- 2

705 59 0
                                    

"Hyung ဒီ​နေ့​ကျောင်းလစ်​ရ​အောင်​"

သူ့အသံက တိုးလွန်းသည်​။ စာကြည့်​တိုက်​ထဲလာပြီး တစ်​​ရေးတစ်​​မော​လောက်​အိပ်​ရန်​ စဉ်းစားခဲ့​သောလဲ အိပ်​ဖို့​ခေါင်းချရုံရှိ​သေး လက်​​မောင်း​ပေါ်သို့ကျ​ရောက်​လာခဲ့​သော လက်​ဖဝါး​နွေး​နွေး​ကြောင့်​ ​ခေါင်း​ထောင်​ကြည့်​လိုက်​မိသည်​။

"ဟင်​ ဘာ​ပြောတာလဲ" အိပ်​မှူံစုတ်​ဖွားဖြစ်​​နေ​သော မျက်​လုံးကိုပွတ်​ရင်း​မေးလိုက်​​သော Yoongi အသံမှာလဲ တိုးလှသည်​။ စာကြည့်​တိုက်​ထဲမှာကိုး..

"အတန်းမတက်​ချင်​​တော့ဘူး" မျက်​နှာငယ်​နှင့်​ ​ပြော​နေ​သော Jimin မျက်​နှာကိုကြည့်​ပီး Yoongi ရယ်​ချင်​သွားသည်​။ "အဲဒီ​တော့?" ​ခေါင်းကို စားပွဲ​ပေါ်ပြန်​ချလိုက်​သည်​။ အိပ်​ချင်​စိတ်​က​တော့မ​ပျောက်​​သေး။

"ဟာ hyung ကလည်း အိပ်​မ​နေနဲ့​တော့ ထ ထ တစ်​​နေရာရာသွားရ​အောင်​"

"ဘယ်​ကိုလဲ?"

"မသိဘူး" ​ပြောပီး စူပုပ်​ပုပ်​နှင့်​ထိုင်​​နေသည်​။

"hyung.."

"ဟင်​?''

"သွား​သောက်​ရ​အောင်​.." ​လေသံမျှသာကြားရ​သော စကား​ကြောင့်​ အိပ်​ချင်​စိတ်​​တောင်​ ကြက်​​​ပြောက်​ငှက်​​ပြောက်​..ချက်​ချင်း​ခေါင်း​ထောင်​လာသည်​။

"Jimin.. အိမ်​နဲ့ဘာဖြစ်​လာလဲ" အသံမှာ စိုးရိမ်​မှူ​ကြောင့်​ တိုးညှင်းလွန်း​နေသည်​။ သွား​သောက်​ရ​အောင်​ဆို​သော စကားမှာတစ်​ခြား​ယောက်ျား​လေးသူငယ်​ချင်းများအဖို့ သာမာန်​ဖြစ်​​သော်​လည်း Jimin နဲ့ Yoongi အတွက်​​တော့ ထူးခြားသည်​။ Jimin က ​​တော်​ရုံနဲ့စိတ်​ညစ်​တတ်​သူမဟုတ်​ အိမ်​နှင့်​အဆင်​မ​ပြေ​သော်​လဲ အရက်​​သောက်​ဖို့အထိ​တွေးရ​အောင်​ ဘာ​တေများအိမ်​မှာဖြစ်​လာလဲမသိ။ ဒီတစ်​ပါတ်​​ကျောင်းပိတ်​ရက်​ Jimin အိမ်​ပြန်​ပြီး ပြန်​လာတည်းက မျက်​နှာသိပ်​မ​ကောင်းသည်​ကို သတိထားမိ​သော်​လည်း နှစ်​​ယောက်​လုံးအ​ကြောင်းအရင်းကို စကားမစမိကြ။

"You Know I Know"Onde histórias criam vida. Descubra agora