Betrayal

2.1K 160 18
                                    

Ep - 1

*Ti.....Ti.....Ti*

ဒီနေ့က ကျွန်တော်နဲ့ ကျွန်တော့် ချစ်သူ
Kim Tae Hyung နဲ့ စေ့စပ်လက်စွပ် ဝယ်ဖို့
ချိန်းထားတာလေ

ဒါပေမယ့် သူအခုချိန်ထိရောက်မလာသေးဘူး...
၂ နာရီရှိပြီ...ကျွန်တော်သူ့ကို စောင့်နေတာ....

ခါတိုင်းလိုပဲ သူ ကျွန်တော် ph ဆက်တာမကိုင်ဘူး
သူ့ ph အိမ်မှာကျန်ခဲ့လို မကိုင်တာနေမှာပါ....

ကျွန်တော် ကောင်းကင်ပြာကြီးကို မော့ကြည့်
လိုက်တော့ ကောင်းကင်ကြီးက ခုဏက လို
တိမ်ကင်းစင်ကာ ကြည်လင်မနေတော့.....
မီးခိုးရောင် တိမ်တိုက်တွေနဲ့ မှောင်မိုက်လာတယ်
ကြည့်ရတာ မိုးရွာမည့်ပုံ

ဟော!ပြောရင်းဆိုရင်း မိုးပေါက်လေးတွေကျလာပြီ
ဒုက္ခပဲ Tae Hyung မှာ ထီးရောပါလာရဲ့လား!
သူမိုးမိတာနဲ့ တန်းဖျားတတ်တာ ကျွန်တော်အသိဆုံး!
ပိုဆိုးတာက သူက ကားသိပ်မောင်းတတ်တာ
မဟုတ်ဘူး တော်ကြာမိုးသည်းတာနဲ့
သူ accident တစ်ခုခုဖြစ်သွားရင်
ဘယ်လိုလုပ်မလဲ?!
ဖတ်ဖတ် လွယ်ပါစေ ပယ်ပါစေ ><

ကျွန်တော် သူ့ ph ကို GPS နဲ့ ခြေရာခံကြည့်တော့
တည်နေရာက Tae Hyung အိမ်မှာ
သူ အိမ်မှာပဲရှိနေတာလား?
Ph လည်း မကိုင်ဘူးဆိုတော့
နေများမကောင်းလို့လား?
မဖြစ်သေးပါဘူး ကျွန်တော် ကိုယ်တိုင်
သွားကြည့်မှာပါ

Jimin ချက်ချင်းဆိုသလို သူ့ကားလေးနဲ့
Tae Hyung ဆီကို အမြန်ဆုံး မောင်းသွားတော့ပဲ

^*^*^*^*^*^*^*^*^*^*^*^*^*^*^*^

ကျွန်တော် သူ့အိမ်ရှေ့မှာ ကားထိုးရပ်ပြီး
သူ့ အိမ်ထဲ ဝင်ဖို့လုပ်တော့ အိမ်ရှေ့တံခါးက
ပွင့်နေတယ်.....

အိမ်ရှေ့ ဖိနပ် ထားတဲ့နေရာမှာလည်း
ဖိနပ်နှစ်စုံ....

Tae Hyung တစ်ယောက်ထဲ နေတဲ့အိမ်မှာ
ဖိနပ်က ဘာလို့ နှစ်စုံရှိနေရတာလဲ?
ဧည့်သည်များရှိလို့လား?

ကျွန်တော် အိမ်ထဲကို ဝင်လိုက်တော့
ဧည့်ခန်းထဲမှာ ဘယ်သူမှမမရှိဘူး

Love like CaffeineTahanan ng mga kuwento. Tumuklas ngayon