- 1

1.7K 68 1
                                    

"တီ တီ တီ..."

ခါတိုင်းထက်​ပိုကျယ်​​နေတယ်​လို့ ထင်​ရတဲ့နှိုးစက်​အသံ.. လင်းလွန်းတဲ့ မနက်​ခင်း​နေ​ရောင်​ခြည်​​ကြောင့်​ တစ်​ချက်​ညည်းလိုက်​မိသည်​။ နှိုးစက်​ကိုလှမ်းပိတ်​ပီး ​စောင်​ကို​ခေါင်းထိ​အောင်​ပြန်​ခြုံလိုက်​သည်​။ ငါးမိနစ်​ပင်​မကြာလိုက်​ ​ခေါင်းထဲသို့ အလိုအ​လျောက်​တိုးဝင်​လာ​သော တ​နေ့တာလုပ်​ငန်း​ဆောင်​တာများ​ကြောင့်​ပင်​ မထချင်​ထချင်​နဲ့ အိပ်​ယာ​ပေါ်မှ ပျင်းရိစွာ ​ရေချိုးခန်းသို့...

7:30 am~

ခွက်​ထဲမှ​ နွားနို့ကိုအကုန်​​မော့လိုက်​ပီး ​ခေါင်းထဲဝင်​လာသည်​က မ​နေ့ညကအပြီးမသတ်​လိုက်​ရသည့်​ assignment.. သက်​ပြင်းသာတွင်​တွင်​ချရင်း ​ကျောင်းသွားဖို့ပြင်​ဆင်​ရသည်​။ အတန်းက ၉ နာရီမှစမှာပဲ.. စာကြည့်​တိုက်​သွားပီး လုပ်​လက်​စအလုပ်​ကို လက်​စသတ်​ရင်​ မှီနိုင်​​သေးတယ်​..လို့​တွေးမိပီး နည်းနည်းအသက်​ရှူ​ချောင်​သွားသည်​။ စာကြည့်​တိုက်​က အခုမှတံခါးဖွင့်​ရုံရှိ​သေး.. ​ကောင်​တာမှ အ​ဒေါ်ကြီးကိုတစ်​ချက်​ပြုံးပြပီး ထိုင်​​နေကျ​နေရာကို ဦးတည်​လိုက်​သည်​။

9:40am~

အကုန်​လက်​စသတ်​ပီး စာကြည့်​တိုက်​မှအထွက်​ နာရီကိုငုံ့ကြည့်​မိချိန်​တွင်​​တော့ ခပ်​တိုးတိုးဆဲ​ရေးသံက ပါးစပ်​ကလွှတ်​ခနဲထွက်​သွားသည်​။ ပထမအချိန်​​တောင်​ပီးပီ.. ​နေ​တော့ မတတ်​နိုင်​ဘူး...စိတ်​ရှူပ်​ရှူပ်​နဲ့ ​ခေါင်းကိုသာတွင်​တွင်​ကုတ်​မိ​နေသည်​။ ​​ခြေလှမ်း​တေက​တော့ စာသင်​ခန်းဆီ​သို့ တ​ရွေ့​ရွေ့...

"Hyung!"

ရင်းနှီးတဲ့ ​ခေါ်သံတစ်​ခု.. အလိုလိုပြုံးမိရက်​သားဖြစ်​သွား​သော ကိုယ့်​ကိုယ်​ကို​တော့ နားမလည်​နိုင်​..နားလည်​​အောင်​လဲမကြိုးစားမိ..

"ပထမအချိန်​မတက်​ဘူးလား?" ​မေးရင်း ကိုယ့်​​ဘေးမှာလာရပ်​တဲ့ ​ကောင်​​လေးတစ်​​ယောက်​.. သူ့ကိုကြည့်​လိုက်​တိုင်း အမြဲပြုံး​နေသည်​..​နေ​ရောင်​ခြည်​နဲ့လိုက်​ဖက်​စွာ ​တောက်​ပ​နေတဲ့ ဆံပင်​လိ​မ္မော်​​ရောင်​​တေ...လေအ​ဝှေ့မှာ ယိမ်းက​နေကြသည်​.. သူသည်​ ​နေ​ရောင်​​အောင်​မှာ ​တောက်​ပ​နေခဲ့သည်​... "မင်း​ရော ဘာထူးလို့လဲ..​ကျောင်း​ပြေး" ခပ်​​နောက်​​နောက်​​ပြောပြီး ရပ်​​နေ​သော​ခြေလှမ်း​တေကို ပြန်​စတင်​လိုက်​သည်​။ ​ဘေးကလိုက်​​လျောက်​ရင်း "​ကျောင်းကမ​ပြေးပါဘူး ကျွန်​​တော်​က​ပြေးတာပါ" ခပ်​တည်​တည်​နဲ့​ပြောပြီးမှ ကိုယ့်​စကားကိုယ်​သ​ဘောကျသွားဟန်​ဖြင့်​ မျက်​လုံးများမမြင်​ရ​လောက်​တဲ့အထိ ရယ်​​နေသည်​..

"You Know I Know"Where stories live. Discover now