Episode 11

2K 193 3
                                    

(Zawgyi)

ဒီနေ့ Jaejoong ရဲ့ပထမဆုံး အလုပ်ပြန်ဆင်းတဲ့ရက်..။ အတိတ်မေ့နေတဲ့ Jaejoong အရင်ကလုပ်ခဲ့တဲ့အလုပ်တွေကိုပါ မေ့နေတော့ ဘာလုပ်ရမှန်းမသိပဲ ဟိုတယ်ထဲသာ လျှောက်သွားနေသည်။ သူ့နောက်က သူ့အတွင်းရေးမှူးအသစ်စက်စက်လေး ယူဂျောင်းကတော့ နောက်ကနေတကောက်ကောက် လိုက်နေရတာပေါ့။

"ခွမ်း.."

"ဟာ Miyahae သူဌေး Kim ကျွန်မ မတော်တဆဖြစ်သွားတာပါ"

Jaejoong ဆီသို့ အလုပ်နဲ့ပတ်သတ်သော ဖိုင်တွေလာပို့သော Staff တယောက်က ကြောက်ကြောက်လန့်လန့်နဲ့ ပြန်လှည့်အထွက်တွင် စားပွဲပေါ်တင်ထားသော ပန်းအိုးကိုတိုက်ချမိကာ ကျကွဲသွားခြင်းဖြစ်သည်။ ကောင်မလေးလဲတုန်တုန်ယင်ယင်နဲ့ ပန်းအိုးကွဲစတွေကို လက်နဲ့ကောက်တော့ လက်ကိုရှသွားတော့သည်။

"ဟာ လက်နဲ့မကောက်နဲ့လေ သွေးတွေထွက်ကုန်ပြီ ထထ ဆေးထည့်ပေးမယ်"

Jaejoong က လူခေါ်တဲ့ Bell ကိုနှိပ်ကာ ပန်းအိုးကွဲစတွေကို လာရှင်းဖို့တယောက်ယောက်လာရန် လှမ်းခေါ်လိုက်သည်။ ထို့နောက်ရုံးခန်းထဲတွင် အရေးပေါ်ထားသော ဆေးသေတ္တာလေးကိုယူကာ ကောင်မလေးကို ဆေးထည့်ပေးဖို့လုပ်သည်။

"နည်းနည်းတော့စပ်မယ်နော်"

"Na..Nae သူဌေး Kim"

ကောင်မလေးကတော့ အိပ်မက်မက်နေသူပမာ သူ့ကိုဂရုတစိုက်ဆေးထည့်ပေးနေသော သူဌေး Kim ကို ကြောင်ကြည့်နေမိသည်။

"Knock Knock"

"၀င်ခဲ့ပါ"

သန့်ရှင်းရေးလုပ်ဖို့လာတဲ့ ၀န်ထမ်း၂ယောက်..။ သူတို့ကလဲ သူဌေးရုံးခန်းထဲဝင်ရမှာ ကြောက်ပြီး၂ယောက်ပူးကြီး လာကြတာဖြစ်သည်။ ၀န်ထမ်းကောင်မလေးလက်ကို ဆေးထည့်ပေးနေသော သူဌေးကိုမြင်တော့ ၂ယောက်လုံးအံ့ဩနေကြသည်။

"အဲဒီ့ပန်းအိုးအကွဲတွေကိုရှင်းဖို့ခေါ်ခိုင်းလိုက်တာ"

သူဌေးအသံကြားမှ ၂ယောက်သားအသိဝင်သွားကြပြန်သည်။ ထို့နောက် အသင့်ယူဆောင်လာသော တံမြက်စည်းဖြင့်သေချာလှဲကျင်းလိုက်သည်။ တယောက်က ဂေါ်ပြားကိုအဆင်သင့်ကိုင်ထားပေးသည်။

Couple Or Trouble (Completed)Where stories live. Discover now