တခါပြန်၍

904 73 6
                                    

' သခင်မလေး

မနက်စာ စားချိန်ရောက်ပါပြီ '

သူမ ပြတင်းပေါက်ဘေးတွင်ရပ်၍

မနက်ခင်းဝေလီ ဆိုလ်းမြို့ရဲ့အလှတရားကို
ပြတင်းပေါက်မှန်တံခါးကိုဖြတ်ပြီးအပြင်ကိုငေးမောကြည့်နေသည်
အမြဲတန်းအထီးကျန်စွာ အကျည်းတန်းလှသော
ဒီမနက်ခင်း USကနေဒီကိုပြောင်းလာပေမဲ့လဲ
ဘာမှမပြောင်းလဲသွားပေ

' သခင်မလေး hobie'

သူမထံက ဘာမှပြန်ပြောသံမကြားတော့
ဒုတိယတခါထပ်ခေါ်လာတဲ့ အခန်းအပြင်တံခါးပေါက်နားက
အိမ်တော်ထိန်းဦးလေးကြီးရဲ့ စိုးရိမ်မှုတွေစွတ်နေတဲ့အသံ

' nae '

သူမ ထပ်ပြီးနားမညီးစေချင်တော့၍ အသံပြု
လိုက်သည် မနက်ခင်းတိုင်းဒီလိုပဲ လာခေါ်နေ ကြပါ ရိုးအီနေပြီဖြစ်သည်  အိမ်မှာအိမ်တော်ထိန်းအပြင်အလုပ်သမားတွေအားလုံးစုစုပေါင်း၈ယောက်မကရှိသည် သူတို့အားလုံးနှင့် အလုပ်သမားမဟုတ်သည့် တယောက်သောသူ အားလုံးက သူမကိုရိုသေကြရသည် ကြောက်ရွံ့
ကြသည် သူမရဲ့အဖေတချက်လွတ်အာဏာ ကြောင့်ပါ  ဒါပေမဲ့လဲဒါတွေအားလုံးက သူမရဲ့အထီးကျန်မှုတွေကို နည်းနည်းလေးမှ မကုစားနိုင်ပါ သူမ မလိုချင်ပါ သူမလိုချင်တာက
တော့ သူမအဖေကိုအနီးနားမှာအမြဲရှိစေချင် တာပါ သူမအဖေရဲ့နွေးထွေးတဲ့ပြုစု စောင့်ရှောက်မှုတွေပါ  အခုလဲကြည့်
သူမမျှော်လင့်ထားသလိုမဟုတ် သူမကိုဆိုလ်းကိုပြောင်းလာဖို့ခေါ်တော့ သူမ
ပျော်သွားသည် အဖေနဲ့အတူနေရတော့မည်ဟု
သူမထင်ထားခဲ့သည် အခုတော့. . . .
သူမခုတင်ပေါ်မှာတင်ထားတဲ့ကျောင်းဝတ်စုံကို
ကောက်ကာ လဲဝတ်လိုက်သည် အပြင်အဆင်လေးအနည်းငယ်လုပ်ပြီးမှ ကျောပိုးအိတ်လေးကိုဆွဲကာ အခန်းပြင်သို့ ထွက်လာသည်
သူမအတွက် အမြဲတန်း ချောက်ကပ်လှသည့် မနက်စာထမင်းဝိုင်းလေး မီးဖိုချောင်ထမင်းစားခန်းလေးထဲတွင် စားပွဲရှည်
ကြီးရဲ့ထိပ်ဆုံးနေရာမှာသူမတစ်ဟောက်တည်းသာ
ချပေးထားတဲ့ မနက်စာကိုစိတ်မပါတပါသူမစား
နေသည်

' ဟို တကောင်ကော '

ဘေးမှာရပ်သော အိမ်တော်ထိန်းကိုသူမအစား
မပျက်ဘဲမေးလိုက်သည်

Till the endWhere stories live. Discover now