Episode 9

2.1K 194 2
                                    

(Zawgyi)

Jaejoong အိပ်ယာကနိုးတော့ ဘေးမှာ Yunho မရှိတော့။ နေ့ချင်းညချင်းပြောင်းလဲသွားတဲ့ ကိုယ့်ဘ၀ကိုတွေးရင်း Jaejoong အံ့ဩနေမိသည်။ မနေ့ကအထိသူ့ကိုယ်သူ Shim Changmin ရဲ့ချစ်သူလို့ထင်နေမိတုန်း... ဒီနေ့ကျတော့ Jung Yunho ရဲ့ယောင်္ကျားအဖြစ် ပြောင်းလဲသွားလေပြီ။ Changmin အိမ်မှာတုန်းက ဆိုဖာပေါ်မှာကျဉ်းကျဉ်းကြပ်ကြပ် အိပ်ခဲ့ရပေမယ့် အခုတော့အိစက်နူးညံ့တဲ့ မွေ့ယာအကြီးကြီးပေါ်မှာအိပ်နေရသည်။

ငါဘာလို့အမြဲတမ်း Changmin အကြောင်းပဲတွေးနေရတာလဲ...။ Jaejoong ခေါင်းကိုခါယမ်းလိုက်ပြီး အိပ်ယာပေါ်ကထလိုက်သည်။ ထို့နောက်ရေချိုးခန်းထဲဝင်ကာ ရေတခါတည်းချိုးလိုက်မှ လူကလန်းဆန်းသွားသလို ခံစားလိုက်ရသည်။ ရေချိုးပြီးတော့ဝတ်စရာအ၀တ်အစားရှာရန် ဗီဒိုကြီးကိုဖွင့်လိုက်မိတော့ Jaejoong အံ့ဩသွားရပြန်သည်။ များပြားလှတဲ့အ၀တ်အစားများကို ချိတ်တွေနဲ့ချိတ်ထားတာ အင်္ကျီဆိုင်တခုအလား။ ခက်တာကအ၀တ်အစားတွေက အရမ်းကိုခေတ်မီလွန်းနေသည်။ ဒါတွေသာဝတ်ရရင် Show ပွဲမှာ သီချင်းသွားဆိုမယ့် အဆိုတော်လိုလိုဖြစ်သွားမှာပေါ့ အိမ်မှာနေရင်း ဒီလိုဝတ်ဖို့လိုလို့လား...။

Jaejoong စိတ်ရှုပ်စွာဖြင့် နောက်ထပ်ဗီဒိုတလုံးကိုဖွင့်လိုက်တော့ ထိုနည်းတူပင် ခေတ်ဆန်ဆန်အ၀တ်အစားများကို တွေ့ရသည်။ ငါအရင်တုန်းကဒီလိုပဲဝတ်ခဲ့တာလား..?? အခုဒါတွေကိုဝတ်ရမှာ ရှက်စရာကြီးလို့ထင်နေတာ..။ ရေချိုးပြီးခုထိအ၀တ်အစားမ၀တ်ရသေးတာ ချမ်းစိမ့်စိမ့်တောင်ဖြစ်လာသည်။ ထိုစဉ် Jaejoong အကြည့်က တဖက်ခြမ်းမှာရှိတဲ့ ဗီဒိုကြီးဆီသို့ရောက်သွားပြီး ချက်ချင်းပင်ထိုဗီဒိုကြီးဆီသွားကာ တံခါးဆွဲဖွင့်လိုက်တော့မှ ကျေနပ်သောအပြုံးက သူ့မျက်နှာထက်တွင်ပေါ်လာသည်။

ယောကျာင်္းဆန်ဆန်ပေါ့ပေါ့ပါးပါးအ၀တ်အစားများကို Jaejoong သဘောကျစွာ လက်နဲ့လိုက်ကိုင်ကြည့်နေမိသည်။ Jung Yunho ရဲ့ အ၀တ်အစားများ...Jaejoong အ၀တ်အစားတွေလောက် အရေအတွက်မများပေမယ့်လဲ ဗီဒိုကြီးတလုံးနဲ့ကတော့ အပြည့်ပင်ဖြစ်သည်။ Jaejoong အင်္ကျီများကိုသဘောကျစွာ ကိုင်ကြည့်နေရင်း အစိမ်းနုရောင်တီရှပ်တထည်နဲ့ ဒူးတ၀က်ကွာတားဘောင်းဘီတထည်ကို ဆွဲယူကာဝတ်လိုက်သည်။ Yunho အ၀တ်အစားတွေက အတန်ငယ်ကြီးနေသော်လည်း Jaejoong သဘောကျကာ မှန်ရှေ့တွင်သေချာရပ်ကြည့်နေမိသည်။

Couple Or Trouble (Completed)Onde histórias criam vida. Descubra agora