Her

378 46 2
                                    

ကျွန်တော်ချစ်သူလေးHobie
တကယ်တော့ ထင်မထားတာထက်ကိုသူမက
သတ္တိရှိလို့နေတယ်
ကျောင်းတွင်း ကျွန်တော်လက်ကိုကိုင်ဆွဲပြီး
သူလျှောက်သွားရဲတယ်
ကျွန်တော့်မှာသူမကြိုက်မှာဆိုး၍ ဘာမှမြန်ဆန် ဇွက်မတင်းမလုပ်ရဲဘူး
အမှန်ဆို ကျွန်တော်နဲ့သူက ရှေးဘဝရေစက်
အင်းးး ဒါမှမဟုတ် ချစ်တဲ့သူတွေဖြစ်ခဲ့ကြလို့ ပဲလားမသိဘူး
မြင်မြင်ချင်း မျက်ဝန်းအချင်းချင်းစကားပြောရာ ကနေသံယောဇဉ်တွေ ဖြစ်ခဲ့ကြတာပဲမဟုတ်လား
သူမဘာကြိုက်လဲ ဘယ်အရာတွေကို သူမမကြိုက်ဘူးလဲ အားလပ်ချိန်သူမဘာလုပ် လဲ သူမဘယ်အစားစာတွေကြိုက်လဲ
သူမဘာတွေမစားဘူးလဲ စသဖြင့်
ကျွန်တော်ဆိုတဲ့ Taehyungဘာတခုမှမသိ တာအမှန်ပါ
ဒါပေမဲ့ ကျွန်တော်သိအောင်လုပ်မှာပါ
ကျွန်တော်နဲ့ သူမHobieရဲ့ရင်ထဲကရင်ခုန်သံ တွေကထပ်တူကျနေခဲ့ပြီပဲ အချင်းချင်းချစ်ကြိုက်နေခဲ့ပြီပဲ ဘာလိုသေးလဲ ကျန်တဲ့အရာအားလုံးကို ဒီအချစ်စွမ်းအားနဲ့ပဲ ဖြေရှင်းသွားမယ်
ပြဿနာတွေတက်ခဲ့ရင်လဲ ခနပေါ့
နောက်တော့ ကျွန်တော့်ဘက်ကပဲအရင်စချော့ ပြီး အလျော့ပေးမယ်
နောက်ရင်ခွင်ထဲပွေ့ဖက်ထားမယ်
ခနနေ သူမလက်တွေလဲ ကျွန်တော့်ကိုယ်ပေါ်
ပြန်ယှက်တင်လာမယ်
အဲ့ချိန်ကျွန်တော် ပြုံးလိုက်ပြီးခနငြိမ်နေလိုက် မယ်
နောက်တော့ ကိုယ်လေးခွာပြီးသူမနဖူးပေါ်
အနမ်းတပွင့်ချွေမယ် ခနလေးမဟုတ်ဘဲအကြာ ကြီးထိကပ်နမ်းထားမယ်
သူမလဲမျက်လုံးလေးမှိက်ပြီးခံနေမယ်
ဘယ်လောက်ကြည်နူးစရာကောင်းလဲ

ကျောင်းမှာလဲသူမနားတချိန်လုံးကပ်နေနေပြီး
သူမလက်ကိုတွဲပြီး တကျောင်းပက်လျှောက် သွားမယ်
အရင်ကျွန်တော့်ကိုကြွေခဲ့တဲ့ ကျွန်တော်ရှုပ်ခဲ့တဲ့မိန်းကလေးတွေ ကို ဒါကျွန်တော့်တဘဝလုံးစာချစ်သူပါလို့
သူမလက်ကိုရဲရဲဆုပ်ကိုင်ပြီး သက်သေပြမယ်
မကျေနပ်သေးရင်လဲ သူမပါးလေးကိုနမ်းပြ လိုက်မယ်
နောက်သူမရှက်ပြီး ထွက်ပြေးသွားမယ်
ကျွန်တော်က သူမနောက်အပြေးလိုက်ပြီး
ချော့ပြန်ဦးမယ် ရဲနေတဲ့သူမပါးပြင်လေးကိုလက်လေးနဲ့ခပ်ဖွဖွအုပ်ကိုင်ပေးပြီး နဖူးထပ်အနမ်းလေးထပ်ချွေ မယ်
ကျောင်းနောက်က သစ်ပင်အိုကြီးအောက်မှာ နေပြီး ကျွန်တော်က စာဖက်နေတဲ့သူမပုခုံးပေါ်
ခေါင်းမှီအိပ်စက်နေမယ်
စာသင်ချိန်ဆိုရင်လဲ ဆရာမမသိအောင် တစ်ခုံ
ကျော်ကသူမကို အကြင်နာစာလေးတွေရေးပြီး
ပစ်ပေါက်ပြီးပို့မယ်
သူမကစာကိုဖက်ပြီး ကျွန်တော့်ဘက်လှည့်ပြီး နှုတ်ခမ်းထက်အချိုဆုံးအပြုံးတွေပြုံးနေမယ်
စာသင်နေတဲ့ဆရာမ မသိအောင် သူမကို တနည်းနည်းနဲ့သတိ ထားမိအောင်လုပ်ပြီး
မျက်စပစ် မျက်လုံးတဖက်မှိက်ကာ အမျိုးမျိုး စနေမယ်
စာသင်ချိန်မို့ မျက်စောင်းလေးတွေထိုးနေတဲ့ ကြားကသူမ ကြိတ်ပြုံးပြုံးနေလိမ့်မယ်
ဆရာမမဝင်သေးရင် စာသင်ချိန်အားနေခဲ့ရင်
ခုံမှာစာဖက်နေတဲ့သူမနား ခုံဆွဲထိုင်ကာစာရှင်း ပြခိုင်းရင်း သူမမျက်နှာလေးကိုခိုးကြည့်နေမယ်
အိမ်ပြန်ချိန်လမ်းခွဲကြရင်လဲ နှုတ်ဆက်အနမ်း လေးအဖြစ် နဖူးအထက်အနမ်းတွေချွေမယ်
ရှပ်ရမ်းရမ်းကာ ကားထဲဝင်သွားတဲ့သူမကို
ကားထွက်လို့မြင်ကွင်းထဲပျောက်ကွယ်သွားတဲ့အထိကြည့်ပြီးမှ ကျွန်တော့်အိမ်ဘက်ကိုလှည့်ပြန်မယ်
ညဘက်ဆိုရင်လဲ ph video callလေးတွေခေါ် ပြီးသူမမျက်နှာတစိပ်စိပ်ကြည့်ကာ စကားပြောမယ်
ရှက်လွန်းလို့ဖုန်းချသွားတဲ့သူမကို messagလေး တွေပို့ပြီးထပ်စမယ်
နောက်ဆုံး ညအိပ်ရာဝင် good night kiss
ပုံလေးတွေပို့ပြီး နှုတ်ဆက်မယ်
ဒါမှမဟုတ်ဖုန်းထဲကနေ kiss. . .
အိမ်မက်ထဲထိ သူမကိုခေါ်တွေ့သွားမယ်

Till the endWhere stories live. Discover now