(Zawgyi)
Yunho မနက်စောစောအိပ်ယာနိုးတော့ Jaejoong က ဘေးမှာမရှိတော့ ရေချိုးခန်းဘက်လှမ်းကြည့်တော့လဲ တံခါးကပွင့်နေပြီး အထဲမှာလူရှိနေပုံမပေါ်..။ စိုးရိမ်စိတ်နဲ့အတူ Yunho လဲ အိပ်ယာပေါ်ကနေ အတင်းလူးလဲထလိုက်သည်။
"Ye..Yeobo ရေ ဘယ်မှာလဲ"
အိမ်ကလဲကြီးတော့ လူတယောက်ကိုရှာရတာ တော်တော်နဲ့မတွေ့။ နောက်ဆုံးအိမ်အောက်ထပ်ရောက်မှ မွှေးပျံ့တဲ့အနံ့တွေကြောင့် မီးဖိုခန်းကိုလှမ်းကြည့်မိတော့ မနက်စာပြင်ဆင်နေသော Jaejoong ကိုတွေ့လိုက်ရတော့သည်။ သူကလဲခြေသံကြောင့် လှမ်းကြည့်ရင်း Yunho ကိုတွေ့တော့ ပြုံးပြနေသည်။
"Morning Yeobo နိုးလာပြီလား"
ချစ်စရာအပြုံးလေးနဲ့ နှုတ်ဆက်လာတော့ Yunho ရင်တွေတောင်ခုန်လာပြီး ချက်ချင်းပင် Jaejoong နားသို့ကပ်သွားကာ သူ့ကိုယ်လုံးလေးကို ဖက်လိုက်လိုက်မိသည်။ Jaejoong ကလဲ လုပ်လက်စအလုပ်ကို ခဏထားကာ Yunho ကိုပြန်ဖက်ထားသည်။
"ငါက မင်းအိမ်ကနေ ထွက်သွားပြီထင်ပြီး စိုးရိမ်နေတာ"
"ဘာလို့ထွက်သွားရမှာလဲ ဒါကငါ့အိမ် ငါ့မိသားစုပဲကို"
"ငါကစိုးရိမ်လို့ပါ ပြီးတော့မနက်စာကအမြဲငါလုပ်နေကျလေ"
Yunho ကပြောနေရင်း Jaejoong ပြင်ထားတဲ့ မနက်စာကိုလှမ်းကြည့်သည်။ Yunho ပြင်သလို အမေရိကန်စတိုင်မနက်စာမျိုးမဟုတ်ပဲ ထမင်းဟင်းတွေကိုစားချင်စဖွယ်ချက်ထားပြီး အရှေ့တိုင်းဆန်ဆန် မနက်စာပြင်ထားတာ..။
"ဘာလို့လဲ ငါပြင်တာမကြိုက်လို့လား ထမင်းမစားချင်ဘူးလား"
"မဟုတ်ပါဘူး မင်းကမနက်စာဆိုရင် အမြဲတမ်း ပေါင်မုန့်နွားနို့ Sausage ဒါတွေပဲစားတတ်တာကို ပြီးတော့မင်းတခါမှခုလို မချက်ပြုတ်ဖူးဘူးလေ"
"အခုငါချက်တတ်သွားပြီလေ Changmin က...."
Jaejoong ပြောလက်စ စကားကိုရပ်ပြီး မျက်လုံးလေးပြူးကာ သူ့ပါးစပ်ကိုသူ လက်ဝါးနဲ့ပြန်ပိတ်ထားသည်။ Yunho လဲ ရင်ထဲဆစ်ခနဲနာသွားပေမယ့် Jaejoong ရဲ့အမူအယာလေးကိုမြင်တော့ သနားသလို ရီချင်လာသလိုဖြစ်လာ၍ စကားလမ်းကြောင်းပြောင်းပစ်လိုက်သည်။

ESTÁS LEYENDO
Couple Or Trouble (Completed)
Fanficမင်းဘဝမှာ လူတစ်ယောက်ကို တကယ်ချစ်ခဲ့ရင် သူ့ကိုကိုယ့်ဆီကနေ ထွက်ခွာသွားအောင် ဘယ်တော့မှ မလုပ်မိပါစေနဲ့...။ မင်းထက်သူ့အပေါ်ကောင်းနိုင်တဲ့သူကို သူတွေ့ရှိသွားလို့ မင်းကိုစွန့်ခွာသွားတဲ့တစ်နေ့မှ နောင်တရနေလဲအပိုပဲလေ...။ Yunho x...