Taoတစ်ယောက် သူTaiနဲ့ တွေ့ခဲ့သည့်ပုံစံ ဖြစ်ခဲ့သည့်အဖြစ်အပျက်များကို ပြန်တွေးတိုင်း အတော်လေး ခေါင်းစားနေသည်။ (အာ ငါပဲ ရူးနေတာလား မသိတော့ဘူး။) ခေါင်းတဖြီးဖြီး ကုတ်နေသော သူ့ဘေးတွင် မျက်နှာကြီးဖြီးကာ ကပ်လိုက်လာသော Genieကိုတော့ သူမမြင်ရပါ။ "ဟီး တောင့်ဖြောင့်ပြီး ချောလိုက်တဲ့ အတာအိုး ဗလကြီးကလည်းတောင့်လို့ အားကိုးချင်စရာကြီး ခိခိခိ" သို့နှင့် Exoများ၏နေအိမ် ရောက်သည့်အခါ Chanyeolက Baekhyunကို ရေချိုးခန်းထဲတွင် သရဲခြောက်ကြောင်း၊ သူသွားတိုက်နေရင်း မျက်နှာဖြူ ခေါင်းပွသရဲကို တွေ့လိုက်ရကြောင်း အာပေါင်အာရင်းသန်သန်နှင့် ရှင်းပြနေလေ၏ နဂိုတည်းကမှ သတ္တိဗျတ္တိနှင့် ပြည့်စုံလှသောTaoမှာ Chanyeol၏စကား ကြားရသည့်အခါ ရှိသမျှအမွှေးများ ထောင်သွားလျှက် (ဆံပင်) နေစရာမရှိအောင်ပင် တုန်တုန်ရင်ရင်နှင့် ကြောက်နေရှာသည်။ "တော်ပြီ ငါဒီမှာ အိမ်သာ မတက်တော့ဘူး အီး ဟီး ငါ့မှာ ဒီနေ့လည်း ဘာတွေကြုံခဲ့ရမှန်း မသိဘူး။ ခုလည်း အိမ်မှာသရဲခြောက်နေပြန်ပြီတဲ့" Genieကတော့ ကလေးတစ်ယောက်လို အော်ငိုနေသော Taoကိုကြည့်ပြီး တခိခိနှင့် ရယ်နေသည်။ သို့သော် သူတို့ရှိနေသော ဧည့်ခန်းထဲသို့ Xiumin ရုတ်တရက်ဝင်လာသောအခါ နတ်သမီးတောင် ရင်အခုန်လွန်ပြီး ကြက်သေ သေသွားရသည်။ (ချောထှာ ပေါက်ပေါက်လေးရယ် နင်ကအပြင်မှာပိုပြီး) "ဟေ့ကောင်လေးတွေ ဘာတွေ ဖြစ်နေကြတာတုန်း ဆူညံနေတာပဲ မင်းတို့ကလေ ၂ယောက်ရှိလည်းဆူ ၃ယောက်ရှိလည်းဆူ တော်တော် စကားများတဲ့ ကောင်လေးတွေပဲ ကိုယ့်ရဲ့နားချိန် ပိစိညှောင့်တောင့်လေးမှာ နားနားနေနေ နေကြမှပေါ့။ ပြီးရင် Comeback showတွေက လာတော့မှာ ပင်ပန်းအုံးမှာ သွား ကိုယ့်အခန်းကိုယ်ပြန် အနားယူ......... အမလေး သူတို့ကိုဆူရတာ မောထှာ ခုနေ နွားနို့အေးအေးလေး တစ်ခွက်သောက်ရရင် ကောင်းမှာပဲ" ကလေးတွေကို အဒေါ်ကြီးတစ်ယောက်လို ဆူပူပြီးသည့်အခါမှာတော့ ထုံးစံအတိုင်း အစားဘက် လှည့်သွားတော့သည်။ (သူပြောတော့ ၀ိတ်ချနေတယ်ဆိုပြီး) သူ့အနားတွင် ရှိနေသော Angel