- 4

394 43 0
                                    

တီ တီ တီ တီ

ခေါင်းအုံး​အောက်​က ဖုန်းကို လက်​ဖြင့်​ စမ်းပြီး နှိုးစက်​ကို ပိတ်​လိုက်​သည်​။ အချိန်​ကြည့်​​တော့ မနက်​ ၄ နာရီခွဲ၊ ထမှပါ ၊ ​နောက်​ကျလို့မဖြစ်​ဘူး၊ တစ်​ကိုယ်​လုံးကို မသွားပါနဲ့လို့​ပြော​နေသ​ယောင်​ အတင်းဆွဲထားသည့်​ ​စောင်​ပုံကြားက မနည်း ကုန်းရုန်းထ၊ မျက်​နှာသစ်​၊ အဝတ်​စားလဲပြီး မီးဖို​ချောင်​ထဲ သွားသည်​။ ဟင်း ငါ​​နော်​ ဘယ်​တုန်းကမှ ဒီအချိန်​ထတာမဟုတ်​ဘူး၊ ဒင်းက​လေး​ကြောင့်​၊ ပါးစပ်​မှ ပွစိပွစိ​ပြောပြီး ညထဲက ​ပေါင်းထားသင့်​ ကြက်​​ပေါင်းဦးကို မီးဖို​ပေါ်တင်​ပြီး ​နွှေးရသည်​။ ပြီး အ​နွေးဘူးထဲထည့်​ ထမင်းဘူးထုပ်​ပြီး Namjoon တို့ အိမ်​ဘက်​ကို လမ်း​လျှောက်​ထွက်​လာခဲ့သည်​။ Jiminie ဟာ​လေ အလုပ်​လုပ်​မယ့်​လုပ်​​တော့လဲ Namjoon တို့အိမ်​ဘက်​ ​ဝေးက​ဝေးနဲ့ကွာဆို​တော့ ​ကျောင်းနဲ့နီး Hyung အိမ်​နဲ့နီး​တဲ့ဆိုင်​မှာလုပ်​ရင်​ Hyung နဲ့ ​တွေ့ မှာစိုးလို့လို့ ​ပြောပြီး လျှာထုတ်​ပြသည်​ကို ပြန်​မြင်​​ယောင်​လာသည်​၊ ​ကောင်းပ ​ကောင်းပ ​ကျေးဇူးရှင်​​လေး ခု​တော့ အ​ဝေးကြီးလမ်း​လျှောက်​ရပြီ၊

Jimin က ပိုက်​ဆံလို​တယ်​ဆိုတဲ့ အ​ကြောင်းပြချက်​တစ်​ခုနဲ့ 24 hours convenience store မှာ ည​နေ ၅ နာရီက​နေ မနက်​ ၅ နာရီထိ အချိန်​ပိုင်းအလုပ်​လုပ်​​နေခဲ့သည်​၊ အ​ရှေ့ပတ်​​တွေမှာ ​ကျောင်းမလာခင်​​ရော၊ ​ကျောင်းပြန်​ချိန်​​ရော မ​တွေ့ ရသည့်​ အ​ကြောင်းရင်း​တွေ၊ ဘာလို့ အလုပ်​လုပ်​​နေတာကို ငါ့ကို ဖုံးထားတာလဲဆို​တော့၊ ကြည့်​ပါလား ခု​တောင်​ဆူ​နေတာကို ဘယ်​သူက​ပြောရဲမှာလဲ ဆိုပြီး နှူတ်​ခမ်းကို တစ်​​တောင်​​လောက်​​ထော်​ထား​သေးသည်​။ မလွယ်​ဘူး၊ ဆူ​တောင်​မဆူရပါဘူး မျက်​​စောင်း​တော့ တစ်​ချက်​ထိုးပစ်​လိုက်​သည်​။ ပိုက်​ဆံလိုရင်​ ငါ့နားယူပါလား အလုပ်​မလုပ်​ပါနဲ့ မျက်​ကွင်း​တွေလဲ ညိုလို့၊ ပင်​ပန်းတယ်​ လို့​ပြော​တော့ သူ့လုပ်​အားနဲ့ ရတဲ့ ပိုက်​ဆံသာ သူလိုချင်​​ကြောင်း၊ ခုစု​နေတဲ့ပိုက်​ဆံက အ​ရေးကြီးတဲ့ ​နေရာမှာ သုံးမှာဖြစ်​လို့ လူအား​ရော စိတ်​အား​ပါ ထည့်​ချင်​​ကြောင်းကို ဦးထုတ်​​အောက်​က ​ချောင်းကြည့်​ပြီး တိုးတိုး​လေး ​ပြောခဲ့သည်​။ ဘယ်​​နေရာမှာ သုံးမယ့်​ပိုက်​ဆံမို့လို့လဲ အတင်း​မေး​သော်​လည်း အ​ဖြေ​တော့မရခဲ့၊

"You Know I Know"Tempat cerita menjadi hidup. Temukan sekarang