Please don't....

1K 132 22
                                    

Ep - 5

"ကဲသားတို့ ဘယ်တော့လောက်ကို မင်္ဂလာဆောင်ချင်လဲ?"

ဒီနေ့ကတော့ Tae Hyung မိဘတွေနဲ့ Tae ရယ် Jimin ရယ်
တွေ့စုံတဲ့နေ့လေးပေါ့....

"သားတို့ အခုချိန်ထိ လက်စွပ်မဝယ်ရသေးဘူး Arjima"
Jimin မပြုံးချင်ပေမယ့်လည်း ဟန်ဆာင်ပန်ဆောင်နဲ့
Mrs.Kim ကို ပြုံးပြလိုက်သည်

Tae Hyung ရဲ့ မျက်နှာအမူအရာကတော့ တစ်ခုခုကို
အလေးအနက် စဉ်းစားနေသည့်ပုံ....

"ဘယ်လို ဘယ်လို?လက်စွပ်မဝယ်ရသေးဘူး
ဟုတ်လား??လွန်ခဲ့တဲ့ 4 လ လောက်ကတည်းက
ဝယ်ခိုင်းထားတာ....Kim Tae Hyung နင်...!"

"Tae ကြောင့် မဟုတ်ပါဘူး သား ကျောင်းကိစ္စတွေနဲ့
အလုပ်ရူပ်နေလို့ သွားမဝယ်ဖြစ်တာပါ Arjima"

Jimin....Tae ကို အပြစ်ပြောမှာစိုးလို့ ဖုံးလိုက်ပေမယ့်...

"Anyi သား တမင် သွားမဝယ်တာပါ Omma"

"ဘာကွ!မင်းဘာကို ဆိုလိုတာလဲ?!"

တစ်ခါမှ သိပ်ဒေါသ မထွက်ဖူးတဲ့ Tae ရဲ့ Appa တောင်
သူ့ စကားကြောင့် ဒေါသထွက်နေပြီလေ....

Jimin...ဘာမှ မဖြစ်သလို ဟန်ဆောင်ပြီးနေနေပေမယ့်လည်း
သူ့ ရင်ထဲမှာ မုန်တိုင်းတွေ ခတ်ထန်နေပြီ....

"သားနဲ့ Jimin ရဲ့ လက်ထပ်ပွဲကို ဖြတ်သိမ်းလိုက်ပြီ"

"ဘာ! ဘယ်သူ့ သဘော နဲ့လဲ!!Jimin သားကရော?"

Jimin ကတော့ ဘာစကားမှ မပြောနိုင်တော့ပဲ
မျက်နှာ အောက်ချပြီးတော့သာ နေနေလေသည်

"ပြီးတော့ သား တစ်ကယ် လက်ထပ်ချင်တဲ့သူက...
Jung Kook ပါ Appa နဲ့ Omma"

"ဘယ်နားက Jung Kook လဲ?!"

"Jung Kook ah ဒီကိုလာ ကိုယ့် မိဘတွေနဲ့ မိတ်ဆက်ပေးမယ်"

Tae Hyung....သူတို့ စားပွဲ ဝိုင်းရဲ့ ခပ်လှမ်းလှမ်းမှာ ထိုင်နေတဲ့
Jung Kook အားလှမ်းခေါ်လိုက်သည်

"Annyeong hasaeyo Jeon Jung Kook Imida"

Jung Kook သူ့ရဲ့ ရှေ့ ယုန်သွားလေး နှစ်ချောင်း
ပေါ်အောင် ပြုံးလိုက်သည်

Love like CaffeineTahanan ng mga kuwento. Tumuklas ngayon