"လာပါ Hyung ကလဲ ဆိုင်မှာ booking ချိတ်ထားတာ နောက်ကျတော့မယ်"
"၅ မိနစ်ပဲ ၅ မိနစ်ပဲ ထပ်အိပ်မယ်လို့ဆိုနေ"
စနေနေ့၊
ှမနက် ၉ နာရီမထိုးမီ ဆိုင်းမဆင့်ဘုံမဆင့် အခန်းထဲသို့ ဝုန်းဒိုင်းကျဲဝင်လာပြီး အိပ်မောကျနေသည့် Yoongi ကို အိပ်ယာကအတင်းထခိုင်းရဲတာ တလောကလူံးမှာ သူတစ်ယောက်ပဲရှိမည်။ ဒီလိုပိတ်ရက်မျိုးမှာ အိပ်ရေးဝအောင်အိပ်လိုက်ဦးမယ်လို့ အားခဲထားသမျှ ဆံပင်အရောင်သွားဆိုးမယ်ဆိုပြီး Yoongi မထမချင်း စောင်တေဆွဲချ လက်မောင်းကိုကိုက်လိုက် နားရွက်ဆွဲလိုက်နဲ့ အားသွန်ခွန်စိုက် နှောက်ယှက်နေသော Park Jimin ကြောင့် ခဲလေသမျှ သဲရေကျခဲ့ရပြီ၊
Hyung နော် booking ချိတ်ထားတာ နောက်ကျသွားရင်တော့ ဆိုင်မှာမဆိုးတော့ဘူးမှတ်၊ Tae ကိုခေါ်ပြီး သူကြိုက်တဲ့အရောင်ဆိုးခိုင်းလိုက်မှာ ဆိုသောစကားကြောင့် အိပ်ချင်စိတ်တွေ အကုန်ပျောက်ကာ ရေချိုးခန်းသို့ အမြန်ပြေးရသည်၊ ခနပဲစောင့် ခနပဲစောင့် Tae ကိုတော့ မခေါ်ပါနဲ့၊Jimin က အကျင့်တစ်ခုရှိသည် ဆံပင်အရောင်ခဏခဏပြောင်းချင်သည်၊ ဆံပင်ဆိုးမယ်ဆိုရင် ဘယ်တော့မှ တစ်ယောက်ထဲမဆိုး တစ်ယောက်ယောက်ကို အတင်းအဖော်ခေါ်ပြီးဆိုးတတ်သည်၊ အရင်တစ်ခေါက်ဆိုးတုန်းက Yoongi က Jimin ရဲ့ သားကောင်ဖြစ်ခဲ့သည်၊ မဆိုးချင်ဘူး ဘလောက်ငြင်းငြင်း Hyung ကလည်း ဆိုပြီး ထော်ပြတဲ့ နှူတ်ခမ်းနဲ့ ကြောင်သူငယ်မျက်လုံးအောက်မှာ ကျရှူံးခဲ့ရသည်။ Tae ဆိုးပေးလိမ့်မယ် လုံးဝအပြောင်းအလဲဖြစ်သွားအောင် ဘာရောင်ဆိုးမလဲမပြောပြဘူး ပြီးမှကြည့်ရမယ်ဆိုတဲ့ စကားနောက်မှာ Yoongi က သံပုရာသီးဖြစ်ပြီး Jimin က လိမ္မော်သီးဖြစ်သွားခဲ့သည်၊
ဆံပင်ဆိုးပြီးချင်းချင်း မှန်ကြည့်ပြီး Tae ကို လှမ်းထုဖို့ကြံခဲ့သော်လဲ Jimin ရဲ့ ဝါးး Hyung နဲ့အရမ်းလိုက်တယ် သံပုရာသီး သံပုရာသီး ချဉ်ချဉ်လေးလို့ ပြောပြီး မျက်လုံးနှစ်ဖက်လုံးပျောက်အောင်ရယ်နေသည့်ပုံကြောင့် ထုမယ့်လက်ကို ပြန်ရုတ်ခဲ့သည်၊ အမှန်ပြောရရင် mint hair နဲ့ ကိုယ်နဲ့လိုက်တယ်လို့ထင်သည် သို့သော် လမ်းသွားရင် လူတွေက ဒီခေါင်းကို လိုက်ကြည့်လွန်းလို့၊ Jimin နဲ့ အတူဆိုပိုဆိုးသည်၊ အခုလဲ Tae သာ ထပ်ဆိုးပေးမယ်ဆို ဘာရောင်တွေဖြစ်ကုန်ဦးမလဲမသိ၊ Booking ချိတ်ထားတယ်ဆိုတဲ့ဆိုင်သာ အမှီသွားမှပါ။
