Hurt Me

1.1K 147 21
                                    

Ep - 3

ဒီလိုနဲ့ အချိန်တွေကြာလာသည်နှင့်အမျှ သူ့ရဲ့
ယုံကြည်မှုကို Tae Hyung ဆုပ်ကိုင်နိုင်ရုံသာမက
သူ့ရဲ့ နှလုံးသားကိုပါ အောင်မြင်စွာခိုးယူနိုင်ခဲ့သည်...

*+*+*+*Love like Caffeine*+*+*+*

ကျွန်တော်နဲ့ သူနဲ့ အမြဲလိုလို Scented Flower
ဆိုတဲ့ Cafe ဆိုင်နဲ့ ပင်လယ်ဘက်ကို အမြဲ လျှောက်
လည်ဖြစ်တယ်

ကျွန်တော်က လူရှုပ်တဲ့နေရာတွေဆို မသွားချင်ဘူး
ဥပမာ ကစားကွင်းတို့ တိရစ္ဆာန်ရုံတို့

ကျွန်တော်တို့လို လူငယ်တွေ အထူးသဖြင့်
Tae Hyung လို အပျော်အပါးမက်တဲ့သူက

ကျွန်တော့် အလိုကို လိုက်ပေးရင်း
သူသွားချင်တဲ့ ပျော်စရာကောင်းတဲ့
လူစည်တဲ့နေရာကို မသွားပဲ
ဒီလို ပျင်းဖို့ ကောင်းပြီး
လူပါးတဲ့နေရာတွေမှာ
Date လုပ်ရတာ တကယ်စိတ်ညစ်မှာပဲ

ကျွန်တော့်ကို အခုလို လိုလေသေးမရှိ
ကျွန်တော့် အကြိုက်လိုက်ပြီး အကုန်လိုက်လုပ်
ပေးနေတဲ့သူ့ကို ပြောမပြတတ်အောင် ချစ်တယ်
ကြင်နာတယ် မြတ်နိုးတယ် စွဲလန်းတယ်....

ဒါပေမယ့် တစ်ခါတစ်လေ သူ့ကိုအရမ်း
ချစ်မိနေလို့ ဆုံးရှုံးရမှာ အရမ်းကြောက်တယ်...

သူနဲ့ ကျွန်တော်နဲ့ တွေ့တိုင်း.....

"Tae Hyung ah မင်းငါ့ကို ချစ်လား?"

"ချစ်တာပေါ့ ကိုယ်က Jimin တစ်ယောက်
တည်းကိုပဲ ထာဝရ ချစ်သွားမှာ"

ထာဝရဆိုတဲ့စကားကို ခဏ ခဏ
မပြောပါနဲ့လား....?
အဲဒီ ထာဝရ က ခဏ  ဖြစ်သွားရင်
ရင်နဲ့ မဆံ့အောင် နာကျင်ခံစားရမှာစိုးလို့ပါ...

ကျွန်တော် အဲ့လို သူ့ကိုပြောချင်ပေမယ့်လည်း
ထွက်လာတဲ့ စကားတွေက...

"တကယ်နော်"

"ဟာ တစ်ကယ်ဆို Jimin ah ဘာမှ
မစိုးရိမ် နဲ့ ကိုယ်က မင်းနဲ့ စတွဲပြီးကတည်းက
တစ်ဘွလုံးစာ တွဲဖို့ ရည်ရွယ်ထားတာ"

စိုးရိမ်ရတာပေါ့
ငါအရမ်းချစ်မိပြီးမှ မင်းငါ့အနားမှာ မရှိတော့မှာကို...

Love like CaffeineTahanan ng mga kuwento. Tumuklas ngayon