အခုက?
ကျောင်းနောက်ဘက်က သစ်ပင်အိုကြီး ခြေရင်း မှာ
သူTaehyungကရော?
အခုကျွန်မပေါင်ပေါ်သူလှဲအိပ်နေတယ်လေ
မိုးပေါ်ကသစ်ပင်သစ်ကိုင်းကြားကနေ မြင်နေရတဲ့ ကောင်းကင်ပြာပြာကြီးကိုမျက်နှာ မှုထားရာကနေ ပေါင်ပေါ်အိပ်နေတဲ့သူမျက်နှာ ကိုငုံ့ကြည့်လိုက်တယ်
တကယ်ပါ အိပ်ချင်ယောင်ဆောင်နေတာ
လှုပ်စိလှုပ်စိ မှိတ်ထားတဲ့မျက်ခွံလေးတွေက သက်သေပြလို့နေတယ်
အဲ့လိုပဲ မျက်လုံးမှိတ်ထားပါစေ
အခုချိန် မျက်လုံးချင်းတင်မက တယောက်မျက် နှာတယောက်ကြည့်နေဖို့တောင် ရှက်နေကြ တယ်
စောနက ပထမဆုံးအကြင်နာကိုဖန်းတီးခဲ့တာ မဟုတ်လား
ဖြူစင်လှတဲ့ အရိုးရှင်းဆုံးနှုတ်ခမ်းချင်းထိကပ် တာတောင် ဒီလောက်ရှက်မိနေရင်
ရှေ့ဆက် ဘယ်လိုလုပ်ရမလဲတောင်မသိ တော့ဘူး
အမှန်တကယ်က ကျွန်မဘက်ကမှားတာပါ
ကျွန်မစိတ်တအားလောသွားလားမသိပေမဲ့
ကျောင်းလာတဲ့တလမ်းလုံး Jiminလေးပြော တဲ့ ချစ်သူရည်းစားပုံစံအဆင့်ဆင့်ကို နားထောင် မိပြီး မျက်နှာတွေပူနေခဲ့တာ
First kiss, last kiss စသဖြင့်အကြင်နာပေး တဲ့ပုံစံတောင် ဘယ်လိုဆိုပြီး ပြောနေတာ
သူကိုမြင်တော့ သူ့နှုတ်ခမ်းလေးကိုကြည့်မိပြီး စိတ်ထဲမှာ ပူလောင်လို့နေခဲ့တယ်အဲ့ Jiminကဒါတွေကို ဘယ်လိုဖြစ်ပြီးသိနေ တာလဲ သိသလောက်တခါမှရည်းစားမရှိခဲ့သလိုပါပဲ
အချိန်ကြာထိကပ်ထားတဲ့နှုတ်ခမ်းတွေကိုခွာ လိုက်ရင်း တယောက်မျက်နှာတယောက်မ ကြည့်ရဲကြ
သူ့မျက်နှာလဲ ရဲနေတယ်ဆိုတော့ သေချာတယ်
ကျွန်မမျက်နှာသည်လဲ သူလိုဟင့်အင်းသူ့ မျက်နှာထက်ပိုပြီး ရဲတွတ်နေမှာသေချာပင်
အခုချိန် အခန်းထဲပြန်ရင်လဲ ခရမ်းချင်သီးလာ ရောင်းတဲ့ စုံတွဲလို့အမှတ်ပေးခံရလိမ့်မယ်
အဲ့မှ ပိုအရှက်ကွဲမှာအခုလိုဒီမှာထိုင်နေတာ စာသင်ချိန်တချိန်ပြီး နေလောက်ပြီ
ထိုင်ချလိုက်ချင်းချင်း ပေါင်ပေါ်တန်းကနဲနေရာ ယူ ခေါင်းထားမျက်လုံးမှိန့်နေတဲသူ
အိပ်လဲမပျော်ဘဲနဲ့တွေးမိရင် ကြည်နူးနေပြန်တယ်
သူကော ကျွန်မကောရှက်နေတဲ့အကြောင်းရင်း ကဒါက first kiss ဖြစ်နေလို့ပေါ့နော်