Episode-4

1.7K 132 18
                                    

EPISODE-4

Yoona SM. Ent: ထဲမှထွက်လာပြီး သူမရဲ့ စီးတော်ယာဉ်ကားလေးထဲသို့ ဝင်လိုက်သည်....

ပြီးတော့... ကားနောက်ခန်းတွင် နေရာယူနေ သော... ဟန်းဘတ်အိတ်ကို တစ်ချက်ကြည့် ကာ ပြုံးလိုက်ပြီး......

Yoona- Sica Unnie ရေ... တစ်လလောက် တော့ ဒုက္ခခံလိုက်ပါဦး...

ဟန်းဘတ်အိတ်???
ဟုတ်တယ်လေ... အဲ့သည်နေ့... သူမတစ်ယောက်က လွဲရင် GG members တွေ အကုန်လုံး အပြင်သွားကြတဲ့ နေ့က သူမအဝတ်အစားတွေ အကုန် ထုတ်ပိုးပြီး...
သူ့မ ကားထဲထည့်ထားတာပေါ့......

အစကတည်းက Sica နဲ့ဘဲ သူမအချိန်ကို ကုန်ဆုံးမယ် ဆိုတာ အကြံအစည်ရှိပြီးသားပါ...

Sooyoung နဲ့ စကားများခဲ့တယ်ဆိုတာလည်း သူမ မခံစားနိုင်တော့လို့ ခဏတာ ပေါက်ကွဲသွား သွားတဲ့ သဘောပါဘဲ......

ဒီလို... ဖြစ်တာကို... ငိုယိုကာ ခံစားနေဖို့ သူမမှာ အချိန်မရှိ......

အဲ့ဟာကြောင့်... သူမ ငိုနေရာကနေ ရုတ်တရက် တောင်းပန်ပြီး... သူမ အခန်းထဲ ဝင်ကာ... Sica ဆီသွားဖို့ ပြင်ဆင်ခဲ့တာပေါ့...

အခုအချိန်မှာတော့... တစ်မိနစ် တစ်စက္ကန့် ဆိုတာ... သူမအတွက်... အရမ်းကို အဖိုးတန်တဲ့ အချိန်တွေဘဲလေ......

ဒီအချိန်တွေကို... ဒီလိုစကားများ စိတ်မကောင်း ဖြစ်ပြီးတစ်နေတာ ကုန်ဆုံးမဲ့အစား... Sica Unnie ဘေးနားဘဲနေကာ ကုန်ဆုံးစေချင် သည်...

မိန်းကလေး အများစုဟာ... သူတို့သေတော့မယ့် အချိန်... သူတို့ပြင်းထန်စွာ ရောဂါ ခံစားနေရတဲ့ အချိန်ဆိုရင် ဘာလို့များ... ကိုယ့်ချစ်သူ ဘေးနား က ထွက်ပြေးချင်ကြတာပါလိမ့်......

အကယ်၍ တစ်ယောက်ယောက်က မေးခဲ့ရင်...
Im Yoona ကရော ထွက်ပြေးမှာဘဲလား ??

အဲ့လိုမေးရင် Yoon ရဲ့ အဖြေကတော့ "No" တစ်လုံးဘဲ ထွက်လာမှာ လုံးဝသေချာပါတယ်...

ဟင့်အင်း... မပြေးပါဘူး ကိုယ်ချစ်သူ ဘေးနား ဘဲနေမှာပါ......

ဘယ်သောအခါမှ ထွက်ပြေးမှာ မဟုတ်ပါဘူး...

Sica Unnie က အတင်းတွန်းထုတ်ရင်တောင် Yoon က Sica Unnie ခန္ဓာကိုယ်ကို ကော်နဲ့ ကပ်ပြီး တောက်တဲ့လို တွက်ကယ်နေဦး မှာပါ...

Forever Love [Complete]Where stories live. Discover now