Even if it Hurts

1.2K 156 24
                                    

Ep - 2

Jimin ပြတင်းတံခါးကိုဖွင့်လိုက်သောအခါ
အေးစိမ့်နေသော လေများ ဝင်ရောက်
တိုက်ခတ်လာသည်

နူးညံ့၍ မဲနက်နေသော ဆံနွယ်များက
လေထဲတွင် လွင့်ပျံလျက်~

အဖျားပိုင်းလေးတွင် ကော့ကော့လေး
ဖြစ်နေသော နှာတံလေး...

ဝိုင်းစက်ကာcoffee ရောင်ဖြစ်နေသော
သူ၏ မျက်ဝန်းအစုံ....

ရှည်လျားကော့ဆင်းသော မျက်တောင်များ....

ဖောင်းဖောင်းအိအိလေးဖြစ်နေကာ
Cherry ရောင်သန်းနေသောပါးပြင်နုနုလေး.....

နှင်းဆီပွင့်ဖတ်သဖွယ် နီရဲကာ ဖူးဖူးလေးဖြစ်
နေသည့် စွဲမက်စရာကောင်းသော နှုတ်ခမ်းတစ်စုံ

မို့မို့လေးဖြစ်ကာသွယ်လျနူးညံ့သော လက်ကလေး

အရပ်ကသိပ်မရှည်လှသော်လည်း
သူ့ကောက်ကြောင်းနှင့်သူ လှပနေသော
ခန္ဓာကိုယ်....

ဖွေးအု၍ အပစ်အနာဆာကင်းစင်ကာ
ပိန်ပါး သေးသွယ်သော ပေါင်တံများ....

မိန်းမများပင် မနာလိုလောက်သည့်
အလှအပများကို ပိုင်ဆိုင်ထားသော
Jimin....

သူဒီအလှအပတွေကို တစ်ချိန်တုန်းက
မက်မော တန်ဖိုးထားခဲ့ပေမယ့်
ဒီအချိန်မှာတော့.....
သူ့အလှတွေကို သူမုန်းတယ်
ရွံတယ် ဒါတွေက သူ့ ရဲ့ နှလုံးသားကို
တစ်စစီနင်းချေပစ်ခဲ့တဲ့ လက်နက်ပဲ

Jimin သူ့ရဲ့ စားပွဲပေါ်မှာ တင်ထားသော
နှင်းဆီပွင့်များကို လှမ်းကြည့်လိုက်သည်

*ကိုယ်က နှင်းဆီပန်းဆိုအရမ်းကြိုက်တာ Jagi
ရဲ့ အခန်းထဲမှာ နှင်းဆီပန်းတွေ အမြဲထား
နှင်းဆီပန်းက ကိုယ့်ရဲ့ကိုယ်ပွားပဲ*

သူ Tae Hyung ရဲ့ စကားများကို နားထဲ
ကြားယောင်လာသည်

ဒီနှင်းဆီပန်းများကို တစ်ချိန်တုန်းက
တစ်ယောက်သောသူကြောင့် ရူးရူးမူးမူး
နှစ်သက်ခဲ့သည်...ဒါပေမယ့်သူ အခု
ဒီနှင်းဆီပန်းတွေကို သူမနှစ်သက်တော့....
နှင်းဆီ ဆိုသောအသံကိုကြားရတာ
နှင့်ပင် နားခါးသည်
မြင်လည်းမမြင်ချင်တော့....

Love like CaffeineTahanan ng mga kuwento. Tumuklas ngayon