Start >>>>
Namjoon' pov ~
အပြင်တွင် နှင်းတွေတဖွဲဖွဲ ကျနေသည် ... အော် ဒီလအတွက် နောက်ဆုံးကျတဲ့နှင်းများလားဟု တွေးမိသည် အမြဲတမ်း စိတ်ကူးယဉ်ခဲ့သည် တနေ့ ကိုယ်ချစ်မြတ်နိုးရတဲ့သူနဲ့ နှင်းတွေကျနေသည်ကို တူတူထိုင်ကြည့်ချင်သည်ဟု
ယခု ပြည့်ခဲ့ပြီ ~ ဒီလနှင်းကျတဲ့အချိန် ကျွန်တော်နဲ့ မျက်နှာချင်းဆိုင်ရှေ့ သူမရှိနေခဲ့သည် စိတ်မကောင်းစရာက သူမရဲ့အနား ကျွန်တော်မဟုတ်တဲ့ တခြားတယောက် ရှိနေခဲ့သလို ကျွန်တော့်နံဘေး၌လည်း ဒီတသက် ဘယ်တော့မှ မဖြစ်နိုင်မည်ဟု ထင်ခဲ့သည့် မိန်းမတယောက် ရပ်နေခဲ့သည်သာ
" ဖတ် "
NJ ~ O.o Awwn wae wae?
Sunny ~ Oppaဒီနေ့ စိတ်နဲ့ကိုယ် တော်တော်မကပ်တာပဲ waegudae?
NJ ~ arnyiya... ခုတလော နည်းနည်းပင်ပန်းနေလို့ တရေးလောက် အိပ်လိုက်ရင် အဆင်ပြေသွားမှာပါ
YG ~ hyung... sunny shi ကျွန်တော်တို့ သွားတော့မယ်နော် Jin ah khaja ^^
Jin ~ Nae Oppa :)
ထို့နောက် Jinရဲ့လက်ကို တင်းကျပ်အောင် ဆုပ်ကိုင်ကာ ထွက်သွားလေသည် ထိုအခိုက်အတန့် namjoon ရင်ထဲမချိနှင့်အောင် နာကျင်မိသည် ကျောခိုင်းသွားပြီ ဖြစ်သော jinရဲ့ကျောပြင်ကိုသာ ငေးကြည့်နေလျက်
Sunny ~ Oppa ခဏခဏ ဒီလိုဖြစ်နေရင် sunnyစိတ်ပျက်မိလိမ့်မယ် ... sunny စိတ်အလိုမကျရင် Oppaလိုချင်တဲ့အရာ မပေးနိုင်ဘူးဆိုတာ သိတယ်ထင်တာပဲ
NJ ~ .... arra ... ဒါပေမဲ့ ကို့ကို ဘယ်အချိန်ထိ ဆွဲထားမယ် စိတ်ကူးနေလဲ? Sunnyကို အတည်တကျ လက်ထပ်မယ် ပြောပြီးပြီမလား?
Sunny ~ အင်းပါ နားလည်ပါတယ် ^^ အချိန်တန်လို့ sunnyနဲ့လက်ထပ်ပြီး sunnyဆီ Oppaရင်သွေးလေး ဝင်လာတဲ့တနေ့... အဲ့ဒီနေ့ရောက်ရင်တော့
NJ ~ တောက် ! ဒီမှာစောင့်နေ ကားသွားယူခဲ့မယ်
စကားဆက်မပြောတော့ဘဲ ထွက်လာခဲ့သည် ကျွန်တော့်ရင်သွေး Sunnyဆီရောက်တဲ့နေ့? ကြောက်မိသည် ထိုနေ့ကို ကျွန်တော်အလွန် မုန်းမိမှာတော့ အမှန်ပင် ... sunny သူမနှုတ်မှ ထွက်လာတော့မယ့် yeoboဆိုသည့် အသုံးနှုန်းကို မုန်းသည် ကျွန်တော့်သွေးနဲ့ သူမသွေး ရောနှောထားမည့် အနာဂတ်ရင်သွေးလေးကိုလည်း ကြောက်ရွံ့မိသည် ကျွန်တော့်ကို Jinထားရစ်ခဲ့တော့မယ့်နေ့ ... ထိုနေ့သည် တဖြေးဖြေး နီးကပ်လာသလို အိမ်မက်ဆိုးတွေနှင့် ညတိုင်းခြောက်လှန့်နေခဲ့သည် ဒါတွေကို သူမသိနိုင်မလား?!
YOU ARE READING
Love comes secretly ♡
RandomNamjin fic ~ Namjoon,Jin,YoonGi... Namjoonဟာ Jinကိုမိဘတွေနဲ့ အကျပ်ကိုင်ပြီး သူ့ကိုလက်ထပ်ခိုင်းခဲ့တယ် ဒါတွေက သူမကိုချစ်လို့ပါ Jinတယောက် သိနိုင်မလား?