မှာလည်း Exo fan ဟုပြောစရာပင်မလို။ ဟိုကဆာတယ်ဟု တောင်းတလိုက်သည်နှင့် မျက်နှာလိုမျက်နှာရ ကြုံရာမှနို့တစ်ခွက် လှမ်းဆွဲပေးလိုက်သည်။ ဤတွင်နွားမကြီးနှင့် တည့်တည့်တိုးတော့သည်။ "၀ပ်ဘဲ..." Xiuminမှာ ဟိုဘက်လှည့်နေသဖြင့် နွားမကြီးက သူတို့မီးဖိုချောင်ထဲ ရောက်လာသည်ကို မမြင်လိုက်ရပါ။ Genieမှာ သူမသိခင် မြန်မြန်မူလနေရာကို ပြန်ပို့ပြီး နောက်တခုဆွဲလာပြန်သည်။ ဒီတခါတော့ အသင့်သောက်သုံးနိုင်သည့် နို့အေးလေးတစ်ခွက်ဖြစ်သည်။ ထည့်တိုက်မည့် သူ့သူငယ်ချင်းThetတောင် အဆစ်ပါလာသေးသည်။ Thetမှာ Picasoရေးသော Fanfic ဖတ်နေသောကြောင့် သူဘယ်ရောက်လို့ ရောက်နေမှန်း မသိသေးပါ။ ထို့ကြောင့် သူ့ဘာသာသူသောက်ရန် နို့အေးကို စိမ်ပြေနပြေထည့်သည်။ Xiuminကတော့ မသင်္ကာသဖြင့် "ခုနတုန်းက မီးဖိုချောင်ထဲမှာ ဘာအသံ မြည်သွားတာလဲ အင် မင်းဘယ်တုန်းက ရောက်လာတာလဲ တခါမှလည်း မမြင်ဖူးဘူး ဘာပဲဖြစ်ဖြစ်ပါ ဆာနေတာနဲ့အတော်ပဲ အခုလို အလိုက်သိတဲ့အတွက် ကျေးဇူးပါ မိန်းကလေး" "Gwinchana" Thet လှည့်မကြည့်ပဲ ပြောခြင်းဖြစ်သည်။ Xiuminမည်မျှပင် ဆာနေသည်မသိ နွားနို့ကိုမော့သောက်လိုက်တာ တဂျိုက်တည်း ကုန်သွားသည်။ "အရသာရှိလိုက်တာ" ပြီးတော့ သူ့ကိုမော့တောင်မကြည့် အရေးမစိုက် ရလောက်အောင် စိတ်ဝင်တစား ဖုန်းနှင့်ဖတ်နေရသောအရာက ဘာများပါလိမ့်ဟု သွားကြည့်နေသေးသည်။ "Miracle in December Drama Version Part 11 ဆိုပါလား ဟင် ငါတောင် မသိလိုက်ပါလား ဘယ်တုန်းကများ ရိုက်လိုက်ပါလိမ့် coverမှာ suho,kai,Layနဲ့ D.Oပဲပါတယ်ဆိုတော့ .........ငါတို့မပါဘူးပေါ့ အီး သူဌေးကိုမုန်းတယ် အောက်ကဘာတွေရေးထားတယ် မသိဘူး" သို့နှင့် Xiuminတယောက် Lee Seo Manကို အထင်လွဲပြီး စိတ်ကောက်ကာ အပေါ်သို့ တဆောင့်ဆောင့်နှင့် တက်သွားတော့သည်။ Thetကတော့ ဇာတ်လမ်းဖတ်ကောင်းနေသောကြောင့် အပြောင်းအလဲလေးများ မခံစားလိုက်ရပဲ မူလသူ့ဆိုင်ကိုသာ ပြန်ရောက်သွားသည်။ သူမည်မျှဈန်ဝင်နေသနည်းဆိုသော် Xiuminအိပ်ပျော်သော အချိန်လောက်ရောက်မှသာ သူ့နွားနို့ခွက်ကို သတိထားမိတော့သည်။ "ဟမ် ငါ့ခွက်ထဲက နွားနို့တွေ ဘယ်ရောက်ကုန်တာလဲ ဘယ်သူလဲ အငယ်မလား မကြီးလား Thetရဲ့ဟာတွေ သောက်ပစ်တာ မြန်မြန်ဝန်ခံနော် အမေရေ ဒီမှာဗျို့... " "တော်စမ်းပါ Thet ရယ် နင်၂ခွက်သောက်ချင်ရင် သောက်ချင်တယ်ဗြောင်ပြော ဘယ်နှယ့်သူများတွေကို စွပ်စွပ်စွဲစွဲ မရဘူး။ နင်ဝိတ်ချမယ် ပြောထားရဲ့သားနဲ့ ထပ်မသောက်နဲ့တော့ ဒါပဲ ငါနင့်အမေ အမိန့်......" "ငိ ငတ်ပြီ သမီး မသောက်ရသေးပါဘူးဆိုနေမှ မယုံဘူးလား တကယ်ပြောတာ ဟင့် ဟင့် သူတို့မသောက်ရင် သမီးခွက်ကို ဘယ်သူသောက်မှာလဲ" နွားနို့တစ်ခွက်အတွက် ဆူညံပွက်လောရိုက်သောင်းကျန်းနေသော Thetကိုသူ့အမက အမြင်ကတ်နေသဖြင့် "နင့် Xiumin သောက်သွားတာနေမှာပေါ့" သူက စိတ်အချဉ်ပေါက်ပြီး ပြောလိုက်တာ ဖြစ်သော်လည်း အမှန်တကယ်ဖြစ်ခဲ့သည်ကို သူတို့မသိရှာသဖြင့် Thetတစ်ယောက် အာမခံလိုက်ပုံက "အမလေး သူသာ ငါ့နွားနို့သောက်သွားလို့ကတော့ ၁၀ခါပြန်အဲ အခါ၁သောင်း၁သိန်းမက တိုက်တယ်ဟေ့ ဒါတင်မကဘူး ငါနောက်ဆုတ်ပြီး ဟိုPyaePyaeဆိုတဲ့ တစ်ယောက်နဲ့တောင် ပေးစားပစ်လိုက်အုံးမယ်" Genieကတော့ သူ့စကားကို နတ်ကင်မရာနဲ့ မှတ်တမ်းတင်လျှက် (တွေ့မယ် Thet တကယ်ရောက်လာမှ PyaePyaeနဲ့ ပေးစားမလား ကြည့်တာပေါ့ နေအုံး Exo comeback ပြီးရင် ဘယ်ကိုခရီးစဉ်ရှိလဲ အာ မလေးရှားကြီး မသွားနဲ့ ငါတန်ခိုးနဲ့ မြန်မာလို့ပြောင်းပစ်လိုက်မယ်.....အပ်ချလောင်း...)
၁လကြာသောအခါ.........
မနက်ဖြန် Exoများ ရန်ကုန်မြို့သို့ ရောက်မည်ဖြစ်သဖြင့် Main organizerဖြစ်သော MRTV-88တွင် လွန်စွာ လွန်စွာမှပင် အလုပ်ရှုပ်နေလေ၏ Presenterယင်ကောင်မှာလည်း အလှပြင်ခန်းထဲကတောင် မထွက်တော့။ အလှဖန်တီးရှင် ဂင်ဇန်းဝင်းမှာလည်း အခြောက်ပီပီ စိတ်ကူးယဉ်နေသေးသည်။ "ဟိဟိ အိတ်ဇိုယေးတွေ လာမှာတဲ့ အပြတ်ငမ်းရမယ် ဟို ကျက်သရေမရှိတဲ့ မော်ဒယ်စုတ်တွေကို စပွန်ဆာပေးရတာ ပိုက်ဆံကုန်တာပဲ အဖတ်တင်တယ် ဘယ်လောက်ဆင်ဆင် ဘာမှသိပ်ထွက်လာတာ မဟုတ်ဘူး (ရုပ်ရည်)" ထိုဘူး၂ယောက်၏ ရန်မှကာကွယ်ရန် Picasoတို့အဖွဲ့မှာတော့ တော်တော်လေး ခေါင်းစားနေပြီ ၃နာရီလောက်ကြာသောအခါမှ ပိုးစိုးပက်စက်အကြံများဆိုလျှင် ထိပ်ဆုံးကထွက်လာတတ်သော Deerမှာ အကြံရသွားသည်။ "ငါအကြံရပြီ အဲဒီကိစ္စကို........." "အင် ဖြစ်ပါ့မလား ဟယ် လွဲကုန်ရင် နင်အလုပ်ပြုတ်မှာ" Baconက ကြောက်တတ်သူပီပီ စိုးရိမ်နေသည်။ မသိရင် Deerအလုပ်ပြုတ်လျှင် သူ့အိမ်ပေါ် ခေါ်တင်ထားရမယ့်အတိုင်း "ဘာမှမဖြစ်ပါဘူး နဲနဲလေးပါ ဘာလဲ နင်ကယင်ကောင်ကြီးနဲ့ဂင်ဇန်းဝင်း တခုခုဖြစ်မှာ စိုးရိမ်နေတာလား" "အမလေး ဖြစ်စရာလား နင်ကြိုက်သလိုလုပ် သတ်ပစ်လည်းရတယ် ဒါကြီးတွေနဲ့တော့ မစွပ်စွဲပါနဲ့ဟယ် တော်ကြာ Baekကြားရင် ရင်ကျိုးရချည်ရဲ့" Bacon၏ အပိုများချက်ကို သူငယ်ချင်းအားလုံး တညီတညွတ်တည်း အသံထွက်ကာ ထောက်ခံလိုက်ပုံက "ဝေါ့" မည်သို့ပင်ဆိုစေ မိနစ်၃၀မျှကြာပြီးသောအခါ သူတို့အဖွဲ့လက်ချက်ကြောင့် Presenterယင်ကောင်နှင့် ဂင်ဇန်းဝင်းမှာ တကိုယ်လုံး အိုးဖာတိတ်များဖြင့် ကျောချင်းကပ် အချည်ခံရကာ ဘိန်းတောဆရာPicaso၏ မေ့ဆေးအစွမ်းကြောင့် သတိမေ့မြောနေကြသည်။ (Picasoက သူ့အစ်ကိုဆရာဝန်က ဆေးထိုးနည်း သင်ပေးလိုက်ကတည်းက လက်စွမ်းပြချင်ခဲ့တာ အတော်ကြာပါပြီ အခုမှ လက်တည့်စမ်းဖို့ အခွင့်ရေးရတာကိုး) MRTV-88မှ လူကြီးများကလည်း နေရာကောင်းများကို သူချည်းဝင်ယူတတ်သော အငယ်များကို မငှဲ့ညှာသော သူထင်ရင် အားမနာလျှာမကြိုး မဆင်မခြင် ဝေဖန်တတ်သော ယင်ကောင်ကို ဘယ်ဘ၀ကပင် မလိုလားသည်မသိ၊ သူရုတ်တရက် ပျောက်သွားသည်ဟု သတင်းထွက်လာကတည်းက အနည်းငယ်တောင် ရှာဖွေခြင်းမပြုပဲ သူ့နေရာကို အငယ်တန်းPresenter Deerနှင့် အစားထိုးလိုက်ကြသည်။ Deer၏ အခြေအနေအားလုံး အိုကေသွားချိန်တွင် Witmoတစ်ယောက် လာပြီးကပ်ချွဲနေတော့သည်။ "အမ သမီးကိုဒီမှာ တစ်နေရာလောက် အလုပ်ပေးပါလားဟင် သမီးLuhanကို နီးနီးကပ်ကပ် မြင်ဖူးချင်လို့ပါ နော် နော်" "အေးလေ နင်အရမ်းကို လုပ်ချင်တယ်ဆိုလည်း တစ်နေရာတော့ လွတ်နေတယ်" "တကယ် လုပ်မယ်လုပ်မယ် ဘယ်နေရာပဲရရ..."
