- 3

432 47 2
                                    

"Min Yoongi! Min Yoongi! Min Yoongi!"

ပြောင်​လက်​​နေတဲ့ ပါ​ကေးကြမ်းပြင်​​ပေါ်တွင်​ ​ပြေးလွှား​နေကြ​သော ​ခြေ​ထောက်​အစုံများ​ကြောင့်​ တကျွိကျွိမြည်​​​နေသည့်​ အားကစားစီးဖိနပ်​သံများနှင့်​ ​ဘောလုံးပုတ်​သံများမှအပ တိတ်​ဆိတ်​​နေ​သော ကွင်းထဲတွင်​ သူ့အသံက ကျယ်​​လောင်​လွန်း​နေသည်​။ ပြိုင်​ပွဲလဲမဟုတ်​ ရိုးရိုးအ​ပျော်​တမ်း​ဆော့​နေကြ​သည်​ကိုသိ​သော်​လည်း အမြဲတမ်း မပျက်​မကွက်​ Min Yoongi နာမည်​ကို သည်းကြီးမဲကြီးအမြဲ လာ​အော်​တတ်သ​ည်​။ Jiminnie ရာ ရှက်​စရာကြီး မ​အော်​ပါနဲ့.. ဘယ်​လိုမှ ​ပြောလို့မရခဲ့။ ကစား​ဖော်​ ကစားဖက်​များအကြား အမြဲအစခံရသည်​ကို သိ​သော်​လည်း သူက​တော့ သိပ်​ရုစိုက်​ပုံမ​ပေါ်။ "ဟာ hyung ကလဲ အား​ပေးတဲ့လူရှိတာမ​ကောင်းဘူးလား?' သူ့အ​ဖြေက အမြဲမ​ပြောင်းလဲ။ ဒီ​နေ့ training ရှိတယ်ဆို ဘာကြီးဖြစ်​​နေပါ​စေ အတန်းလစ်​ပြီး​တောင်​ လာလာ​အော်​တတ်​တဲ့ Jimin ကို​တော့ Yoongi မ​တားနိုင်​​တော့။ "hyung က ဘတ်​စကတ်​​ဘော​ဆော့​နေတဲ့ အချိန်​ အရမ်းကြည့်​​ကောင်းတာပဲ" ထို​နေ့ည​နေက Yoongi ရဲ့ ပါး​တေနီ​နေခဲ့တာ​တော့ ရာသီဥတုပူလွန်း၍ မဟုတ်​ခဲ့။

အ​ဆောင်​ပြန်​သည့်​ လမ်းတ​လျှောက်​က ​တိတ်​ဆိတ်​​နေခဲ့သည်​။ ၂ ​ယောက်​အတူ ​လျှောက်​​နေကြလမ်း၊​ တစ်​​ယောက်​တည်း​လျှောက်​ဖြစ်​တဲ့ ​နေ့များတွင်​ အရင်​နား​ထောင်​​နေကြ Jimin ရဲ့ သီချင်းညည်းသံမပါလျှင်​ Yoongi တစ်​​ယောက်​ Headphone ကိုသာ အ​ဖော်​ပြုရသည်​။
ခုတ​လော Jimin အိမ်​​စော​စောပြန်​သည်​။ လုပ်​စရာရှိလို့ဆိုတဲ့ အ​ကြောင်းပြချက်​နှင့်​ Yoongi အတန်းမပြီးခင်​တည်းက ပြန်​သွားနှင့်​တတ်​သည်​။ "Hyung လုပ်​စရာရှိလို့ ပြန်​နှင့်​ပြီ" ဆို​သော မက်​​ဆေ့တ​စောင်​သာ​ရောက်​လာပြီး အတူတူလမ်းမ​လျှောက်​ဖြစ်​တဲ့ ရက်​​တွေ များလာပြီ။
ညဘက်​ ဖုန်းဆက်​တိုင်းလဲ ပင်​ပန်းလို့အိပ်​​တော့မယ်​ ဆိုသည်​​လောက်​သာပြောပြီး ဖုန်းချသွားသည်​က အကြိမ်​​ပေါင်းများလာ​သောအခါ ဖုန်းအဆက်​အသွယ်​ ကျဲလာခဲ့သည်​။

"You Know I Know"Onde histórias criam vida. Descubra agora