Episode 2

3.8K 296 6
                                    

(Zawgyi)

Hilton Namhae Hotel  ၀န်​ထမ်ူးများအားလုံး အလုပ်ရှုပ်နေကြသည်။ သူဌေး Jung Yunho ရဲ့ အိမ်ထောင်ဖက် မကြာမီပြန်လာမည်ဖြစ်၍ ကြိုဆိုဖို့အတွက် ပြင်ဆင်နေကြသည်။ သူဌေးဆီက သူ့အိမ်ထောင်ဖက်နဲ့ပတ်သတ်ပြီး ဘာအသံမှမကြားဖူး၍ ၀န်ထမ်းအားလုံးစိတ်ဝင်စားနေကြသည်။ မင်္ဂလာဆောင်ဓာတ်ပုံကြီးကို ရုံးခန်းတွင်ချိတ်လိုက်တော့မှ အကုန်အံ့အားသင့်သွားကြသည်။

"သူဌေးကယောင်္ကျားချင်း ပြန်ယူထားတာပဲ သူဌေးရဲ့အိမ်ထောင်ဖက်က ချောလိုက်တာနော်"

"မျက်နှာကတော့တင်းနေတာပဲ တော်တော်လဲ မာနကြီးပုံရတယ်"

ဝန်ထမ်းတွေက တယောက်တပေါက် ဝေဖန်ပြောဆိုနေချိန်တွင် သူဌေး Jung Yunho ကတော့ သူ့အိပ်ခန်းထဲတွင် အ၀တ်အစားတွေ တထည်ပြီးတထည် လဲဝတ်ပြီးအလုပ်ရှုပ်နေလေရဲ့။

"ဒါလေးတော့မဆိုးပါဘူး အရောင်ကတော့ Jaejoong မကြိုက်လောက်ဘူး လဲလိုက်တာပဲ ကောင်းပါတယ်"

"ဒီအရောင်လေးက Jaejoong ကြိုက်လောက်တယ် ဒါပေမယ့် ဒီဇိုင်းကတော့ နဲနဲမလန်းဘူး ဖြစ်နေတယ် Ayioo ဘာဝတ်ရမလဲ"

~~~~~~~~~~~~~~~~~~~~~~~

Jaejoong တယောက်လဲ လေယာဉ်ပေါ်မှာ သက်တောင့်သက်သာလေး မှီအိပ်နေစဉ်  သူ့နောက်ဘက်ခုံမှ သားအမိ၂ယောက်တွင် သမီးဖြစ်သူက အမေ့ကိုပုံပြောပြရန်ပူဆာနေသည်။

"Omma ခုနကပုံပြင်ထဲမှာ ရေသူမလေးက နောက်ဆုံးဘာဖြစ်သွားတာလဲ ပြောပြပါ"

"အိပ်ယာနိုးရင်ဆက်ပြောပြမှာပေါ့ ခုအိပ်တော့နော် သမီးလေးကလိမ္မာတယ် လေယာဉ်ကအဝေးကြီးစီးရဦးမှာ"

"ဟင့်အင်း ခုပြောပြပါ Omma"

"သေသွားတယ် အဲဒီရေသူမလေးက သူ့ယောင်္ကျားမင်းသားလေး ဖောက်ပြန်တာသိလို့ ရေထဲခုန်ချပြီး သူ့ကိုယ်သူသတ်သေသွားတယ် ရပြီလား အိပ်တော့ နားညီးလိုက်တာ"

Jaejoong ရုတ်တရတ်ထပြောလိုက်တော့ ကလေးမလေးလဲလန့်ပြီး သူ့အမေကိုဖက်ကာ ငြိမ်ကျသွားသည်။ ထိုအခါ တဖက်ခြမ်းထိုင်ခုံမှလူကြီးက အမြင်မတော်၍ ၀င်ပြောမယ်လုပ်တော့

Couple Or Trouble (Completed)Where stories live. Discover now