Jimine အချိန်ပိုင်းအလုပ်လုပ်နေတာ ၂ လကျော်နေပြီ။ အရင်က အရမ်းသိချင်ခဲ့သော jiminie ငွေလိုရတဲ့ အကြောင်းအရင်းဟာ yoongi အတွက် headphone ဝယ်ပေးချင်လို့ ဆိုသည်ကို သိခဲ့ရသည်မှာ အရင်အပတ်က ဖြစ်သည်။ မယူဘူး အဲ့လောက်ဈေးကြီးတဲ့ပစ္စည်းကို ဆိုင်မှာပြန်သွားအပ်မယ်လို့ ပြောမိတုန်းက ဖြစ်သွားတဲ့ jiminie ရဲ့ မျက်နှာကို yoongi တသက်လုံး မေ့နိုင်မည်မထင်၊ ထုံးစံအတိုင်း jiminie က အနိုင်မယူသော်လည်း အရှူံးပေးနေကျ yoongi က မျက်ရည်လဲ့နေတဲ့ မျက်ဝန်းတွေအောက်မှာ သက်ပြင်းသာချမိခဲ့သည်၊ နောက်အဲ့လိုတွေ မလုပ်ပါနဲ့လို့ တောင်းပန်ရုံမှ အပ ဘာမှ မစွမ်းသာခဲ့... ဒါပေမယ့် headphone လဲ ဝယ်ပေးပြီးပြိီကို ခုထိ အလုပ်မထွက်သေးတာကို မသင်္ကာစရာပင်ဖြစ်သည်၊ ငွေလဲ မလိုတော့ပဲနဲ့ မလုပ်ပါနဲ့တော့၊ လူမဟုတ်ဘူး ပန်ဒါဖြစ်နေပြီလို့ ဘယ်လောက်တားတား၊ jiminie ကတော့ ခေါင်းမာဆဲပင်...
ဒီရက်ပိုင်း yoongi က ခဏခဏ နားပူလို့လားတော့မသိ တစ်ပတ်ကို ၆ ရက်သာလုပ်မည်ဟု သဘောတူညီချက်ရလာသည်။ သို့သော် ရှိသည့်နားရက်လေးတစ်ရက်ကို အိပ်ရေးဝအောင်အိပ်စေချင်သော်လည်း hyung နဲ့အတူညမထွက်ရတာကြာပြီဆိုပြီး အတင်းဆွဲခေါ်ရာမှ ဘယ်လိုလုပ် ဟန်မြစ်ဘေး၊ လေစိမ်းတွေတိုက်နေတဲ့ကြားတဲ့ ဆိုဂျူပုလင်းတွေနဲ့ လာထိုင်မိနေမှန်းမသိ၊ jiminie သောက်တာများနေပြီ မနက်ခေါင်းကိုက်လိမ့်မယ် ဆိုတော့ နှာခေါင်းသာရှူံ့ ပြသော်လည်း လက်က ပုလင်းကိုတော့ မချခဲ့၊ တခါတလေပဲလေ လုပ်ချင်တာ လုပ်ပါစေဆိုပြီး လွှတ်ထားပေးလိုက်သည်၊ jiminie မူးတာကို မတွေ့ရတာကြာပြီ၊ jiminie က မူးရင် အတော် ချစ်ဖို့ကောင်းသည်၊ သူ့ကိုယ်ကိုယ် diminie ကလေလို့ နာမ်စားသုံးပြီး ဆွဲညှစ်ချင်စရာကောင်းလောက်အောင် ချစ်စရာစကားတွေ မရပ်မနားပြောတတ်သည်၊ ချစ်စရာစကားရယ်လို့တော့မဟုတ် စကားတွေမရပ်မနားပြောသည်က အလွန်ချစ်ဖို့ကောင်းနေခြင်းဖြစ်သည်။ အရာရာကို အကောင်းမြင်တတ်သည့် jiminie ရဲ့ မျက်လုံးထဲတွင် မူးနေသည့်အချိန်၌ တစ်လောကလုံးက အလွန်လှပနေဟန်တူသည်၊ ကြယ်တွေကအစ မြက်ပင်တွေအဆုံး သူ့အတွက် အကုန်လှပနေတတ်သည်၊ တွေ့သမျှ လက်ညှိုးထိုးပြီး သူ့မှာ ပြောစရာမကုန်နိုင်၊ သောက်စရာ ဆိုဂျူတပုလင်းမှ မကျန်တော့သည့်အချိန်တွင် jiminie က ထိုင်ရတာညောင်းတယ်ဆိုပြီး yoongi ရဲ့ပေါင်ပေါ် ခေါင်းအုံးပြီး မြက်ခင်းပေါ်မှာ ပက်လက်လှဲချလိုက်သည်၊ အိပ်တော့မလို မျက်လုံးကို ပိတ်လိုက်ပြီးမှ
ESTÁS LEYENDO
"You Know I Know"
Fanficပါးဖောင်းဖောင်းလေးနဲ့ မျက်လုံးတွေပျောက်သွားအောင် ရယ်တတ်တဲ့ကောင်လေးတစ်ယောက်နဲ့ အဲ့ပါးဖောင်းဖောင်းလေးတွေကို တချိန်လုံး ငေးကြည့်နေတတ်တဲ့ ကောင်လေးတစ်ယောက်တို့ရဲ့ အချစ်ဇာတ်လမ်းလို့ ခေါ်လို့မရတဲ့ မြတ်နိးခြင်းပုံပြင...