V's pov
'' မင်းအမေသေတာ မင်းကြောင့်
မင်းအမေသေရတာမင်းကြောင့်. . . . . . ''
'' အားးးးး ''
အိမ်မက်ဆိုး တကယ့်အိမ်မက်ဆိုးပဲ
မေ့ပျောက်လိုက်ပြီးကြာမှ ပြန်ခြောက်လန့်ခံနေ
ရတယ် ဘယ်လောက်တောင်မေ့ဖျောက်နိုင်
အောင်ကြိုးစားခဲ့ရသလဲ ဒေါသတကြီးနီရဲနေတဲ့
သူ့မျက်နှာ သားဖြစ်သူကိုကြမ်းပြင်ပေါ်ကိုစောင့် တွန်းပြီး မျက်လုံးပြူးလက်ညိုးထိုးပြီး အော်ဟစ်
ပြီးပြောခဲ့တာ နီရဲနေတဲ့အဲ့မျက်လုံးအကြည့်တွေကိုမမေ့
နိုင်ခဲ့တာ နေ့စဉ်နေ့ရက်တိုင်းခြောက်လန့်ခြင်းခံ
ခဲ့ရတာ။သူ့ကိုတလှည့်ဆေးရုံကုတင်ပေါ်က
အဝတ်ဖြူစောင်လေးအုပ်ထားတဲ့မေမေ အလောင်းကိုတချက် ကြည့်ပြီးဘယ်
လောက်တောင်ကြောက်ရွံ့နေခဲ့ရလဲ။ကျောင်း
ဆင်းလို့ကားDriverလာခေါ်တာ အိမ်ကိုမသွား
ဆေးရုံကိုရောက်မှသိတယ်။ကုတင်ပေါ်မှာငြိမ်
သက်နေတဲ့မေမေဘေးမှာ ခေါင်းငုံ့ပြီးတရှုပ်ရှုပ်ငို နေတဲ့ သူ ဖေဖေ။ဘာမှမသိခဲ့ဘူး မင်းအမေဆုံးသွားပြီတဲ့ ။မဖြစ်နိုင်တာ ။
မနက်ကတင်အကောင်း
သူမလုပ်ပေးတဲ့ မနက်စာထမင်းပူပူလေးကို
အရသာရှိရှိစားခဲ့ရသေး ကျောင်းမသွားခင်နဖူး
ထက် သူမအနမ်းပေးခဲ့သေး သူမပါးနှစ်ဖက်ကို
လဲပြန်နမ်းခဲ့သေးတယ် ဘယ်လိုဖြစ်သွားတာလဲ
ဘယ်လိုမှနားမလည်ခဲ့ဘူး နားမလည်လွန်းစွာ
အသံအောင့်ငိုနေတာကို သူတွေ့သွားပြီး
ဒေါသတကြီးသူလုပ်ရက်ခဲ့တယ်။ဒါပေမဲ့ဒေါသတကြီးသူ့မျက်ဝန်းထဲမှာကြေကွဲဝမ်းနည်းမှုတွေနဲ့မျက်ရည် တွေအဆက်မပြက်ကျနေခဲ့တာ'' မင်းကြောင့်တဲ့. . .'' မေမေဒီလိုသေရတာကျွန်
တော်ကြောင့်တဲ့. . . '' နှလုံးရောဂါ '' အဲ့ဒီရောဂါ
အဲ့နှလုံးရောဂါနဲ့သေတာ ကျွန်တော်ကြောင့်တဲ့
ကျွန်တော်ဘယ်လိုလုပ်ရမလဲ. . . .'' ဟီး. . .ဟင့်. . . အင့် ''
အခုကျွန်တော်ဘယ်လိုလုပ်ရမလဲ
နားထဲမှာကြားယောင်နေတာက ညနေမိုးချုပ်
တုန်းကလာပြောသွားတဲ့Jiminieရဲ့စကား
'' သူမမှာ နှလုံးရောဂါရှိတယ် '' တဲ့
အဲ့စကားကြားကြားချင်း ဘယ်လောက်တောင်
စွန့်အသွားခဲ့ရသလဲ
အတိတ်ကဖြစ်ရပ်ဆိုးတခုကို ပြန်လှုပ်ခက်ခံရ သလိုပဲ . . .
အဲ့ကြောင့်မို့ သူမကကျွန်တော့်ကိုငြင်းဆိုခဲ့တာ တဲ့။သူမအပေါ် နားကျည်းနေတဲ့စိတ်တွေပြေ ပျောက်သွားတယ်။ မုန်းတီးယောင်ဆောင်နေတဲ့စိတ်တွေပြေလျော့ကုန်တယ်။ဒီကြားထဲမှာလွမ်းမောနေတဲ့နာကျင် စရာကောင်းတဲ့စိတ်တွေကိုဖြေသိမ့်ခွင့်ရခဲ့တယ်။သူမလဲကျွန်တော်ကိုလက်ခံတယ်ဆိုတဲ့အသိက ဘယ်လောက်တောင်ကျေနပ်စေသလဲ
ဘယ်လောက်တောင်ပျော်ရွှင်စေသလဲ
ကျွန်တော့်အချစ် သူမအချစ် ထပ်တူကျနေခဲ့တာပဲ. . .
ဒါ. . .ဒါပေမဲ့ဟာ
ဘာဖြစ်လို့လဲ ဘာဖြစ်လို့လဲကွာ. . .
ကြောက်မိတယ် တကယ်ကြောက်မိနေတယ်
မေမေ မေမေ့လိုဖြစ်မှာကို. . . .