(Zawgyi)
Yunho အံ့ဩစွာမေးတော့ အတွင်းရေးမှူးဟန်က တချက်စဉ်းစားပြီးမှ
"ဖြစ်နိုင်တာက သူဌေးKim အမေရိကားမှာနေတည်းက သူဌေးဆီပို့ဖို့လုပ်တာ အကြောင်းအမျိုးမျိုးကြောင့် နောက်ကျသွားတာ ထင်ပါတယ်"
Yunho လဲဆက်မမေးတော့ဘဲ ပါဆယ်ထုတ်ကိုယူက အိမ်ထဲသို့ဝင်လာလိုက်သည်။ အိမ်ထဲရောက်မှ ဖွင့်ကြည့်လိုက်တော့ ဖိုင်တခုနဲ့ CD တချပ်။ ဖိုင်ထဲတွင်စာချုပ်စာတမ်းတချို့နဲ့ ကျွန်းတကျွန်းရဲ့လှပသောဓာတ်ပုံအချို့။ Yunho လဲ ဖိုင်ကိုခဏချပြီး CD ကိုစက်ထဲထည့်ကာ ဖွင့်ကြည့်လိုက်တော့ သာယာလှပသောကျွန်းတကျွန်းကို သေသေချာချာရိုက်ပြထားပြီး ထို့နောက်မှ Jaejoong ရဲ့ပုံရိပ်ပေါ်လာသည်။
"Happy 6th Years Anniversary ပါ Yeobo
ကျွန်းလေးကမလှဘူးလားဟင် ငါမင်းအတွက် မင်္ဂလာသက်တမ်း ၆နှစ်ပြည့်အမှတ်တရအနေနဲ့ ၀ယ်ပေးထားတာလေ မင်းကကျွန်းပေါ်မှာ ဟိုတယ်ဖွင့်ရတာ သဘောကျတယ်မလား""အခုမှငါ့အကြိုက်သိတာ ဘာလုပ်ရမှာလဲ Jaejoong ရယ် အမြဲတမ်းမင်းစိတ်ကြိုက်ပဲ ငါနေလာရတာလေ"
Jaejoong ရဲ့ Video ကိုကြည့်ပြီး Yunho စကားတွေပြန်ပြောမိနေသည်။ အပြင်မှာသာဆို ဒီလို ပြန်ပြောရဲ့ပါ့မလား။
"ဒါနဲ့လေ ငါအမေရိကားမှာ သိခဲ့တဲ့သူဌေးမတယောက် သေသွားတယ် သူ့ယောင်္ကျားကသူ့အမွေတွေကိုလိုချင်လို့ သတ်လိုက်တာလေ မင်းကတော့ငါ့ကို အဲလိုမလုပ်ဘူးမလား အဲဒါကြောင့်ငါအခု သေတမ်းစာရေးထားတယ် ငါသေလို့တနှစ်ပြည့်တာနဲ့ ရှိသမျှပိုင်ဆိုင်မှုတွေအကုန်လုံးကို လူမှုအဖွဲ့အစည်းကို လှူပစ်မယ်လို့ ဒါမှတခြားလူတွေကလဲ မင်းကိုငွေမက်တယ်လို့ မထင်မှာလေ"
"ဟမ် ဘာပြောတယ် ငါကဘာတခုမှမရဘူးပေါ့"
Yunho တုန်လှုပ်သွားရသည်။ လက်မထပ်ခင်ကတော့ Yunho ဆီမှာ စီးပွားရေးလုပ်ငန်း ခပ်သေးသေးတခုပိုင်သော်လဲ Jaejoong နဲ့လက်ထပ်ပြီးတော့ ထိုစီးပွားရေးကို ပိုအောင်မြင်အောင် Jaejoong နာမည်နဲ့လွှဲယူပြီး တိုးချဲ့လုပ်ကိုင်ခဲ့တာ။ ပြောရရင်တော့ Yunho နာမည်နဲ့အလုပ်ဆိုတာ တခုမှမရှိ။ ဒီဟိုတယ်တောင် Jaejoong နာမည်နဲ့ပဲကို။
![](https://img.wattpad.com/cover/72332314-288-k113798.jpg)
YOU ARE READING
Couple Or Trouble (Completed)
Fanfictionမင်းဘဝမှာ လူတစ်ယောက်ကို တကယ်ချစ်ခဲ့ရင် သူ့ကိုကိုယ့်ဆီကနေ ထွက်ခွာသွားအောင် ဘယ်တော့မှ မလုပ်မိပါစေနဲ့...။ မင်းထက်သူ့အပေါ်ကောင်းနိုင်တဲ့သူကို သူတွေ့ရှိသွားလို့ မင်းကိုစွန့်ခွာသွားတဲ့တစ်နေ့မှ နောင်တရနေလဲအပိုပဲလေ...။ Yunho x...