့ကသီချင်းဆိုပြီးကျန်တဲ့သူတွေကကကြမှာပါ။'Deerမျက်စိလည်သွားသည် Overdose ကိုတော့ ဒီလိုရိုက်လိမ့်မည် လုံးဝမဟုတ်၊ Miracle in decemberများလားအဲဒီသီချင်းနဲ့လည်းဆိုင်မှမဆိုင်တာ 'ဟိုဒါနဲ့ ဘာသီချင်းနဲ့များကကြမှာလဲဟင်' 'မန်းတောင်ရိပ်ခိုတဲ့' 'အမ်......'အံ့သြဖွယ်ရာများမှာထိုမျှနှင့် ရပ်တန့်မသွားပါ Shootingအဖွဲ့သားများထွက်လာသည့်အခါမှာတော့...'ဟိုက် Bacon Thet Donut Maythi Yoda Pyae Yun အင်း မန္တလေးကနေဘယ်လိုကျော်ခွပြီးAmeတောင် ပါလာသေးအားလုံးကလည်းယောက်ျားလေးပုံစံတွေ ၀တ်စားထားကြတယ်ဆိုတော့ ဘယ်လောက်တောင် ဥာဏ်နီဥာဏ်နက် များထားတယ် မသိဘူး။ ဒါနဲ့ တစ်ယောက်ပျောက်နေသလိုပဲဘယ်သူပါလိမ့်...'Deerမေ့နေသောအကြောင်းအရာကိုLuhanဖြေပေးလိုက်သည်။ 'သြော် ဒီဒါရိုက်တာကြီးကအသစ်ဆိုတော့ Deerမသိလောက်သေးဘူးထင်တယ် ဟီးဟီး ကျွန်တော်ကပဲ ပြန်မိတ်ဆက်ပေးရမှာပေါ့ သူ့နာမည်ကPicasoတဲ့ ဒီမှာရိုက်ကူးမယ့် အစီအစဉ်တွေအားလုံးကိုတာဝန်ယူပေးမယ့်သူပေါ့''ဟုတ်ကဲ့ တွေ့ရတာ ၀မ်းသာပါတယ်ခင်ဗျ' Picasoကတော့ သူ့အကြံအောင်သဖြင့် ဦးကျောက်လုံးလိုရယ်နိုင်နှုတ်ဆက်နိုင်သော်လည်းDeerမှာတော့ ဟန်ဆောင်ပန်ဆောင်တောင် ၀မ်းမသာနိုင် တော့ပါ (အကြံကြီးလိုက်တဲ့ အမြှီးကိုးချောင်းမြေခွေးမတွေယောက်ျားလေးပုံစံဟန်ဆောင်ပြီး ငါ့ဝံပလွေ ပေါက်စလေးတွေကိုဘယ်လိုဖမ်းမယ်ဆိုတာငါသိနေဒယ်နော်။ အရေးထဲLuhanသူ့ပခုံးပေါ်ကနင့်လက်ကိုချလိုက်စမ်းအဲဒါယောက်ျားလေးမဟုတ်ဘူးဟဲ့ အမလေးအသားယူပြီး ဖြီးနေလိုက်တဲ့ရုပ်...ခွီးခွီးခွီး)ထိုအချိန် Sehunကသူ့ဖုန်းလေးနဲ့ သီချင်းကိုတိုးတိုးလေးဖွင့်ပြီးနားထောင်သည် သီချင်းနာမည်ကExo Growl
To be continued
YOU ARE READING
Angel
FanfictionExoအဖွဲ့လိုက် မြန်မာနိုင်ငံကို ရောက်လာပြီး နတ်သမီးFanတစ်ယောက်ကြောင့် အလွဲတွေဖြစ်လာပုံကို ဇာတ်လမ်းဆင်ရေးသားထားတာပါ ထူးထူးခြားခြား Fanတွေပါ ထည့်ရေးထားလို့ စာဖတ်သူအနေနှင့် ကိုယ့်ဟာကိုယ် စိတ်ကူးယဉ်ကာ ဖတ်နိုင်ပါသည်ဟု