Episode-9

2K 133 17
                                    


EPISODE-9

လူခြေတိတ်ကာ… မှောင်မဲနေသော ညတစ်ည…

ညကားမှောင်မဲနေသော်လည်း… ကောင်းကင်ယံမှ… ကြယ်လေးများ၏ အလင်းရောင်နှင့်… လမင်းကြီး ၏ အလင်းရောင်တို့ကား… ညဆိုတဲ့ မှောင်မိုက် တတ်သော အရာကိုပင်… အလင်းဆောင်နေ လေရဲ့…
 
တောတောင်ထဲတွင် ဖြစ်၍… လူသူနှင့် မနီး… သော အိမ်လေးတစ်အိမ်…… စိမ်းလန်း စိုပြေနေ သော… သစ်ပင်လေးများ…… ရောင်စုံအစွမ်း ကုန်ပွင့်လန်းနေသော ပန်းပင်… ပန်းပွင့်လေး များက ထိုအိမ်လေးကို နေချင့်စဖွယ်… ဖြစ်နေစေ သည်… 

ညဘက်ဖြစ်လင့်ကစား… ပိုးစုန်းကြူး ကလေးများမြူးတူးပျော်ပါးနေကာ… ကစား နေကြသောကြောင့်… ထိုအိမ်လေးရှိရာ နေရာ သည်ကား… နေ့လေးအလား… လင်းထိန်နေ ပေသည်……

ထိုနေချင်စဖွယ် အိမ်လေးရဲ့အပြင်ဝရံတာတွင် တော့… ပိုးစုန်းကြူးလေးများ ကောင်းကင်ယံကို ကြယ်လေးများကို မျက်တောင်မခတ် ငေးကြည့် နေသော ကောင်မလေးတစ်ယောက်……

ကောင်မလေးမှာ အလွန်ကို ဖျော့တော့ပြီး မျက်နှာမှာလည်း ဖြူဖပ်ဖြူရော် ဖြစ်နေသည်… တစ်ချိန်က ပန်းနုရောင်လေး သန်းပြီး စွဲမက် ဖွယ် ရာ နှုတ်ခမ်းပါးလေးကလည်း အခုတော့… ခြောက်သွေ့ကာ… ဖြူဖွေးနေလေသည်… မျက်နှာ တစ်ခုလုံး သွေးပင် မရှိလောက်အောင်ကို ဖြူဖပ် လွန်းနေပါသည်…

ထိုကောင်မလေးမှာ ပိုးစုန်းကြူးလေးတွေကို ငေးနေစဉ်……

Voice- Unnie ya… မအိပ်သေးဘူးလား… အိပ်ကြစို့လေ ညတောင် အတော်နက်နေပြီ…

Girl- အင်း… ဒါဆိုလည်း အိပ်ကြမယ်လေ… Soojung လည်း ပင်ပန်းရောပေါ့… ငါ့ကို လာကြည့်ရ Schedule အတွက် လှုပ်ရှားရဆို တော့…

Krystal- ဟင့်အင်း…… Soojung က ဘာမှ မဖြစ်ဘူး… ဘာမှမပင်ပန်းဘူး… ပြီးတော့ အခုက Comback တွေ မရှိတဲ့ အတွက်လည်း မပင်ပန်းဘူး… Drama ကလည်း နားထားတယ် Variety Show တွေလောက်ဘဲ ရှိတာဆိုတော့ Soojung က ဘာမှ မပင်ပန်းဘူး…

Girl- Soojung လေးက အရမ်းကို ရင့်ကျင့် လာပြီဘဲ… Unnie တို့ ပထမဦးဆုံး တွေ့ဆုံ ခဲ့တုန်းကလို ကလေးလေး မဟုတ်တော့ဘူးဘဲ…

Forever Love [Complete]Where stories live. Discover now