ဟင်း ဒီတစ်ခေါင်လဲ ဘာရောင်ဖြစ်မလဲမသိဘူး ဆိုင်ဆိုလို့ ကိုယ်ကြိုက်တဲ့အရောင်ဆိုးမယ်လို့ စိတ်ကူးထားသော်လဲ Hyung ကျွန်တော် အရောင်ရွေးထားပြီးပြီ ပြီးမှကြည့် ဆိုသောကြောင့် ငြင်းဖို့ကြိုးစာခဲ့သေးသည်၊ Hyung က ကျွန်တော့်ကို မယုံဘူးလားဆိုတဲ့ ကြောင်သူငယ်မျက်လုံးအကြည့်အောက်မှာ သက်ပြင်းသာချပြီး ဖြစ်ချင်ရာသာဖြစ်တော့လို့ တွေးထားလိုက်ရတော့သည်၊ နောက်ဆုံးတစ်ခေါက် ခေါင်းလျှော်ပြီးလို့ ဆံပင်လေမှူတ်နေချိန်မှာတေ့ မှန်ထဲကိုယ့်ရုပ်ကို ကြည့်ပြီး ပါးစပ်ဟောင်းလောင်းဖြစ်ခဲ့ရသည်၊ ကိုယ့်ဆံပင်ကို mint အရောင်နဲ့ ၅ လနီးပါးမြင်ခဲ့ရပြီးမှ အခုမွေးရာပါဆံပင်နဲ့ ကိုယ့်ရုပ်ကို မမှတ်မိနိုင်ဖြစ်ရသည်၊ Jimin ဒီတစ်ခေါက်တော့တော်သွားပြီ၊ သူရော ဘာရောင်ဆိုးပါလိမ့်...
Jimin ဆံပင်အရောင်ဆိုးတာပြီးလို့ ဆိုင်ရှေ့က ဧည့်ခန်းမှာစောင့်နေတယ်ဆိုတဲ့ မပ်ဆေ့ဝင်လာပြီး Yoongi ဧည့်ခန်းကိုသွားခဲ့သည်။ ရုတ်တရက် လိမ္မော်ရောင်ခေါင်းကို လိုက်ရှာမိနေသေးသည်၊ ဆံပင်ဘာရောင်နဲ့မှန်းမသိတော့ ဧည့်ခန်းထဲထိုင်နေကြတဲ့ လူအယောက် ၂၀ နီးပါးကြားမှာ ရုတ်တရက် Yoongi တစ်ယောက် Jimin ကို ရှာမတွေ့ခဲ့၊ ဘယ်မှာပါလိမ့်
Hey handsome ဆိုပြီး နားနားလာကပ်ပြောသည့် အသံတိုးတိုးလေးကြောင့် Yoongi အသံလာရာ ဘယ်ဘက်ကို အမြန်အလှည့်ကြည့်လိုက်တဲ့အရှိန် ဇာတ်တောင်လွဲသွားလောက်သည်။ ထင်ထားတာထက် မျက်နှာကို အနီးကပ်မြင်လိုက်ရသည့်အတွက် Yoongi နောက်သို့ ခြေတစ်လှမ်းယိုင်သွားသည်၊ Yoongi လန့်သွားတဲ့ပုံကို ကြည့်ပြီး သဘောကျကာ အားရပါးရ ရယ်နေသော ဆံပင်အမည်းနဲ့ကောင်လေး၊ မျက်ခုံးပေါ်မှာ ဝဲပြီး အိကျနေသော ဆံနွယ်မည်းမည်းတွေ၊ အားရပါးရရယ်နေသော ပါးစပ်ကို မလုံ့တလုံအုပ်ထားတဲ့ လက်ချောင်းဖောင်းဖောင်းလေးတွေ၊ ပန်းရောင်သန်းနေတဲ့ ပါးဖောင်းဖောင်းလေးတွေနဲ့ လခြမ်းပုံ မျက်ဝန်းတစ်စုံဟာ စကားသံတွေနဲ့ဆူညံနေတဲ့ Salon တစ်ခုရဲ့ ဧည့်ခန်းထဲမှာတော့ အရာအားလုံးထက် တောက်ပနေခဲ့သည်၊ Yoongi တသက်လူံးမေ့မရနိုင်မယ့် ပုံရိပ်တစ်ခုဖြစ်သွားတယ်ဆိုတာတော့ ရယ်နေတဲ့ကောင်လေး သိစရာမလိုပါလေ...
••••••••
YOU ARE READING
"You Know I Know"
Fanfictionပါးဖောင်းဖောင်းလေးနဲ့ မျက်လုံးတွေပျောက်သွားအောင် ရယ်တတ်တဲ့ကောင်လေးတစ်ယောက်နဲ့ အဲ့ပါးဖောင်းဖောင်းလေးတွေကို တချိန်လုံး ငေးကြည့်နေတတ်တဲ့ ကောင်လေးတစ်ယောက်တို့ရဲ့ အချစ်ဇာတ်လမ်းလို့ ခေါ်လို့မရတဲ့ မြတ်နိးခြင်းပုံပြင...