Start >>>>
Jin'pov ~
ကျွန်မရဲ့အရာအားလုံးဖြစ်တဲ့ သူ ... အမြဲတမ်း သူ့ကိုပဲ မျှော်ကြည့်နေခဲ့တာ သူတယောက်ကိုပဲ အားကိုးခဲ့တာ ယုံကြည်ထားတာ ဒါတွေသူလည်း သိမှာပါ သိရက်နဲ့ ဘယ်လိုလုပ် ဒီလိုလုပ်နိုင်ရတာလဲ arjushiရယ်?!
အိမ်သို့ပြန်ရာ လမ်းတနေရာတွင် မီးပွိုင့်ဖြတ်ကူးရာ မျဉ်းကြားပေါ်၌ အသက်မပါသော လူတယောက်ကဲ့သို့ တလှမ်းချင်းလှမ်းကာ လျှောက်လာသည် မျက်ရည်တွေကတော့ အဆတ်မပြတ် စီးကျနေသည်ထင်သည် အခုချိန် စိတ်တွေက လွင့်မျောလျက် အိမ်ပြန်လမ်းလား မသေချာဘဲ လျှောက်မိနေဆဲ ဘေးနားက ဖြတ်သွားသည့် လူတွေလည်း ဝိုင်း၍တီးတိုးပြောနေသည် ရုတ်တရက် ခေါင်းထဲတိုးဝင်လာသော ဟွန်းတီးသံ ... လှည့်ကြည့်လိုက်ရာ ကားမီးက မျက်လုံးထဲစူးခနဲ ဝင်ရောက်လာသည် ထိုစဉ် ကြောင်တောင်တောင်အတွေးတွေက ခေါင်းထဲတိုးဝင်လာခဲ့သည် ဒီကားတိုက်လို့ ကျွန်မသေတဲ့အခါ arjushiနောင်တရပြီး အသည်းအသန် ငိုကြွေးမလားလို့ပေါ့ ...
နောင်တရစေချင်သည် ကျွန်မကို နာကျင်အောင် လုပ်သည့်သူ့ကို မှတ်သားလောက်အောင် သင်ခန်းစာ ပေးချင်မိသည် ... အဆုံးသတ်အနေနှင့် မျက်ခွံလွှာကို ပိတ်ချကာ နာကြဉ်းစွာ ပြုံးလိုက်မိသည် တသက်လုံး သေတဲ့အထိ Kim Jinniကို သတိရနေပေးပါ Arjushi :')
" တီ တီ တီ တီ "
ကားဟွန်းတီးသံက ရပ်စဲသွားခြင်းမရှိ တစထက်တစ ပို၍ကျယ်လောင်လာကာ အနားသို့နီးကပ်လာခဲ့သည်
ရုတ်တရက် လက်ကိုဆောင့်ဆွဲခံရသော အသိ... မျက်လုံးမှိတ်လျက်နှင့်ပင် ထိုနောက်ပါသွားကာ မျက်လုံးဖွင့်ကြည့်တော့ ရင်းနှီးနေသော ရင်ခွင်ထဲ ရောက်ရှိလို့နေသည် သူ.... ဘယ်လိုလုပ် ကျွန်မရှေ့ ရောက်နေတာလဲ?
" ဟိုကောင်မလေး သေချင်ရင် တခြားကားရှေ့ သွားသေ ငါ့ကိုအမှုပတ်အောင် မလုပ်ချင်နဲ့ ! ခေတ်လူငယ် တွေများအားအားရှိ ကိုယ့်ကိုကိုယ် သေကြောင်းကြံတာလွဲရင် တခြားဘာမှ လုပ်စရာ မရှိကြဘူး ထင်တယ် "
YOU ARE READING
Love comes secretly ♡
RandomNamjin fic ~ Namjoon,Jin,YoonGi... Namjoonဟာ Jinကိုမိဘတွေနဲ့ အကျပ်ကိုင်ပြီး သူ့ကိုလက်ထပ်ခိုင်းခဲ့တယ် ဒါတွေက သူမကိုချစ်လို့ပါ Jinတယောက် သိနိုင်မလား?