Ep - 4
Flash Back ~
July,13
ထိုနေ့က Jimin ၏ 13 နှစ်မျောက်မွေးနေ့
ဖြစ်ပြီး လေရောမိုးရော သဲကြီးမဲကြီး ရွာချနေခဲ့သည်
Jimin ၏ မွေးနေ့တိုင်း Jimin အမေက သူ့ကို
အမြဲ မုန့်တစ်ခုခုလုပ်ကျွေးလေ့ရှိသည်
သို့သော်....ဒီနေ့ သူ့အမေကိုမနက်ကတည်းကပင်
မတွေ့....မဟုတ်မှလွဲရော...အမေသူ့ကို ထားများထား
သွားပြီလား?Jimin သူ့အမေကို ph ဆက်ခေါ်ကြည့်
ပေမယ့်လည်း မိုးသဲလွန်း၍ ဆက်သွယ်ရေး
Line များပင် ပျက်တောက်နေသည်သူ့ စာကြည့်စားပွဲပေါ်တွင် တင်ထားသော
မိသားစု ဓာတ်ပုံကို တစ်ချက်လှမ်းကြည့်ကာ
ပြုံးမိသည်...ထို ဓာတ်ပုံထဲတွင် နူတ်ခမ်းကို တစ်တောင်
လောက်ဆူကာ မဲ့နေသော Jimin....
ဖြူစင်လှပ သော အပြုံးများနှင့် 10 နှစ်အရွယ်
Jimin လေးကိုဖက်ကာ ဘေးနားမှာ
ခန့်ညားသော ရုပ်ရည်ကို ပိုင်ဆိုင်၍
ခါးထောက်ကာ pose ပေးနေသော သူမ၏
ခင်ပွန်းကို မှီနေသော Jimin ၏ အမေ...ထိုအချိန်တုန်းက Jimin တို့၏ မိသားစုလေး
မှာ အရမ်းပျော်ရွှင်ကြည်နူးစရာ ကောင်းလောက်
အောင် ချစ်ကြသည်သို့သော်....အချိန်ကြာလာသည်နှင့်အမျှ
Jimin Appa သည် သူ့မိသားစုကို
အရင်ကလို အချိန်မပေးတော့...
မိသားစုနှင့် တဖြည်းဖြည်းဝေးကွာလာကာ
တစ်စိမ်းတစ်ယောက်ကဲ့သို့ သူ့ မိသားစု
အပေါ် ပြုမူ ဆက်ဆံလာသည်...
အလုပ်တွင် ဖြစ်ခဲ့သော ဒေါသများကို
အိမ်သယ်လာကာ အမေ့ကို နည်းပေါင်းစုံနှင့်
ညှဉ်းဆဲသည်အဖေနှင့် အမေရန်ဖြစ်သော အခါ
အဖေက အမေ့ကို ကြမ်းတမ်းစွာ ဆဲဆို အော်ဟစ်
ရိုက်နှက် တတ်ပြီး အမေကတော့ အမြဲ ငိုယိုကာ
အဖေနှိပ်စက် သမျှကို တစ်ချက်မှ မငြီးငြူဘဲ
ကြိတ်မှိတ်ခံစားလေ့ရှိသည်အဖေ အမေ့ကိုနှိက်စက် လျှင်သူအရမ်း
မုန်းသည် အမေ့ကိုမရိုက်ဖို့ တားချင်သည်အရင်တုန်းကလိုမျိုး အဖေနှင့် အမေနှင့်
အတူတူ ပျော်ပျော်ရွှင်ရွှင် ပြန်နေချင်ပါသည်...နောက် ၁၅ မိနစ်လောက်အကြာမှာ
ကားသံ သဲ့သဲ့ကြားရပြီး အဖေ့အသံက
ဧည့်ခန်းထဲသို့ ကျယ်လွင့် ဟိန်းထွက်လာသည်
BINABASA MO ANG
Love like Caffeine
Romance{Jimin} If you love me...Let me know If you don't....then let me go {Tae Hyung} If you give me a chance, I swear that I'll love you until My Last Breath VMin {Yaoi}