(Zawgyi)
"အား------"
Jaejoong ရဲ့ နာကျင်စွာအော်တဲ့အသံကို လျစ်လျူရှုပြီး Changmin လက်ကိုမလွတ်တမ်းဆွဲလာခဲ့သည်။
"ကြည့်စမ်း ဒါလားအိမ်ရှင်းတာ ပန်းကန်ကွဲတာတွေရော အ၀တ်လျှော်စက်ပျက်တာတွေရော ဘယ်လိုလုပ်မှာလဲ ငါ့ကိုပိုက်ဆံသပ်သပ်ထပ်ကုန်အောင် လုပ်နေတာလား"
"နာတယ် Changmin ငါ့လက်ကိုလွှတ်ပေးပါ"
ရှုံ့မဲ့နေသော Jaejoong မျက်နှာကြောင့် ကိုင်ထားတဲ့လက်ကို Changmin လွှတ်ချလိုက်သည်။ Jaejoong က ဆိုဖာပေါ်ထိုင်လိုက်ရင်း သူ့လက်ကောက်ဝတ်ကို နှိပ်ကြည့်နေသည်။
"Changmin ငါ့လက်ကောက်ဝတ် အရမ်းနာနေတယ် မနက်ကတည်းက အဆစ်လွဲသွားပြီထင်တယ်"
"သေပါစေလေ မင်းလိုအသုံးမကျတဲ့ကောင် ဘာမှလုပ်မပေးနိုင်ဘူး"
Changmin က ဒေါသတကြီးပြောပြီး အခန်းထဲဝင်ကာ တံခါးကိုဆောင့်ပိတ်လိုက်သည်။ အပြင်မှာကျန်ခဲ့တဲ့ Jaejoong ကတော့ ငိုမဲ့မဲ့နဲ့။
ညဘက်ရောက်တော့ Changmin လဲ ကလေးတွေနဲ့အတူတူ ညစာစားနေစဉ် Jaejoong က လာမစားပဲ သူ့ဆိုဖာလေးမှာတင် ခပ်ကွေးကွေးလေးအိပ်နေသည်။ ဘယ်လောက်စိတ်ဆိုးဆိုးမနေနိုင်သော Changmin ထမင်းစားဖို့သွားခေါ်ရတော့သည်။
"ဟေ့ကောင် ထ ထမင်းစားမယ်လေ"
Jaejoong ကတုပ်တုပ်တောင်မလှုပ်။ စိတ်မရှည်သော Changmin လှုပ်နှိုးရန်အသားကိုကိုင်ကြည့်မှ Jaejoong တကိုယ်လုံးပူနေတာ သတိထားမိသည်။
"ဟင် မင်းဖျားနေတာလား"
နဖူးကိုစမ်းကြည့်တော့လဲခြစ်ခြစ်တောက်ပူနေသည်။ သေချာကြည့်မှ သူနာတယ်ပြောနေသော လက်ကောက်ဝတ်လေးက ယောင်နေသလိုလို။ နောက်ဆုံးတော့ Changmin ရဲ့တာဝန်က နေမကောင်းတဲ့ Jaejoong ကိုပြုစုဖို့ဖြစ်လာသည်။ ညလယ်လောက်ရောက်တော့မှ အဖျားကျသွားတော့သည်။
"Changmin yaa ငါ ငါလေ"
"စကားများမနေနဲ့ မနက်ကျရင်ဆေးရုံသွားမယ်"
Jaejoong မျက်နှာငယ်လေးနဲ့ Changmin တိုက်သောဆန်ပြုတ်ကို သောက်နေမိသည်။ Changmin စိတ်ထဲမှာလဲ တမျိုးကြီးဖြစ်လာသည်။ သူသိခဲ့တဲ့ Jaejoong က အရမ်းဘ၀င်မြင့်မောက်မာတဲ့သူ အခုသူ့ရှေ့မှာ မျက်နှာငယ်လေးနဲ့ရှိနေတာက တချိန်က Jaejoong မှဟုတ်ပါလေစ။ မဖြစ်ဘူး ငါတွေဝေနေလို့မဖြစ်ဘူး။ သူ့ကိုအခွင့်အရေးရတုန်း ကလဲ့စားချေရမှာလေ။ ဒီရက်ပိုင်းတော့ နေမကောင်းဖြစ်နေလို့ အလွတ်ပေးလိုက်တာမှတ်။ နောက်နေ့တွေသေဖို့သာပြင်။
~~~~~~~~~~~~~~~~~~~~~~~~~
![](https://img.wattpad.com/cover/72332314-288-k113798.jpg)
ESTÁS LEYENDO
Couple Or Trouble (Completed)
Fanficမင်းဘဝမှာ လူတစ်ယောက်ကို တကယ်ချစ်ခဲ့ရင် သူ့ကိုကိုယ့်ဆီကနေ ထွက်ခွာသွားအောင် ဘယ်တော့မှ မလုပ်မိပါစေနဲ့...။ မင်းထက်သူ့အပေါ်ကောင်းနိုင်တဲ့သူကို သူတွေ့ရှိသွားလို့ မင်းကိုစွန့်ခွာသွားတဲ့တစ်နေ့မှ နောင်တရနေလဲအပိုပဲလေ...။ Yunho x...