သူ၏Meinရှိသော မြန်မာနိုင်ငံသို့ သွားရမည်ဖြစ်သဖြင့် Kaiတစ်ယောက် ဟန်မဆောင်နိုင်လောက်အောင် မျက်နှာကြီး ပြုံးရွှင်နေလေ၏ Meinဆိုသူမှာ သူDebutမလုပ်ခင် ပဝေသဏီကပင် အွန်လိုင်းမှ ခင်မင်ခဲ့ရသော သူငယ်ချင်းဖြစ်သည်။ ဤမျှအကြာကြီး ခင်မင်ခဲ့ရသော်လည်း သူMeinကို တခါမှပင်မမြင်ဖူး။ "တခါလောက် နင့်ဓါတ်ပုံလေး ကြည့်ပါရစေ" လို့ခွင့်တောင်းတိုင်း Meinငြင်းခဲ့သည်။ သူပြောနေကျစကားက "ငါ့နိုင်ငံကိုသာ နင်လာခဲ့ရင် ငါလူကိုယ်တိုင် နင့်ကိုလာတွေ့မှာပါ" တဲ့ အခုသူနာရီပိုင်းအတွင်းတွင် Meinရှိရာ မြန်မာနိုင်ငံသို့ သူရောက်တော့မည် Meinသူ့ကို အမှန်တကယ် စောင့်ကြိုနေမည်လား......... သူ့အတွေးများသည် Krisနှင့် Chanyeolတို့၏ ဆုညံသံများကြောင့် ပျောက်ပြယ်သွားတော့သည်။ "ဟေ့ကောင် ငါ့ကိုလာပြီး ဂါလိထိုးမနေနဲ့ ဒီမှာ Sun creamလိမ်းနေတယ်။ မန်နေဂျာပြောတာ မကြားဘူးလား ဟိုမှာအရမ်းပူတယ်တဲ့" "Kris Geကလည်း မန်နေဂျာကြီး အပိုများတာ သိရဲ့သားနဲ့ ယုံနေသေးတယ် လေယာဉ်ပေါ်မှာပျင်းတယ် ဆော့မယ်ကွာ" Taoကတော့ သူတို့၏ ဟိုဘက်ဘေးတွင်ထိုင်ကာ စာအုပ်ဖတ်ပြီး အခုရောက်ရှိမည့် မြန်မာနိုင်ငံအကြောင်း လေ့လာနေသည်။ (အမှန်မှာ Taoစာဖတ်လေ့မရှိပါ ဤအကြောင်းဖတ်လျှင် Gucciပစ္စည်းများ ၀ယ်ပေးမည်ဟု Suhoပြောထားသောကြောင့် အသဲအသန်ဖြစ်နေခြင်းပင်) ထိုသို့စာဖတ်နေရင်း Taoမှာ ရုတ်တရက်ကြီး ထအော်တော့သည်။ "အား ငါသိပြီ ငါသိပြီ ဟိုလက ငါစိတ်ကူးလိုလို အိမ်မက်လိုလို နေရာမှာ ငါကယ်ခဲ့တဲ့ ကောင်မလေးက ဒီနိုင်ငံက ဟုတ်တယ် ဒီအ၀တ်အစား အပြင်အဆင် ပတ်ဝန်းကျင်က အတူတူပဲ ဒီမှာ ဒီမှာ........." သူပြသော စာမျက်နှာသို့ Exoအားလုံး၏ အကြည့်များ ရောက်ရှိသွားတော့သည်။ "ငါတို့လည်း ကြည့်ရအောင် အော် ငါတို့သွားမယ့်နေရာက မိန်းကလေးတွေက ဒီလိုပုံစံလေးကိုး............" စာအုပ်ထဲက မိန်းကလေးပုံက နန်းမတော်မယ်နုရဲ့ ပုံတူပန်းချီကားပါ။
To be continued
STAI LEGGENDO
Angel
FanfictionExoအဖွဲ့လိုက် မြန်မာနိုင်ငံကို ရောက်လာပြီး နတ်သမီးFanတစ်ယောက်ကြောင့် အလွဲတွေဖြစ်လာပုံကို ဇာတ်လမ်းဆင်ရေးသားထားတာပါ ထူးထူးခြားခြား Fanတွေပါ ထည့်ရေးထားလို့ စာဖတ်သူအနေနှင့် ကိုယ့်ဟာကိုယ် စိတ်ကူးယဉ်ကာ ဖတ်နိုင်ပါသည်ဟု