- 6

338 41 0
                                    

"Hyung ဆံပင်​ကိုင်​ရတာ အဲ့​လောက်​ကြိုက်​မှန်း မသိခဲ့ဘူး"

အိပ်​​ပျော်​မလိုဖြစ်​​နေချိန်​မှာ Namjoon ရဲ့ စကားသံ​ကြောင့်​ ​ခေါင်း​ထောင်​ကြည့်​လိုက်​သည်​၊ ဘာကိုတုန်း ဘာဆံပင်​ကိုင်​တာတုန်း လို့ မျက်​​မှောင်​ကြုတ်​ပြီး ​မေးလိုက်​​တော့ Namjoon က သူ့ပါးချိုင့်​​တွေ​ပေါ်လာ​အောင်​ ​ပြုံးပြပြီး hyung ခု ဘာလုပ်​​နေလဲ လို့ ပြန်​​မေးလာသည်​။
အော်​ ကိုယ့်​ကိုယ်​ကို​တောင်​ သတိမထားမိ၊ လက်​​က Jiminie ရဲ့ ​ခေါင်း​ပေါ်မှာ ပိုးသားလို​ပျော့​ပျောင်းနူးညံ့​နေတဲ့ ဆံပင်​​တွေကြားမှာ Yoongi ရဲ့ လက်​​ချောင်း​တွေက ​ဆော့ကစား​နေခဲ့မိသည်​။

"Hyung ကို သတိထားမိ​နေတာကြာပြီ၊ jiminie အနား​ရောက်​တာနဲ့ hyung လက်​က သူ့ဆံပင်​​တွေကြားထဲ​ရောက်​​နေပြီ" ဆိုတဲ့ စွပ်​စွဲသလို ​လေသံ​အောက်​မှာ​တော့ Jiminie က ဆံပင်​ကိုင်​ရင်​ ကြိုက်​တယ်​​လေ လို့သာ တိုးတိုး​လေး ပြန်​​ဖြေခဲ့မိသည်​။

အခု​နောက်​ပိုင်း jiminie အချိန်​ပိုင်းအလုပ်​လုပ်​တာပိုဆိုးလာသည်​၊ အချိန်​ပို​တွေဆင်း အိပ်​​ရေး​တွေပျက်​၊ ​ကျောင်းစာက ပိလာသည့်​ကြားထဲ အလုပ်​တစ်​ဖက်​နဲ့ jiminie ဟာ တဖြည်းဖြည်း ယိုင်​နဲ့လာသည်​၊ တစ်​ပတ်​တခါ (၇)​ယောက်​လုံး စုံ​နေကျ အချိန်​မှာ​တောင်​ အိပ်​​ပျော်​​နေသည်​။ ပုံမှန်​ဆို (၇) ​ယောက်​ဆုံရင်​ အ​ပျော်​ဆုံးက သူဖြစ်​သည်​၊ စကား​တွေ​ပြော ဂိမ်း​တွေ​ဆော့ မျက်​လုံး​နှစ်​ဖက်​လုံး မမြင်​ရ​အောင်​ ပြုံး​နေပြီး အရမ်းတက်​ကြွ​နေတတ်​သူဖြစ်​သည်​၊ အခု​တော့ ရုပ်​ရှင်​အတူကြည့်​ကြမယ်​ဆိုပြီး Namjoon တို့တိုက်​ခန်းမှာ လူစုခဲ့ကြ​သော်​လည်း jiminie က ​ရောက်​​ရောက်​ချင်း ဆိုဖာ​ပေါ်ထိုင်​​နေတဲ့ Yoongi နားလာပြီး အိပ်ချင်​တယ်​လို့ မကြားတကြားရွတ်​ပြီး yoongi ပုခုံး​ပေါ်​ခေါင်းမှီကာ အိပ်​​မောကျ​နေ​တော့သည်​။ Yoongi လဲ ရင်​ခွင်​ထဲ​​ခေါင်းထိုးအိပ်​​ပျော်​​နေတဲ့ jiminie ရဲ့ နှာထိပ်​လုံးလုံး​လေး၊ နှူတ်​ခမ်းဆူဆူ​လေး နဲ့ ပါး​ဖောင်း​ဖောင်းကို ​ငေး​နေတာနဲ့ ကြည့်​​နေတဲ့ရုပ်​ရှင်​က ဘာကားမှန်း​တောင်​ အာရုံမ​ရောက်​​တော့၊ တဖြည်းဖြည်းအိပ်​ငိုက်​လာခဲ့သည်​၊ Namjoon စကားအဆုံး yoongi ကို ဝိုင်းစကြတဲ့ စကား​တွေကို စိတ်​ဆိုးချင်​​ယောင်​​ဆောင်​ပြီး မျက်​​စောင်းထိုးလိုက်​​ပေမယ့်​ Jiminie ဆံနွယ်​​တွေကြားမှာ ​ဆော့ကစား​နေတဲ့ လက်​က​တော့ ရပ်​မသွားခဲ့​ပေ၊

"You Know I Know"Onde histórias criam vida. Descubra agora