Epi 3

2.4K 218 3
                                    

Start>>>>>>>

NJ ~ အဲ..အဲဒါက...

Jin ~ boya ?karaokeတို့ night clubတို့ သွားလာတာလား ဟက်ဟက် ဟုတ်လား??

NJ ~ ဟိုဟာ တကယ်တော့ ရိုးရိုးရှင်းရှင်း စားသောက်ဆိုင်မှာပဲ လုပ်မလို့ ကိုပြောပေမဲ့ ကလေးတွေက တခါတလေပါဆိုပြီး ဂျီကျလွန်းလို့ beyan...ကိုဘာအရှုပ်မှ မလုပ်ထားဘူးနော် ချာတိတ် ယုံပေးပါကွာ

Jin ~ အာ့ဆို ဒီနှုတ်ခမ်းနီတွေက ဘာတွေလဲ?? ရှင် ရှင်နော် Jinကိုအိမ်မှာပိတ်ထားတာ ဒါတွေလုပ်ဖို့မလား??

NJ ~ arnya...ချာတိတ်ရယ် အထင်လွဲတာပါ ကိုလည်းဘယ်ကဘယ်လို ပေလာမှန်းမသိဘူး ဒီအတိုင်း clubမှာလူတွေ အများကြီးကနေတာ ဆိုတော့တိုးရင်းနဲ့ မတော်တဆပေတာ ဖြစ်မှာပါ ချာတိတ် ကို့ကိုအထင်မလွဲရဘူးနော် နော်

Jin ~ ....

NJ ~ ချာတိတ် ကို့ကိုတခုခု ပြောပါဦးကွာ

Jin ~ Jinပင်ပန်းနေပြီ နားတော့မယ်နော်!

Jinပြောလည်းပြောပြီး Namjoonရှေ့မှ ထွက်သွားသည်။

NJ ~ Andwe...ချာတိတ် ကိုမေးတာ ဖြေလေကွာ ချာတိတ်သဝန်တို သွားတာလား?

Jin ~ ဟဟ ဝေးသေးတယ် Jinကဘာလို့?? ထမင်းစားခန်းမှာ ထမင်းပြင်ထားတာ စားချင်စားလိုက် မစားချင် လွှတ်တာပစ်လိုက်တော့!

Namjoonစိတ်မရှည်တော့ဘဲ Jinကိုဆွဲကာ သူကိုမျက်နှာချင်းဆိုင်စေလိုက်သည်။

NJ ~ ကိုကစိတ်ရှည်တဲ့လူ မဟုတ်ဘူး ချာတိတ် ကိုက မဟုတ်ပါဘူးလို့ ချာတိတ်ကို ပြောနေရင် ချာတိတ်ယုံရမယ်လေ ဟင် ကိုပြောတာ ဖြေလေ ကို့ကိုယုံလားလို့??><

Jin ~ Jin ယုံတာ မယုံတာ ဘာအရေးကြီးလို့လဲ?

NJ ~ ဟ အရေးပါတယ်လေ ချာတိတ်က ကို့မိန်းမ ကိုကမင်းယောကျာ်း လင်မယားကြား ယုံကြည်မှုက အဓိကပဲလေ ချာတိတ်ရယ်!!

Jin ~ ခ်ခ် ရယ်ရတယ် Jinတို့က ချစ်လို့ယူထားတာလား??မဟုတ်ဘူးလေ ပြောရရင် လင်မယား ဆက်ဆံရေးထက် ရှင်က Jinကိုပိုက်ဆံပေးဝယ်ထားတာ မဟုတ်ဘူးလား?

NJ ~ ချာတိတ် မင်းဘာသဘောနဲ့ ပြောတာလဲ?

Jin ~ ဟုတ်တယ်လေ ရှင်ကJinကို Jinမိဘတွေ အကြွေးဆပ်ပေးပြီး ရှင့်အနားမှာ ထားတာ ဒါအရောင်းအဝယ်မဟုတ်ဘူးလား ပြောရရင် Masterနဲ့slaveလိုလေ Kim Namjoon shi!!

Love comes secretly ♡Where stories live. Discover now