Epi 24

1.4K 157 10
                                    

Start >>>>

Jin' pov ~

YG ~ ဆင်း​လေ Jin ! Oppaအထုတ်​​တွေ သယ်​ခဲ့မယ်​ အထဲဝင်​နှင့်

Yoongi Oppaစကားကို လက်​ခံသည့်​အ​နေနှင့်​ ​ခေါင်းငြိမ့်​ကာ ကား​ပေါ်မှဆင်းပြီး ဟိုးအရင်​ထဲက ရင်းနှီး​နေပြီဖြစ်​​သော အိမ်​ကြီးထဲသို့ တလှမ်းချင်း ​လျှောက်​ကာ ဝင်​လာခဲ့သည်​ ...

အိမ်​ထဲသို့ ဝင်​လိုက်​သည်​နှင့်​ maidတ​ယောက်​က ဆီးကြို​နေသည်​ ဒီအိမ်​ကြီးထဲ Namjoon Oppaနှင့်​ အမှတ်​တရ​တွေ များစွာရှိခဲ့ဖူးသည်​ ! သူရဲ့လက်​ရာ မည်းတူး​နေ​သော မနက်​စာ​တွေ ရှိသမျှ တံခါးလက်​ကိုင်​ဘု​တွေ သူ့​ကြောင့်​ပျက်​ကုန်​လို့ ဆူခဲ့ရတာ​တွေ တခါတရံ သူ့ရဲ့​ဟောက်​သံ​ကြောင့်​ အိပ်​မရ၍ ညသန်း​ခေါင်​ကြီး သူ့ကိုနှိုးကာ ဂျီကျခဲ့တာ​တွေ သူအလုပ်​​ကပြန်​လာမယ့်​အချိန်​ အိမ်​​ရှေ့ဆိုဖာ​ပေါ် ထိုင်​ကာတ​မျှော်​တ​ခေါ် ​စောင့်​ခဲ့တာ​တွေ ... လှပ​သော အမှတ်​တရများက ကျွန်​မ​ခေါင်းထဲ မဖိတ်​​ခေါ်ဘဲ ဝင်​​ရောက်​လာသည်​နှင့်​ တပြိုင်​နက်​ မျက်​ရည်​​ဝဲလာခဲ့သည်​ သူတို့၂​ယောက်​ ​နေခဲ့တဲ့ ဒီအိမ်​ကြီးရဲ့ ပိုင်​ရှင်​က Yoongiဖြစ်​​နေခဲ့သည်​တဲ့လား?

အခုကျွန်​မနဲ့Yoongi Oppa ဆက်​ဆံ​ရေး... ကျွန်​မဘက်​က သူ့ရဲ့​တောင်းဆိုမှုကို လက်​ခံခဲ့သည်​ ပြီး​တော့ တလအတွင်း၂​ယောက်​ လက်​ထပ်​ရန်​လည်း သ​ဘောတူခဲ့သည်​ arjushiမှarjushi ဖြစ်​​နေတဲ့ကျွန်​မ ရုတ်​တရက်​ ဒီ​တောင်းဆိုမှုကို လက်​ခံလိုက်​တာ အံ့သြဖို့​တော့​ ​ကောင်း​နေလိမ့်​မည်​ ကျွန်​မဗိုက်​ထဲက က​လေး​ကြောင့်​ လက်​ခံမိလိုက်​တာလား? Arnyi... သူ့​ကြောင့်​ သူ့ကိုမုန်းလွန်းလို့​ ​နောင်​တရ​စေချင်​လွန်းလို့ ကျွန်​မနဲ့ကျွန်​မ ရင်​​သွေး​လေးကို ​ယုတ်​ညံ့တဲ့စကား ပြောရက်​တဲ့ သူ့ကို​အော့နှလုံး နာလွန်းလို့

Flash back ~

တ​နေ့ ကျွန်​မ​အခန်းထဲ လဲ​လျောင်းကာ ကျွန်​မဗိုက်​ထဲက က​လေးအ​ကြောင်း စဉ်းစား​နေမိသည်​ မကြာခင်​ တက္ကသိုလ်​​တွေလည်း ဖွင့်​​တော့မှာပဲဟာ ဗိုက်​ပူကြီးနဲ့ ​ကျောင်းတက်​ရမှာလား? ပတ်​ဝန်းကျင်​က ရှုတ်​ချကဲ့ရဲ့မယ့်​ ဒဏ်​ခံနိုင်​ပါ့မလား? တက္ကသိုလ်​တက်​ဖို့ လက်​​လျှော့လိုက်​ရမလား? ဘွဲ့မရလည်း အခုအလုပ်​လုပ်​နိုင်​တာပဲ ... ​ဝေခွဲရခက်​​နေ​သော ဆုံးဖြတ်​ချက်​​တွေနှင့်​ ​ခေါင်းကိုက်​​နေခဲ့သည်​ ထိုအခါ တံခါး​ခေါက်​လာ​သော အသံ​ကြောင့်​ အ​တွေးကမ္ဘာထဲမှ ရုန်းထွက်​လာခဲ့သည်

Love comes secretly ♡Tempat cerita menjadi hidup. Temukan sekarang